A cup of Java – Eclipse 'cino
စပ်မိစပ်ရာ ဒီနေ့အလုပ်မှာရင်ဆိုင်ရတဲ့ ကိစ္စ၁ခုပါ။ ကျွန်တော် နောက်ဆုံးထွက်တဲ့ Eclipse 3.2 ကို သွင်းတဲ့နေရာမှာဖြစ်ပါတယ်။ ရှည်ပြီး EE ဗားရှင်းယူလိုက်တာ၊ နောက်တော့ ကျွန်တော် Server Environment ၁ခုပါ သွင်းရအောင် ကိုယ့်ဘာသာကို ဒုက္ခပေးလိုက်ပါတယ်။ J2EE အတွက် JBoss ရှိပေမယ့် ကျွန်တော်က Tomcat နှင့်ပဲ ပိုရင်းနှီးတော့ Tomcat သွင်းလိုက်ပါတယ်။ ဒါပေမယ့် Eclipse နှင့် Tomcat ရင်ကြားစေ့ပေးဖို့ Plug-in တွေ ထပ်သွင်းဖို့ လုပ်တော့ စိတ်ညစ်တော့တာပဲ။ Sysdeo ရဲ့  Tomcat Plugin က နံပါတ်ဝမ်းပါ။ သူ့မှာ နောက်ဆုံး Eclipse နှင့် နောက်ဆုံး Tomcat ကို ဆက်သွယ်ပေးနိုင်တဲ့ Plug-in ရှိပါတယ်။ ဒါပေမယ့် ပြဿနာက သူ့ ဆာဗာဒေါင်းနေခြင်းပါ။ အဲ့ဒါနှင့် ဘာမှ မတတ်နိုင်တော့ဘဲ JBoss နှင့်ပဲ ရအောင် ချိတ်ဖို့ကျွန်တော်ကြိုးစားတယ်။ JBoss ဆာဗာနှေးလွန်းလို့ဗျာ အတော်ကြာအောင် ဒေါင်းလုပ်လုပ်ယူလိုက်ရတယ်။ နောက်ဆုံးရတော့ စမ်းသွင်းကြည့်တာ ဒီကောင်လည်း သိပ်အဆင်မပြေပါဘူးဗျာ။ ဆာဗာက တက်မလာဘူး။ ကျူတိုရီရယ်၁ခုက ပြောတော့ JBoss IDE Plug-in လိုတယ်ဆိုလို့ အဲ့ဒီဟာလည်း Try ကြည့်တယ်။ ကျွန်တော့် Eclipse IDE Update Manager က org.eclipse.jdt.source Plug-in မရှိဘူးဆိုပြီး Error ထပ်ပြတယ်။ နောက်ဆုံး ဖိုရမ်တွေကလည်း ပြောတယ် အဲ့ဒါ အဲ့သလိုပဲတဲ့။ စိတ်ပေါက်သွားတာနှင့် အချိန်ကုန်တယ်ဆိုပြီး ဆက်မဖတ်တော့ဘူး။
အဲ့တာနှင့် …….. ကံကောင်းချင်တော့ ကျွန်တော့်အတွက် နောက်ဆုံး ထွက်ရပ်လေး၁ခုတွေ့လိုက်တယ်။ EasyEclipse.org ပါ။ အင်မတန်ကောင်းတဲ့ ဆိုက်ပါ။ ကျွန်တော်တို့လို Eclipse စသုံးမဲ့လူတွေ အတွက် သေချာ Package အလိုက်၊ Language အမျိုးမျိုးအတွက် စုဆောင်းထားပေးပါတယ်။ Plug-ins တွေလည်းပါပြီးသားပါ။ ကြိုက်တဲ့ ဟာသာ ယူပြီး ဒေါင်းလုပ်ချပေတော့။
Eclipse နှင့် ပျော်ရွှင်နိုင်ကြပါစေဗျာ။
Rgds,
WaiPk

