Reading Rebooted, Blogging Sleep

ပေါက်ကရတွေ ရေးပါဦးမယ်၊ သည်းခံတော်မူကြပါ။

ကျွန်တော်စာမရေးနိုင်ပါ။ မအားဘူးလို့ ပြောရင် လူသောက်ညင်ကတ်ပါ့မယ်။ သို့သော် တကယ် မအားပါ။ ပြီးခဲ့တဲ့ ၃ လလုံးလုံး ဘာမှန်းမသိတဲ့ ကိစ္စတွေ၊ ဘယ်ကလာမှန်းမသိတဲ့ ပြဿနာတွေနှင့် လုံးနေရပါ၏။ ရေးမယ်ရေးမယ်နှင့် စုထားတဲ့ စာတွေ ၊ အိုင်ဒီယာတွေ အကုန်ပျောက်၊ နောက်ဆုံး သိပ်ခက်ခက်ရေးစရာမလိုတဲ့ နည်းပညာဆိုင်ရာ အသစ်အဆန်းသတင်းလေးတွေပဲ ရေးဖြစ်နေတယ်။ သူငယ်ချင်းတွေက ပြောတယ်။ အရင်တုံးက ဝေဖြိုး ဘလော့ခ် ပဲပြန်ရေးပါတဲ့။ မင်း အိုင်တီ စကားလုံးတွေနှင့် လူတွေကို မဖိပါနှင့်တဲ့။ အဟင့် မတတ်နိုင်သေးဘူး အရပ်တို့ရေ။ စာလုပ်နေတဲ့အချိန်ဆိုတော့ စာနှင့် ပတ်သက်တာကို ပဲ လေ့လာတွေ့ ရှိထားတော့လည်းဗျာ။ ဒါပဲရေးမိနေတာပေါ့။ ပြန်ပြီးရေးပါဦးမယ် တခြားကိစ္စတွေ ကိုလည်း။ ။ ။

ခုတလောတော့ စာသာမရေးဖြစ်သာ ၊ စာတော့ အတော်ဖတ်ဖြစ်တယ်ဗျ။ စာမေးပွဲဖြေဖို့ ကျောင်း သုံးပတ် ပိတ်တာ စာအုပ်တွေချည်း ငှားလာပြီး အတော်အလုပ်ဖြစ်သွားတယ်။ ကျွန်တော့် အချိန်ပိုင်း အလုပ်က စက်ကို Maintain လုပ်၊ Customers တွေမရှိတဲ့ အချိန်ဆိုရင် စာအုပ်လေးထိုင်ဖတ်နေလို့ရတယ်။ .. အိမ်ရောက်ရင် ကျောင်းစာဖတ်၊ ကျောင်းရောက်ရင် ပရောဂျက်လုပ်၊ ကောင်မလေးနှင့် လျှောက်သွား၊ အလုပ်ရောက်ရင် အပြင်စာဖတ်၊ အင်း သံသရာက ဒီလိုနှင့် လုံးလည်ချာလည်ပဲ။ ပြီးခဲ့တဲ့ အပတ်က ကျွန်တော် စာအုပ် သုံး၊လေး အုပ်ပြီးသွားပါတယ်။
၁) George Orwell ရဲ့ Burmese Days ၊ နှင့် Animal Farms
၂) Steven Levy ရဲ့ Insanely Great ( all about Apple Computer Inc. )
၃) ဆရာ သောင်းဝေဦးရဲ့  မိန်းမတို့ အကြောင်း
၎) ဆရာတော် ဦးဆန်းလွင်ရဲ့ ရတနာသုံးပါးကိုးကွယ်ဆည်းကပ်လာသူ အကြောင်း = အဲ့ဒီစာအုပ်ကတော့ ပြီးသေးဝူး၊ တန်းလန်းကြီး .. x(

အခုလည်း ကျောင်းတစ်ပတ်ထပ်ရတယ် စာမေးပွဲကြီးဖြေဖို့ ၊ မနေနိုင်မထိုင်နိုင်စာမကျက်ပဲ စာအုပ် သုံးအုပ်ငှားထားပြန်ပြီ။ Steve Jobs အကြောင်းပြည့်ပြည့်စုံစုံပါတဲ့ iCon ရယ်၊ Macintosh ကွန်ပျူတာ ရဲ့ ဘ၀အစကို Andy Hertzfield ရေးထားတဲ့စာအုပ် ( Insanely Great Story of Macintosh ) ရယ်၊ Slater ရေးတဲ့ Microsoft Rebooted ( မိုက်ခရိုဆော့ဖ်ရဲ့ ဘ၀ ၊ ဂိတ်စ် နှင့် စတီးဗ် ဘောလ်မားတို့ရဲ့ ကုမ္ဗဏီကို ပြန်ထူထောင်ပုံတွေ) …… အင်း ဘယ်တစ်အုပ်ကို ပြီး အောင်ဖတ်နိုင်ပါ့မလဲသိဘူး။ မပြီးခင် စာမေးပွဲ မကျအောင်က ပိုအရေးကြီးတယ်ဗျာ။ …. ကျွန်တော် နောင်များကြမှ တစ်အုပ်ချင်းစီကို Concise ရီဗျူး ရေးပါဦးမယ်။ -) -)

လေးစားစွာဖြင့် …

  • Share/Bookmark