Teens – Brands – Apple
ဒီအချက်မှန်မမှန်ကို ကျွန်တော်တို့ ဒီကနေ့ ဆိုင်တွေမှာ ကြည့်လိုက်ပါ။ လူငယ်တွေဟာ Brand တွေကို သိပ်ရူးသွပ်လာကြပါတယ်။ Generation X ခေတ် အလွန် အခု Generation Y ကာလမှာ လူငယ်တွေက သူများနှင့်မတူ တမူထူးခြားတဲ့ ဒီဇိုင်းတွေကို နှစ်သက်လာခြင်းကြောင့်ပါ။ Sony ရဲ့  PSP ဟာ ကျွန်တော်တို့ခု MRT ပေါ်မှာ မျက်စိနောက်စရာ ပစ္စည်း၁ခု ဖြစ်လာပါပြီ။ Nike ဖိနပ်တွေဆိုတာလည်း ရောင်းနေတာ အလကားပေးသလားမသိပါဘူး။ ကိုယ်တွေကသာ ပိုက်ဆံမသုံးနိုင်လို့ မ၀ယ်နိုင်တာ၊ ဘုရားဘုရား။ XBox နှင့် Wii ဆိုတာလည်း ဂိမ်းသမားတွေအတွက် တော့ မရှိမဖြစ်ဝယ်ရမယ့်စာရင်းမှာ ထိပ်ဆုံးကပါတဲ့။ Wii ရဲ့  ဆွဲဆောင်မှုပြင်းသလားဆိုတာ ဂိမ်းမကြိုက်တဲ့ ဦးလေးကြီးတွေတောင် ၀ယ်မယ်ဖြစ်ကုန်ကြတာဗျ။ နောက် မော်တော်ကားနှင့် ပတ်သက်ရင်လည်း တိုယိုတာ ရဲ့  လွှမ်းမိုးမှုကို မေ့ထားလို့မရပါဘူး။ ဒီကောင် အမေရိကားမှာ GM ကို ဖယ်ထုတ်ပြီး အဲ့ဒီကချာတိတ်တွေကို ဂျပန်ကားမှ ဂျပန်ကားဖြစ်စေခဲ့တဲ့ အားကလည်း နည်းတာမှတ်လို့ဗျာ။ အဲ.ဒါနှင့် နောက်ဆုံးပြောချင်တဲ့ တံဆိပ်က ကျွန်တော်မပြောလည်း xxxxxxxx ။ Apple ပေါ့၊ ဟုတ်တာပေါ့ဗျာ။
၁၉ဂ၀ နှစ်အလွန်တွေမှာ Apple ဟာ အမေရိကန် ပညာရေးလောကကို အတော်လေး ကြီးစိုးထားနိုင်ပါပြီ။ ကာလီဖိုးနီးယားမှာ ပန်းသီး ကျွမ်းကျင်သူပညာရှင်တွေ မရှားပေမယ့် ကျောင်းသားတွေ၊ ဆယ်ကျော်သက်တွေအတွက် စာသင်ခန်းပြင်ပမှာ Apple ဟာ ဘာကောင်မှမဟုတ်သေးပါဘူး။ ဒါပေမယ့် Gen-Y တွေ ခေတ်စမ်းလာချိန် ၂၀၀၁ မှာ Apple က iPod တွေစထုတ်ပါတယ်။ အဲ့ဒီ ပစ္စည်းဟာ နောင်တစ်ချိန်မှာ တေးဂီတလောကကြီးတစ်ခုလုံးကို ကိုင်လှုပ်မဲ့ပစ္စည်းလို့ အဲ့ဒီတုံးကလူတွေ မစဉ်းစားမိသေးပါဘူး။ အောင်မြင်မှုတွေဆိုတာ နေ့ချင်းညချင်း လုပ်လို့မရပါဘူး။ ဒါပေမယ့် Apple ရဲ့  အိုင်ပေါ့တွေကတော့ အတော်လေး မြန်မြန်ဆန်ဆန်ပျံ့နှံ့သွားခဲ့ပါတယ်။ လူငယ်တွေကြားထဲမှာ စပြီးစမ်းသုံးတဲ့လူတွေဆီကနေ တစ်ယောက်ပြီးတစ်ယောက် ကောင်းသတင်းဖြန့်စေပါတယ်။ Wired.com ရဲ့  MD ကြီး Leander Kahney က အမေရိကန်မှာ Maroon 5 ထက် Steve Jobs ကို လူငယ်တွေက ပိုပြီးသဘောကျပါတယ်တဲ့။ လူတွေဟာ စီးပွားရေးလုပ်ငန်းတစ်ခု၊ စီးပွားရေးခေါင်းဆောင်တွေကို အဲ့လောက်ကြီး ကျိုးကျိုးနွံနွံ မဖြစ်ဖူးပါဘူးတဲ့။ ဘာပဲဖြစ်ဖြစ် Apple ဟာ တမူထူးခြားတဲ့ ယဉ်ကျေးမှုလည်းမြောက်တဲ့ ဂုဏ်တံဆိပ်၁ခု ခတ်နှိပ်လိုက်တာကိုတော့ လက်ခံလိုက်ရပါတယ်။
အိုင်ပေါ့ရဲ့  အောင်မြင်မှုက ရပ်မသွားသေးပါဘူး။ Viacom လေ့လာရေးအဖွဲ့ က ဘယ်လောက်များပြောသလဲဆိုရင် Teens တွေ အတွက် အိုင်ပေါ့မှာ မရှိမဖြစ်လိုအပ်တဲ့ စာရင်းမှာ ထိပ်ကပါတဲ့။ Piper Jaffray က အထက်တန်းကျောင်းသား အယောက် ၅၀၀ ၊ ယောက်ျားလေး ၄၂ရာခိုင်နှုန်း၊ မိန်းကလေး ၅၈ ရာခိုင်နှုန်း၊ ကို စစ်တမ်းကောက်ရာမှာ ၈၂ ရာခိုင်နှုန်းက အိုင်ပေါ့ ၁ယောက်၁လုံးပိုင်ပါတယ်တဲ့။ နောက်နှစ်မှာ အိုင်ပေါ့ဝယ်မယ်လို့ ထပ်ပြောတဲ့လူကလည်း ၇၃ရာခိုင်နှုန်းရှိပါတယ်။ ကျွန်တော့်မှာတော့ မရှိဘူး x( .. အဟင့် .. အိုင်ပေါ့ကြောင့်ပဲ Apple ရဲ့ တခြားအောင်မြင်မှုတွေ ပြန်လိုက်လာပါတယ်။ iPhone ရဲ့ ဂယက်ကို ကျွန်တော်တို့ အားလုံးကောင်းကောင်းမှီလိုက်သားပဲ မဟုတ်ပလား။ ကျောင်းသားတွေက ဒေါ်လာ ၅၀၀ ကုန်းရုန်းရှာဖို့ ကြိုးစားကြတာ အသေအလဲပါပဲ။ Autoblog ရဲ့  အဆိုအရ အိုင်ဖုန်းဟာ မော်တော်ကား ၀ယ်ဖို့ စာရင်းထက် အပေါ်မှာ ရှိနေပါတယ်ဆိုပဲ။ အလားး.. . UK လူငယ်တွေဟာ ဘယ်တံဆိပ်ကိုမှ မစွဲလန်းဘူးလို့ နာမည်ကောင်းရထားပါတယ်။ ဒါပေမယ့် Apple ကတော့ ခြွင်းချက်ပါတဲ့ ၊ Reuters က ဆိုပါတယ်။
ကျွန်တော်တို့ ပန်းသီး ဘာလို့ ဒီလောက်တောင် လူငယ်တွေ အသဲအစွဲ iconic ဖြစ်နေရတာလဲ ဆိုတာ နည်းနည်းကြည့်ကြည့်မယ်ဆိုရင် အခုလို အချက်တွေတွေ့ရပါမယ်။
- ဂီတဆိုတာ လူတန်းစားအားလုံးရဲ့  အကြိုက်ပါ။ လူငယ်တွေက ပိုပြီး ခံစားမှုကို နှစ်သက်ပါတယ်။ သကာပေါ်အချိုလောင်းသလို သီချင်းတစ်ပုဒ် ၉ ၉ ပြားနှင့် အော်ရီဂျီနယ်ရမယ် ဆိုတော့ ဆယ်ကျော်သက်တွေ ကြိုက်တာပေါ့ဗျာ။ အဖမ်းခံရစရာလည်း မရှိဘူးလေ။
- ပစ္စည်း၊ ပရောဒတ် တစ်ခုက လူတွေရဲ့  လိုအပ်ချက်ကို ဖြည့်ပေးနိုင်တာနှင့် မလုံလောက်ပါဘူး။ ရှင်းလင်းပြီး ကျော့နေတဲ့ ဒီဇိုင်းကလည်း အသက်ပါ။ သူများတွေ နားကျပ်မည်းမည်းကြီးနှင့် နားထောင်နေတဲ့ အချိန်မှာ ဘယ်ကျောင်းသားမဆို နားကျပ်ဖြူဖြူလေး တပ်ပြီး လမ်းလျှောက်ရတာကိုပဲ ဂုဏ်ယူစရာ၁ခုဖြစ်လို့နေခဲ့ပါတယ်။
- နောက်တစ်ချက်က တီဗွီတွေ၊ သတင်းစာတွေ သုံးပြီး ကြော်ငြာစရာမလိုခဲ့ပါဘူး။ လူလူချင်း၊ အာမခံချက်ပေးပြီး ပရိုမိုရှင်းလုပ်တာ ဘယ်လောက် အောင်မြင်လဲဆိုတာ အစ်ကိုတို့ အစ်မတို့ သိပြီးဖြစ်မှာပါ။
- နောက် ကြော်ငြာလုပ်တဲ့ နေရာမှာ သူတို့ရဲ့ Demographic marketing က အရမ်းကောင်းပါတယ်။ လူကြီးဖြစ်မှ လူငယ်ဖြစ်မှ ဘာမှရယ်လို့ မဟုတ်ဘူး အလွှာအသီးသီးကို ခြွေနိုင်တဲ့ ကြော်ငြာတွေ လွှင့်ချီခဲ့ပါတယ်။
လေ့လာသူတွေက ဘယ်လောက်တောင်ပြောလဲဆိုရင် ဒီစကေးကို လိုက်မှီတဲ့ ကုမ္ဗဏီမရှိသေးဘူး၊ မှီဖို့လည်း ဖြစ်နိုင်ပါ့မလားတောင် စိုးရိမ်ကြတယ်ဆိုပဲ။ Nike တို့ ဘာတို့လည်း လိုက်လုပ်ပါတယ်။ ခင်ဗျား ဖိနပ်၁ရံဝယ်ရင် စိတ်ကြိုက် DIY ဖိနပ်ခေါင်းကအစ ပြင်ပြီးဝယ်လို့ရတယ်ဆိုပြီး။ ဒါပေမယ့် အားရစရာကောင်းတဲ့ ၀န်ဆောင်မှုတစ်ခုမဟုတ်ခဲ့ပါဘူး။
Minimalist, Simplicity, Iconic, Innovation စတဲ့ စကားလုံးတွေကို ဆယ်ကျော်သက်တွေအတွက် အဓိပ္ဗါယ်ပြည့်ဝအောင် ဖော်ဆောင်ပေးခဲ့တဲ့ အစွမ်းဟာ Legendary ပါလို့ Arstechnica က ပြောထားတာကို စကားထပ်ပါးရင်း .. ဒီလောက်ပါပဲဗျိုး..
Rgds,
WaiPK
Ref: Business Week, Mac.com , Arstechnica, Kawaski, Seduced by Success (by Robert J Herbold)

