Macbooks – Finally they are out!

စောင့်ခဲ့ရတာ ၇လ ၈လလောက်ရှိတော့မယ်။ အခုမှပဲ မက်ဘွတ်ခ် အသစ်တွေထွက်တော့တယ်။ ကျွန်တော့်မှာတော့ … အဲ့ဒီကောင်တွေ ထွက်မလားထွက်မလား စောင့်ရင်း ရှိတဲ့ .. ပိုက်ဆံလေး ကုန်သွားတယ်။ ကြားထဲမှာ ၀ယ်လိုက်တဲ့ Compaq တစ်လုံးနှင့် သောင်တင်ပြီး ကျန်ခဲ့တာပဲ အဖတ်တင်တယ်။

အသစ်ထွက်တဲ့ .. မက်ဘွတ်ခ်တွေ အကြောင်းကို ကျွန်တော် detail မရေးတော့ပါဘူး။ ( နောက်ပိုင်း ဘယ်သတင်းမှ အသေးစိတ်မရေးတာ အကောင်းဆုံးပဲ၊ ကျွန်တော့်ရဲ့ ပေါက်ကရဘာသာပြန်ကို ဖတ်မဲ့အစား ဘိလပ်လိုရေးထားတဲ့ သတင်း အော်ရီဂျင်နယ်ကိုသာ အားပေးသင့်ပါတယ်။ ) ပိုပါး .. ပိုမြန်၊ ဂရပ်ဖစ် မဟားဒယား ပိုကောင်းလာပြီး၊ Benchmark တွေအရ အကောင်းဆုံး ဂိမ်းကစားနိုင်တဲ့ Laptop လို့တောင် ပြောနေတာကို တွေ့ရပါတယ်။ အလျူမီနီယမ်ကို အပြည့်အ၀ … တစ်သားတည်း ဖြစ်အောင် အင်ဂျင်နီယာ ကောင်းကောင်းနဲ့ တည်ဆောက်ထားလို့ ခိုင်ခန့်ပြီး .. သူ့ရဲ့ Glass “LED” Display ကလည်း နဂိုကထက် ပိုမို လင်းလက် တောက်ပြောင်နေပါတယ်။ Multi-Touch တပ်ခ်ျပဒ် … ကလည်း ပြောစရာမလိုအောင် အသုံးဝင်ပါတယ်။ အသစ်ထွက်မဲ့ Snow Leopard ရဲ့ OpenCL, GrandCentral စတဲ့ အဆင့်မြှင့် … API တွေ.. Code Base တွေနှင့် ပေါင်းစပ်လိုက်ရင် .. အကောင်းဆုံး Laptop တစ်လုံးလို့တောင် ပြောလို့ရနေပါပြီ။ … Firewire မပါတာ၊ Glass ကြောင့် အနည်းငယ်ပိုလေးသွားတာ၊ အစရှိတဲ့ ပန်းသီးရဲ့ ထုံးစံအတိုင်း အူကြောင်ကြောင် ပြဿနာတွေကိုတော့ လက်ခံပေးနိုင်ရပါမယ်။

ကျွန်တော် ကတော့ လက်ရှိကာလ မွဲသွားတဲ့အတွက် ဘာမှမ၀ယ်နိုင်သေးပါဘူး။ ကျောင်းက ငွေချေးပြီး ၀ယ်ရင်ကောင်းမလားလို့တော့ စဉ်းစားနေပါတယ်။ ကြည့်ကြသေး တာပေါ့ဗျာ။ သေချာတာတစ်ခုကတော့ မက်ဘွတ်ခ်တစ်လုံး အတော်လေး လိုအပ်နေတယ်ဆိုတာပါပဲ။

ဈေးကတော့ စလုံး ၁၉၀၀ ၀န်းကျင်ကနေ … ၃၈၀၀ လောက်ထိရှိပါတယ်။ ဘာညာ discount တွေ ရှာဝယ်ပေါ့ဗျာ။ =x


Cheers,
-W

  • Share/Bookmark

9th Sep Special Event and Me

ပန်းသီးကုမ္မဏီ၏ မနက်ဖြန်တွင်ကျင်းပမည်ဖြစ်သော အထူးရှယ် … Music Event ကို ပရိသတ်အများကစောင့်မျှော်နေကြသည်။ အိုင်ပေါ့ အသစ်တွေ ထွက်မည်ဟု ကောလဟလ ထွက်ရုံမက တစ်ချို့ဆိုက်များတွင် ဓါတ်ပုံတွေတောင် ပြန့်နေပါပြီ ။

အိုင်ဖုန်း သတင်းတွေ ထွက်မည် ( ဥပမာ – Firmware 2.1 ) ဟုလည်း ကြားနေရပြီး လူတိုင်းက ဘာလဲဘာလဲ ဖြစ်နေကြ၏။ iTunes 8 အကြောင်းလည်း သတင်းလှန့်ထားတာတွေ့ရသည်။

ဘယ်လိုပဲပြောပြော ကျွန်တော်ကတော့ တစ်လုံးမှ ၀ယ်ဖြစ်ဦးမည် မဟုတ်။ အသစ်ထွက်မည့် ကွန်ပျူတာကို စောင့်မျှော်နေပြီး ရသမျှ ပိုက်ဆံ ကုတ်ကပ်စုနေမိ၏။ မက်ခ်သတင်းကို စောင့်မျှော်နေတဲ့ သူများအတွက်တော့ မနက်ဖြန်ဟာ စိတ်လှုပ်ရှားစရာမကောင်းပါ။ အောက်တိုဘာလထိ စောင့်ရန်အကြံပေးထားသည်များကို အွန်လိုင်းပေါ်တွင်တွေ့ရပါသည်။ ကျွန်တော်တို့တတွေ သစ်ကုလားအုတ်ဖြစ်မှ မက်ခ်ဘွတ်ခ်အသစ်တွေ ထွက်မည်ထင်ပ။

အတန်းထဲတွင် လူအများ၏ အပြစ်တင်ခြင်းကိုလည်း ခံနေရကြောင်း သတင်းကောင်းပါးလိုပါသေးသည်။ ကျွန်တော့်၏ မိုက်မဲစွာ မက်ခ်ဘွတ်ခ်ကို သူများပေးလိုက်ကာ ပီစီသုံးနေသည့် အပြစ်ကို ၀ိုင်းရှုတ်ချသူများလည်း ရှိသေးသည်။ သေချာတာ တစ်ခုက ၂နှစ်လောက် Keynote သုံးပြီးလျှင် Powerpoint သုံးရသည်မှာ မချစ်မနှစ်သက်သော ဆေးခါးကြီးကို နှာခေါင်းပိတ်ပြီး မျိုချရသည်နှင့်တူနေပေသည်။

Pages, CSSEdit, Expose, Spotlight တို့မရှိသော အခြေအနေမှာ ဒီဇိုင်နာတစ်ယောက်ကို ကီးဘုတ်သာသုံးရမည်ဟု ပညတ်ထားသလိုပင်။
သေချာတာ တစ်ခုကတော့ ကျွန်တော် နောက်ထပ်လအနည်းငယ် ခံစားရဦးမှာပါပဲ။

Zzzzz

Regards,
-W

  • Share/Bookmark

Macless Syndrome

ကျွန်တော့်ကို မက်ခ် သတင်းတွေ၊ ဆောင်းပါးတွေ မရေးလို့ … စောင့်နေကြတဲ့ ( perhaps ) .. စာဖတ်သူတွေ အတွက် သတင်းဆိုး၁ခုရှိပါတယ်။ အဲ့ဒါကတော့ ကျွန်တော့်မှာ မက်ခ်ကင်းတော့်ခ်ျ ကွန်ပျူတာမရှိတော့တာ ၃လ ပြည့်ပါတော့မယ်။ အဲ့လို ကွန်ပျူတာမဲ့ဘ၀ရောက်သွားရတဲ့ အကြောင်းအရင်းကိုတော့ ဖွင့်ဟမပြောလိုတော့ပါဘူး။

သေချာတာကတော့ ကျွန်တော်အခု ပီစီ ၁လုံး ယာယီသုံးနေတယ်ဆိုတာပါပဲ။ Brand ကတော့ ကွန်းပက်ခ်ပါ။ HP ရဲ့ လက်အောက်ခံဆိုပါစို့။ အခုလို စက်တင်ဘာကာလ .. ပန်းသီး ကွန်ပျူတာတွေ ဈေးချတဲ့အချိန်မှာ ဘာလို့ ကျွန်တော် … မက်ဘွတ်ခ်ပရို.. ၁လုံး ပြန်မ၀ယ်ဖြစ်လိုက်လဲဆိုတဲ့ မေးခွန်းကို ဖြေကြားမျှဝေချင်ပါတယ်။ =x

- 1 – တစ်ခုက .. အခုလက်ရှိ မက်ဘွတ်ခ်ပရိုတွေဟာ နည်းနည်း အောက်ဒိတ်ဖြစ်နေပါပြီ။ … ဒီဇိုင်းအားဖြင့်လည်း အရင် PowerBook နှင့် ချွတ်စွတ်တူနေတာ နှစ်ပေါင်းမနဲတော့ပါဘူး။ ပရိုဆက်ဆာတွေ ချစ်ပ်စဲတ် တွေဟာလည်း … သူများတွေနဲ့ယှဉ်ရင် နောက်ရောက်နေတယ်လို့ထင်ပါတယ်။ ဥပမာ Fujitsu, Acer, Dell တို့အားလုံး Montevina သုံးနေကြတဲ့အချိန်မှာ သူတို့က …. အရင်ဟာတွေပါပဲ။

- 2 – စက်တင်ဘာကာလ နောက်ဆုံးပတ်လောက်ထိအောင် ရှိနေတဲ့ Back To School ပရိုမိုးရှင်းဟာ အင်မတန် တန်၊ ဈေးသက်သာသော်လည်း တစ်ဖက်ကကြည့်ရင် အဟောင်းတွေ အကုန်.. stock ရှင်းလိုက်တာပါပဲ။ ကျွန်တော်ကတော့ personally လွန်ခဲ့တဲ့၂နှစ် .. ဒီလိုအကွက်ကောင်းမျိုးနဲ့ ၀ယ်ဖူးတော့.. သိနေပါပြီ။ နောက် ၁လ ၂လ ကြရင် .. ပစ္စည်းအသစ်တွေ ထွက်တော့မယ် ဆိုတာ။ ဒီနေရာမှာ … Cost-sensitive customers တွေအတွက်တော့ ရွေးချယ်စရာ နှစ်ခွဖြစ်မနေလောက်ပါဘူး။ ပရိုမိုးရှင်းကြိတ်လိုက် ပြီးရောဆိုပြီး .. တွေးနေမယ်ထင်ပါတယ်။

- 3 – ဒါနဲ့ ကျွန်တော် ပထမ လမ်းစဉ်ဖြစ်တဲ့ .. စောင့်ဆိုင်းရမဲ့ လမ်းကို ရွေးလိုက်တယ်။ (ကျောင်းက ပိုက်ပိုက်ချေးမယ်ဆိုတော့ .. ပျော်ပျော်ပါးပါးကြီးစောင့်တာပေါ့ဗျာ ) ၂လ ရှိပြီ ပေါ်မလာသေးဘူး။ အောက်တိုဘာလဆန်းမှထွက်မယ်လို့လည်း ကြားတယ်။ နောက်ဆုံးအဲ့လောက်ကြာနေတဲ့အဆုံး ကျွန်တော် ကွန်ပျူတာတစ်လုံး ယာယီဝယ်ဖို့ ဆုံးဖြတ်လိုက်တယ်။

- 4 – အပေါတကာ့အပေါဆုံးတွေ လိုက်ရှာတာပေါ့။ eBay, Y! Auctions, Hardware Zone အပါအ၀င် .. Sim Lim က ဆိုင်တွေအဆုံးလိုက်ရှာတာ တွေ့သင့်သလောက်တော့ တွေ့သဗျ။ ကျွန်တော်က ၈၀၀ တန် လက်ပတော့လိုက်ရှာတာ။ ပြီးတော့ ပရောဂျက်တွေ၊ အလုပ်တွေလုပ်ဖို့လည်း … ကိုက်အောင်ဆိုပြီး Requirements ကလည်း မြင့်သေးတယ်။ အဲ့တော့ လွယ်လွယ်နဲ့တော့ မရလိုက်ဘူး။ နောက်ဆုံးဖြစ်ချင်တော့ သုံးမျိုးသွားတွေ့တယ်။ EEE pc 1000h, Acer Extensa 4620, Lenovo, Compaq ဆိုပါစို့။

- 5 – နောက်ဆုံး .. build လည်းကောင်း၊ ပစ္စည်းလည်းစုံ၊ အသစ်ချပ်ချွတ် HP က ကိုယ်တိုင်ရောင်းတဲ့ .. လက်ပတော့ဖြစ်တဲ့ Compaq ၁လုံးရလိုက်တယ်။ … ဟို ပလက်စတစ်သားနဲ့ Acer ကိုတော့ ဖယ်လိုက်တယ်။ စိတ်ဝင်စားရင် လူပါရိုက်သတ်လို့ရတဲ့ Lenovo လည်း ရှောင်လိုက်တယ်။ ပရိုဆက်ဆာမြန်သော်လည်း အလုပ်မတွင်တဲ့ EEE pc လေးကို ဖယ်လိုက်တယ်။ ( ပိုက်ဆံရှိရင်တော့ အဲ့ဒါမျိုးတစ်လုံး ၀ယ်ထားသင့်တယ်။ အရမ်းပေါ့ပြီး အဆင်ပြေတယ်ဗျာ။ )

အဲ့ဒါနဲ့ … သွားတာ့တာပဲ .. ကျွန်တော့်မှာ လောလောဆယ် Vista Premium ကြီးနဲ့ stuck ဖြစ်။ ဒိုမိန်းလည်း ဂျွိုင်းမရ ဘာမရနှင့်၊ အင်း.. နောက်ဘယ်၂လလောက်ထပ်ပြီး စောင့်ရမလဲမသိဘူး။ အိုင်ဖုန်းကလည်း SingTel ပြုသမျှ ခံနေရတော့ .. သွားမလျှောက်ချင်ဘူး။ .. iFlexi ဆိုတဲ့ ပလန်တွေက …. iBankrupt လို့တောင် ပြောလို့ရတယ်။ .. ကြောက်ဖို့ကောင်းလောက်အောင် ဈေးကြီးတယ်ဗျိုး … ။

Regards,
-W

  • Share/Bookmark

Vista & .Net Framework 1.1

ကျောင်းလေး ၁ခါတက်မိပါတယ်။ အဲ့ဒီ Vista နှင့် အဆင်မပြေတဲ့ .. ဆော့်ဖ်ဝဲပြဿနာတွေကို အရင်ရှင်းနေရတာက ဆိုးသဗျာ။ အထူးသဖြင့် Framework 1.1 issues တွေပေါ့။ မိုက်ခရိုဆော့ဖ်ကနေ တရားဝင်ဒေါင်းလုပ်လုပ်လိုက်တဲ့ dotnetfx.exe ( ၁.၁ ဖရိမ်ဝုတ် ) က သွင်းလို့ရတဲ့ စက်တချို့မှာတော့ ရကောင်းရပါတယ်တဲ့။ ကျွန်တော့်စက်ကတော့ ထို သွင်းမရတဲ့ 99 ရာခိုင်နှုန်းသော စက်တွေထဲမှာ ပါသွားလားမသိ။ Error တွေ တဖုန်းဖုန်းနဲ့ အဓိကက Regsvcs.exe exception ပြဿနာပါ။

ဂူဂယ်လိုက်တာ .. နာမည်ကြီး .. mydigitallife ရဲ့ ဆိုက်မှာ အဖြေကိုသွားတွေ့တယ်။ သူ့ဆိုက်ကိုပဲ လင့်ခ်ပေးလိုက်တော့မယ်။ အဲ့ဒီလိုမျိုးပြဿနာနှင့် ကြုံပြီဆိုရင် တစ်ချက်ကြည့်လိုက်သင့်တဲ့ နေရာတစ်ခုပါ။ ကျွန်တော့်ဟာတော့ နောက်ဆုံးအဆင်ပြေသွားပါတယ်။

အားလုံး ဗစ်စ်တာနှင့် စိတ်ချမ်းသာကြပါစေ။

—–
p/s

နောက်ဆုံးထွက်တဲ့ Get A Mac ကြော်ငြာသုံးခုကိုလည်း သွားအားပေးလိုက်ပါဦး အချိန်ရရင်။ Pizza box ထဲ ၀င်နေတဲ့ PC နှင့် … Vista ရဲ့ ဒုက္ခတွေကို ဖြေရှင်းပေးမဲ့ .. ရေနွေးကြမ်းရောင်းနေတဲ့ အဆိုပါ .. foody ads တွေဟာ တစ်ခါထက်တစ်ခါ ကောင်းလာသလိုပါပဲ။ ဒါမှမဟုတ် ကျွန်တော်တို့ရဲ့ သဘောထားတွေ တစပြီးတစ လမ်းပြောင်းသွားတာလည်း ဖြစ်နိုင်ပါတယ်။ =D

Chill out,
-W

  • Share/Bookmark

Cloudy AppStore

ကျွန်တော် ကျောင်းကိတ်စ၊ အလုပ်ကိတ်စ၊ လ.၀.က ကိတ်စတွေနှင့် လုံးနေရပြီး စာမရေးနိုင်တာကြာပေါ့။

ဒါပေမယ့် ဒီတစ်ပတ် အသစ်တွေထွက်လာတဲ့ AppStore ကသိပ်စိတ်ဝင်စားဖို့ကောင်းနေပြီး စင်္ကာပူမှာရှိတဲ့ အိုင်ပေါ့တပ်ခ်ျ၊ အိုင်ဖုန်းသုံးတဲ့လူတွေအတွက် သိပ်အသုံးဝင်မယ်ထင်လို့ ဒီပို့စ်လေးကို ရေးဖြစ်ပါတယ်။ iTunes 7.7 ကို ဒေါင်းလုပ်လုပ်သင့်ပါတယ်။ သူ့မှာ Security ဘာညာ ကွိကွတွေထက် အရေးကြီးတဲ့ AppStore ကို ထည့်သွင်းပေးထားပါတယ်။ iTunes Store ဆိုတဲ့ ခလုတ်ကို သင့် iTunes ကနေ နှိပ်လိုက်တာနှင့် Voila! စင်္ကာပူ စတိုးကို ရောက်သွားပါလိမ့်မယ်။ ကျွန်တော်ကတော့ အိုင်ဖုန်းသာ မရှိတာ စင်္ကာပူ ပန်းသီးတရားဝင် စတိုးကိုတွေ့ရတာ ၀မ်းသာစရာပါပဲ။ စင်္ကာပူတစ်နိုင်ငံလုံးမှာ ပန်းသီးစတိုး official မရှိပါဘူး။ အရင်က အွန်လိုင်း SG Store တစ်ခုပဲရှိပါတယ်။ အခု SG App Store တစ်ခုထပ်တိုးလာတယ်ဆိုပါတော့။ Application ပေါင်း ၅၀၀ ကျော်ရှိပြီး ၂၅ရာခိုင်နှုန်းက ဖရီးပါ။ များသောအားဖြင့် ဆိုရှယ်နက်ဝက်ကင်းတွေ၊ ဂိမ်းတွေက ဖရီးပါ။ ပိုက်ဆံပေးရတဲ့ ဟာတွေလည်း သိပ်ဈေးမကြီးပါဘူး ၄ကျပ် ကနေ ၉ကျပ်လောက်ထိပဲရှိပါတယ်။ အရမ်းအသုံးဝင်တဲ့ ဆော့ဖ်ဝဲတွေ အများကြီးရှိနေပြီး ဒီထက်ပိုတိုးလာတော့မှာ မလွဲပါဘူး။

အကောင်းဆုံးက ကျွန်တော့်အကောင့်လေး Activate ဖြစ်သွားတာပါပဲ။ အရင်တုံးကဆို U.S Credit Card (eew!) မရှိလို့ ဘာမှလုပ်မရပါဘူး။ အခုတော့ Successfully Activated ပါတဲ့။

ဘာပဲပြောပြော ဂိမ်းတွေ Application တွေကို အေးအေးဆေးဆေး crack လုပ်စရာမလိုဘဲ၊ စိတ်အနှောင့်အယှက်ကင်းကင်း ထည့်သွင်းကစားလိုတဲ့ အကိုတို့အမတို့အတွက်တော့ လမ်းပွင့်သွားပါပြီ။ =D စမ်းဒေါင်းလုပ်လုပ်ကြည့်ပြီး အဆင်မပြေတာရှိရင် လက်တို့လိုက်ပါဦး။ ကျွန်တော်ကတော့ အိုင်ဖုန်းကော၊ တပ်ခ်ျကော လက်ထဲမှာမရှိလို့ လောလောဆယ်စမ်းလို့မရဘူး ဖြစ်နေတယ်။

Rgds,
-W

  • Share/Bookmark

WWDC 08 – Flips & Flops

အိပ်ရေးပျက်ခံကာ ကြည့်လိုက်ရသော WWDC မှာ အရင်နှစ်တွေလောက် မဟော့သော်လည်း သူ့ဂုဏ်နှင့်သူ စိတ်လှုပ်ရှားမှုတွေတော့ ပေးသွားပါသည်။


- Snow Leopard OSX 10.6 ၁နှစ်အတွင်းမှာ ထွက်ပါမယ် (Server Version also) လို့ထပ်မံကတိပေးသွားပါတယ်။ Stability, Performance တွေပိုကောင်းလာမယ်လို့ ပြုံးပြုံးကြီးပြောသွားပါသည်။ ပြဿနာက ဘာ Features အသစ်မှမပါတဲ့ ထို operating system ကို ၀ယ်မဲ့လူအတော်ရှားမှာပါ။ လူတိုင်းက OS အသစ်ဆိုရင် တစ်နည်းတစ်ဖုံပြောင်းသွားမှ ကျေနပ်ကြပါတယ်။ ဒါပေမဲ့လည်း တစ်ဖက်မှာ ၀င်းဒိုး 7 အခြေအနေက ယိုင်နဲ့နဲ့ဖြစ်နေတာ မိုက်ခရိုဆော့ဖ်ကိုယ်တိုင်က လူတွေကို “၀င်းဒိုး 7 ကို မစောင့်ပါနဲ့၊ ဗစ်စ်တာကိုသာ အားပေးကြပါလို့” အော်နေရတဲ့ အထိပါပဲ။ ပန်းသီး Senior Vice Software Engineer ကြီးကတော့ ပြောပါတယ်။ “ကျွန်တော်တို့ Leopard မှာ features တွေ အများကြီးထည့်ပြီးပြီ။ အခု အဲ့ဒီအသစ်ထည့်ခြင်းအလုပ်ကို ခေတ္တနားပြီး အခြေကနေမွမ်းမံတဲ့အဆင့်ကို ပြန်လုပ်ပါမယ်။ ဒါမှ နောက်နောင်ထွက်မဲ့ OS မှာ .. ထောင်ချီပြီး အသစ်အဆန်းတွေ ထည့်ပေးနိုင်မှာပါ။ အခြေမခိုင်ဘဲ အတင်းမရမက လိုက်မံတဲ့အခါ ပျက်စီးဖို့သာများနိုင်လို့ပါပဲ။”


- ဒီနှစ်ပွဲက တကည့် Developer conference အစစ်ထင်ပါတယ်။ ကွန်ပျူတာဟာ့ဒ်ဝဲအသစ်တစ်လုံးမှ မယ်မယ်ရရမပါဘဲ အဓိကပြောသွားတာက iPhone 2.0 Firmware ပါ။ ပြီးတော့ Enterprise support ပါ။ ကုမ္မဏီတွေအတွက် သေချာလုပ်ထားပေးပြီး၊ မိုက်ခရိုဆော့ဖ် Office, iWork အစရှိတဲ့ productivity suite တွေသာမက ကျွန်တော်တို့ သိပ်ကြိုက်(မုန်း)တဲ့ Exchange Server တွေကို ကောင်းကောင်း ချိတ်ဆက်လုပ်ဆောင်ပေးပါတော့မယ်။ Application အသစ်တွေကိုလည်း မိတ်ဆက်သွားပြီး မြင်ရတာအားရစရာတော့ ရှိပါတယ်။ ကျွန်တော်သဘောအကျဆုံးက OpenGL ES ကိုသုံးပြီး 3D ဂိမ်းအမှန်အကန်တွေရေးထားတာပါပဲ။ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိတဲ့ အဖက်ဖက်နှင့် ဆိုင်တဲ့ applications တွေထွက်တော့မှာ မကြာတော့ပါဘူး။ ကျန်တာတွေကတော့ သာမန်လူတွေ သိပ်စိတ်မ၀င်စားတဲ့ coding, framework, services အပိုင်းတွေပါ။


- MobileMe က ယခင် .Mac ကို အသစ်ပြောင်းလိုက်မဲ့ ဆားဗစ်စ်ပါ။ သိပ်ကောင်းတာက Push services တွေဖြစ်တဲ့ Push Email, Push Contacts, Push Calendar အစရှိတဲ့အရာတွေပါ။ နောက်ပြီး mac, pc, iphone/touch အကုန်လုံးကို အချိန်နှင့်တပြေးညီ ချိတ်ဆက်ထားတဲ့အတွက် device ၁ခုခုမှာ update လုပ်လိုက်တိုင်း အခြား pc, mac စတဲ့ ကွန်ပျူတာတွေမှာလည်း ချက်ခြင်း အပ်တူးဒိတ်ဖြစ်သွားမဲ့ synchronization ပါပါတယ်။


- ဦးစွာ သတင်းထွက်ထားတဲ့အတိုင်း iPhone 3G ကိုမိတ်ဆက်ပါတယ်။ GPS, 3G, ပိုကောင်းလာတဲ့ ဘက်ထရီသက်တမ်း၊ သက်သာသွားတဲ့ဈေးနှုန်း စတာတွေကလွဲပြီး ဘာမှသိပ်များများစားစားမပါပါဘူး။ =| 3G ကလည်း front-facing camera မပါတဲ့အတွက် စင်္ကာပူမှာတော့ အဆဲခံရတော့မှာအသေအချာပါပဲ။ ကောင်းတဲ့အချက်တွေအနေနှင့်ဆိုရင်တော့ iPhone & AppStore ကိုအသစ်ဖြန့်ချီမဲ့ နိုင်ငံ ၇၀ ထဲမှာ စလုံးပါဝင်တာပါပဲ။ အဲ့အတွက် အင်မတန်ခမ်းနားတဲ့ Application တွေကို သုံးရတော့မှာပါ။ Windows Mobile ကို တစ်ရက်တစ်ရက် စိတ်ပိုနာလာတဲ့ ကျွန်တော့် သူငယ်ချင်းတွေတော့ ၀မ်းသာပါလိမ့်မယ်။ ဒီစာရေးတဲ့အချိန်မှာ SingTel နှင့် iPhone Singapore page တွေ အွန်လိုင်းအပ်ဒိတ် ဖြစ်နေလောက်ပါပြီ။ သွားရောက်ဖတ်ရှုနိုင်ပါတယ်။


- မက်ခ်ဘွတ်ပရိုအပ်ဒိတ်တွေ မထွက်လို့ နည်းနည်းဘူသွားပါတယ်။ က
ျွန်တော်က အလျူမီနီယမ် macbook pro ထွက်မယ်ဆိုလို့ စောင့်နေတာ အခုတော့ အလကားအချိန်ကုန်သွားပါတယ်။ =) နောက်ပြီး မကျေနပ်တာတစ်ခုက iPhone 3G ကိုအဲ့လောက်ဈေးပေါပေါနှင့်ရောင်းရင် iPod Touch တွေကို ဘယ်သူဝယ်တော့မလဲ။ ဒီရက်ပိုင်းမှာ iPod Touch တွေ ဈေးထပ်ကျဖို့မြင်ပါတယ်။

- ကီးနုတ် address အခုကြည့်လို့ရနေပါပြီ။ စိတ်ပါဝင်စားသူများသွားကြည့်နိုင်ပါတယ်။ =D

——–
စကားမစပ် အိပ်ရေးပျက်တာထဲကအကောင်းကတော့ ဟော်လန်ကြီး အီတလီကို သမလိုက်တာပါပဲ။ တိုတယ်ဖွတ်ဘောဆိုတာဘာလဲဆိုတာ van basten ကောင်းကောင်းလုပ်ပြသွားပါတယ်။ အရှေ့အနောက်အလယ် အကုန်ငြိမ်နေအောင်ကစားသွားပြီး passing, cross တွေအတိအကျနှင့်၊ ယူရို ၂၀၀၈ရဲ့ ပထမဆုံးခေါင်းတိုက်ဂိုးတောင် ပါလိုက်ပါသေးတယ်။ နောက်ဆုံးချိန်မှ ရိုင်ယန်ဘေဘယ်လ်ကို ဖြုတ်ပြီး ကပ်ခေါ်ထားတဲ့ ဘိုလာရုစ် လွှတ်ကောင်းနေတာ အဇူရီတို့အတွက်တော့ ငါးပါးမှောက်တော့တာပါပဲ။ ဘာပဲပြောပြော အခုမှအစပဲရှိသေးတဲ့အတွက် ကျွန်တော်တို့ ဒီထက်ပိုကောင်းတဲ့ ဒရမ်မာတွေ ယူရို၂၀၀၈မှာ နောက်၂ပတ်လောက်တော့ ဆက်တွေ့ရဦးမှာပါ မလွဲပါပဲ။

Rgds,
-W

  • Share/Bookmark

BTS Promo | WWDC | 10.6

ဘလော့ခ် တစ်ခါတစ်ခါရေးဖို့ အင်မတန် ခက်ခဲလာသဗျိုး။ အချိန်ရတုံး မရေးထားရင် ရေးဖို့စီစဉ်ထားတဲ့ List သာ တဖြည်းဖြည်းကြီးထွားလာမယ်။ ဘာမှမတင်နိုင်ဘူး။

ကွန်ပျူတာဝယ်လိုသူများအတွက် သတင်းကောင်း ၁ခု ရှိပါတယ်။
Apple က သူ့ရဲ့ Back to School Promotion ကို ဒီနှစ်အတွက် ပြန်ဖွင့်လိုက်ပါပြီ။ ကျောင်းသား၊ကျောင်းသူများအတွက် 150 ~ 300 အထိဈေးလျှော့ပေးထားပြီး အိုင်ပေါ့တစ်လုံး (ဒီနှစ်ဆို iPod Touch တောင်ပါတယ်) အလကားပေးနေပါတယ်။ အရမ်းတန်တယ်လို့ဆိုရပါမယ်။ လွန်ခဲ့တဲ့ ၂နှစ် ဒီအချိန်က ကျွန်တော့် Macbook လေးကို ၀ယ်ဖြစ်တာပါ။ အင်မတန် အသုံးဝင်၊ အကျိုးပြုခဲ့ပါတယ်။ အခုလည်း အဲ့စက်ကို ညီတစ်ယောက်ကို ပေးလိုက်လို့ ကျွန်တော် အသစ်တစ်လုံးဝယ်ဖို့ အကြောင်းဖန်လာပြန်ပါပြီ။ စလုံးမှာ ဈေးကြီးတော့ ဒီလိုဈေးသက်သာတုံး ၀ယ်မှ ကိုက်မှာဗျ။

နောက်တစ်ခုကတော့ WWDC ပါ။ တင်္နလာနေ့မှာ ကျင်းပမဲ့ ဒီပွဲကို လူတော်တော်များများက စောင့်ကြည့်နေကြပါတယ်။ လက်မှတ်တောင် အစောကြီး ရောင်းကုန်သွား တာကိုသာ ကြည့်တော့။ စတိဗ်ဂျော့က ဖွင့်ပွဲနေ့မှာ keynote ပြောမှာဖြစ်ပြီး အိုင်ဖုန်း 3G အပါအ၀င် ထူးထူးဆန်းဆန်း ပစ္စည်း၁ခု၁ခုကို မိတ်ဆက်မယ်လို့ ပြောနေကြပါတယ်။ နောက်ထပ်စိတ်ဝင်စားစရာက ၂၀၀၉ ဇန်န၀ါရီမှာ အသစ်ထွက်မဲ့ Mac OS X 10.6 ပါ။ Features အသစ်တွေ မပါရင်တောင် အခုလက်ရှိကျန်နေသေးတဲ့ PowerPC / Carbon API တွေကို ရှင်းထုတ်လိုက်ပြီး Cocoa Pure, 64 bit နှင့် ပိုပြီး မြန်ဆန် လုံခြုံတဲ့ စနစ်တစ်ခုဖြစ်လာမယ်လို့ဆိုပါတယ်။ OS အသစ်၁ခု တစ်နှစ်တစ်ခါထွက်မယ်လို့ ကတိပေးထားတဲ့အတိုင်း တကယ်လိုက်ထုတ်နိုင်မယ်ဆိုရင်တော့ ကောင်းတာပေါ့ဗျာ။

ဆောင်းပါးကောင်းတစ်ခု ဖတ်ချင်တဲ့လူများအတွက် CultOfMac မှာ Macintosh – Next OS – OSX တစ်ဆင့်ပြီးတစ်ဆင့် ဆယ်စုနှစ်တစ်ခုလုံးလုံး စတိဗ်ဂျော့ ပြောင်းယူလိုက်ရပုံကို ညွှန်းချင်ပါတယ်။ သူ့ရဲ့ လွန်ခဲ့တဲ့ ၁၀နှစ်က အင်တာဗျူး စာပိုဒ်လေးကို ကျွန်တော် သဘောကျလို့ ဒီမှာ paste လုပ်ပါရစေ။

ကွန်ပျူတာ လောကကြီးက အသစ်အဆန်းတွေ မတိုးနိုင်သလောက်နီးပါး သေသွားပါပြီ။ မိုက်ခရိုဆော့ဖ်က လုံးဝ သိမ်းယူလိုက်ပြီး .. ကျွန်တော်တို့ ရှုံးသွားပါပြီ။ ကွန်ပျူတာလောကကြီးကတော့ တန့်နေပါတယ်။ အမှောင်လောကထဲမှာ နောက်ဆယ်စုနှစ်၁ခုစာလောက်တော့ အနည်းဆုံး နေနေပါလိမ့်မယ်။ မိုက်ခရိုဆော့ဖ်လည်းပဲ တစ်ချိန်မှာ သူ့ရဲ့ ဆရာကြီးဘ၀ကို ကျေနပ်နေတာနှင့် သူများတွေက ကျော်သွားပါဦးမယ်။ ဒါတွေက ဖြစ်ရိုးဖြစ်စဉ် သဘောတရားတွေပါ။ အဲ့ဒီအချိန် မတိုင်ခင်ကတော့ ကျွန်တော်တို့ ရှုံးနေပါတယ်။ စီးပွားရေး ဌာနတွေ၊ ကျောင်းတွေအကုန်လုံး မိုက်ခရိုဆော့ဖ် လွှမ်းခြုံထားပြီး အထူးတလည် အသစ်အဆန်းတွေ ထွက်ဖို့ အလားအလာသိပ်မရှိပါဘူး။ ဒါပေမဲ့ နောက်ဆယ်နှစ်အကြာလောက်မှာတော့ (အခုကတည်းက အစပြုနေပြီဖြစ်တဲ့) ၀ဗ်၊ အွန်လိုင်းတွေ အရမ်းတိုးတက်လာပါလိမ့်မယ်။ နေရာတကာမှာ အွန်လိုင်းဆက်သွယ်မှုတွေ ဆော့ဖ်ဝဲတွေအားကောင်းလာမှာဖြစ်ပြီး အသစ်အဆန်းတွေ အပြိုင်အဆိုင်နေရာယူလာပါလိ့မ်မယ်။ မိုက်ခရိုဆော့်ဖ်လည်းပဲ ဘာလုပ်ရမှန်းမသိအောင်ဖြစ်နေပြီး သူ့ရဲ့လွှမ်းခြုံထားတဲ့ အရိပ်မည်းကြီး အားပျော့လာတာကို တွေ့ကြုံပါလိမ့်မယ်။ အဲ့အချိန်ဟာ တကယ်ပြောင်းလဲမဲ့အချိန်ပါပဲ။

မှန်မမှန် …ပေတံတစ်ချောင်းသာ ယူပြီးတိုင်းကြည့်ပေရော့ဗျာ။ အခုလို open standards တွေ၊ simpler, faster, securer စနစ်တွေ၊ ပစ္စည်းတွေ၊ ၀န်ဆောင်မှုတွေ တနေ့တခြားတိုးနေတာ ဆရာကြီး MS လည်း ဗျာများနေရပါပြီ။ အောင်မြင်တဲ့လူတွေရဲ့ စကားဟာ ဗေဒ

  • Share/Bookmark

iPhone SG Love – Singtel is Shaking Apple Tree

# Sort of news we are waiting for?

ပန်းသီး အိုင်ဖုန်းကို စလုံးမှာ စောင့်မျှော်နေကြတဲ့ သူတွေ အတွက်တော့ သတင်းကောင်း၁ခုလို့ဆိုရမှာပဲ။ SingTel သုံးတဲ့သူတွေက ပိုလို့တောင် ပျော်ပါမယ်။ ပန်းသီးက SingTel နှင့် ချိတ်ဆက်ပြီး Singapore, India, Philippines, Australia တိုင်းပြည်တွေမှာ အိုင်ဖုန်းကို ဖြန့်ချီပါလိမ့်မယ်။ ( ဒီနှစ် … စက်တင်ဘာလောက်နေမှာပါ )

သြစတြေးလျက လူတွေကတော့ Vodafone တစ်မျိုးတည်းနှင့် နှစ်ပါးသွားစရာမလိုတော့ပါဘူး။ ပြဿနာက ကျွန်တော်တို့က Starhub သမားတွေ ဖြစ်ပြီး သူတို့ရဲ့ Per second billing အစရှိတဲ့ ကောင်းတဲ့ Features တွေကို လက်မလွှတ်နိုင်ပါဘူး။ SingTel ကသာ Starhub ကို ကြည့်ညှိပေးလိုက်ရင်တော့ အိုကေသွားပါလိမ့်မယ်။

ဘာပဲ ဖြစ်ဖြစ် သစ်ကုလားအုတ်ဖြစ်သွားတဲ့ အကိုတွေ အမတွေတော့ နည်းနည်းဇာတ်ညောင်းသက်သာစေမဲ့ သတင်းတစ်ရပ်ပေါ့ဗျာ။ =D

Link

  • Share/Bookmark

DBS Singapore – iBanking Nargis Appeal

ခုနကမှ တွေ့လိုက်လို့ပါ။ DBS ကလည်း ဒီကိစ္စကို Aware လုပ်တာ ကျေးဇူးတင်ရမှာပဲ။ ကျွန်တော်တို့ နေ့တိုင်း iBank ၀င်ဝင်ပြီး ပိုက်ဆံတွေသုံးနေတာ၊ လှူလို့လွယ်အောင် လုပ်ပေးလိုက်တဲ့ သဘောပေါ့ဗျာ။

သင့် iBanking ၀င်တဲ့ အခါကျရင် တွေ့ပါလိမ့်မယ်။ =)

-WaiPK

  • Share/Bookmark

Nargis News, Facts – Sources

နာဂစ် ဆိုးရွားချက်က အသောမသတ်နိုင်အောင်ပါပဲ။ ကျွန်တော်တို့ အားလုံး ဘယ်လိုမှစိတ်မအေးနိုင်ဘဲ နေ့စဉ်ရက်ဆက်ပူပင်နေရပါတယ်။ သတင်းမီဒီယာတွေ အင်မတန်ပြန့်နှံ့နေပြီး ဖတ်စရာသတင်းလေးတွေရှိတာကိုတော့ ကျေးဇူးတင်ရမှာပါ။ ကွန်ပျူတာသမားမဟုတ်သော၊ သတင်းတွေရှုပ်လွန်းလို့ ဘယ်ကဖတ်ရမှန်းမသိ စိတ်ညစ်နေသော အကိုတို့အမတို့ အများဆုံး သတင်းတွေရနိုင်တဲ့နေရာတွေ ပြောရမယ်ဆိုရင် –

1# Twitter – သင့်အကောင့်၁ခုကို အခုချက်ခြင်း ဖရီးသွားယူလိုက်ပါတော့။ ပြီးရင်၊ ဂျီတော့ခ်ထဲမှာဖြစ်ဖြစ် Twitter bot ထည့်ပြီး “Track burma”,”Track Myanmar”,”Track Nargis” လုပ်ထားလိုက်ပါ။ မြန်မာသတင်း၊ နာဂစ်သတင်း၊ အကုန်တွေ့ရမှာပါ။ မိနစ်ပိုင်းအမျှ ချက်ခြင်း အပ်တူဒိတ်ဖြစ်နေပါတယ်။

2# Google News – ပြောစရာမလိုပါဘူး၊ သူလည်း အပ်ပဒိတ်ဖြစ်ပါတယ်။ Twitter မလုပ်ချင်သေးရင်၊ အဲ့ဒီမှာ သွားကြည့်နိုင်ပါတယ်။

3# Channel News Aisa မြန်မာအတွက် သီးသန့် follow လုပ်နေတဲ့ ဆိုင်ကလုန်း စာမျက်နှာပါ။ အသုံးဝင်ပါလိမ့်မယ်။

4# AP.org , Reuters.com အစရှိတဲ့ သတင်းဌာနကြီးတွေလည်း စိတ်ချရပါတယ်။ ကျွန်တော်ကတော့ personally ယူကေ သတင်းဌာနတွေဖြစ်တဲ့ Sun, Daily Telegraph, Mail တို့ကို မယုံပါဘူး =) ခဏခဏ ယုန်တောင်ပြေး ခွေးမြောက်လိုက် တလွဲတွေကြီး ပြောနေလို့ပါ။ အင်း.. ဒီလောက ကလည်း ဒီလိုပါပဲဗျာ။

ဘာပဲဖြစ်ဖြစ် twitter မှာစောင့်ကြည့်တာ အကောင်းဆုံးဖြစ်ပြီး၊ မျက်စိ နောက်မခံနိုင်တဲ့လူတွေကတော့ သပ်သပ်ရပ်ရပ် #2,#3,#4 နေရာတွေမှာ စောင့်ကြည့်နိုင်ပါတယ်။ တတ်နိုင်သလောက် ကူညီတာပါဗျိုး။ Volunteer အလုပ်တွေလည်း စီစဉ်နေပါတယ်။ မောင်သန့်ဇင်တို့နှင့်။

-WaiPK

  • Share/Bookmark