Teens – Web 2.0 – Where are you?
ကျွန်တော့်ကို အဲ့ဒီ ၀ဗ်၂.၀ ဆိုတာ ဘာအဓိပ္ပါယ်လဲမေးရင် တိတိကျကျ မသိပါဘူး။ Tim O’Reilly က သူ့ရဲ့  ၀ဗ်၂.၀ definition ကိုယ်၌မှာတောင် အဲ့ဒါဟာ စီးပွားရေးသမားတွေရဲ့  စကားလုံးလှလှတွေထဲက ၁ခုပါတဲ့။ လူတွေက ဒါပဲထပ်ခါထပ်ခါသုံးနေတော့ မျက်စိနောက်စရာ ဖြစ်လာတာပေါ့။ ဒီကြားထဲ ဂူဂယ် စီအီးအိုကြီးက ၀ဗ်၃.၀ လာတော့မယ်ဆိုတော့ ရုတ်ရုတ်သဲသဲတွေ ထပ်ဖြစ်သွားသေးတယ်။ ဒါပေမယ့် ဒီပို့စ်ရေးဖို့ကလည်း နည်းနည်းပါးပါး အဲ့ဒီကောင်ကို အဓိပ္ပါယ်ဖွင့်ဖို့ကလည်း လိုတာမို့ ကျွန်တော် နားလည်ထား သိထားသလောက် ပြောပါရစေ။
အဲ့ဒီ ၀ဗ် ၂ ပွိုင့် အိုး ( ကျွန်တော်က အဲ့လိုခေါ်ပါတယ် ) ကို ခြုံငုံပြီးပြောရမယ်ဆိုရင် သူဟာ ဆားဗစ်စ်၁ခုလည်းဟုတ်တယ်၊ ဒါပေမယ့် လူတွေ၊ နက်ဝက်ခ်တွေ၊ လူလူခြင်းချိတ်ဆက်မှုတွေကို အရမ်းအခြေခံပါတယ်။ သူ့ရဲ့  ဆားဗစ်က လူတွေရဲ့  ပါဝင်ပတ်သက်မှု၊ driving force ပေါ့လေ၊ အဲ့ဒါကို ပိုပြီး အားပြုပြီး ကောင်းသထက်ကောင်းတဲ့ ဆားဗစ်စ်၊ ကြီးသထက်ကြီးတဲ့ ဆားဗစ်စ် ၁ခုဖြစ်လာအောင်လုပ်တာပါ။ Communication က အသက် ဆိုပါစို့။ စစခြင်း သေးနေလည်း ကိစ္စမရှိဘူး၊ သူတို့က အချိန်နှင့် အမျှ၊ ပါဝင်တဲ့လူတွေများလာတာနှင့် အမျှ ပိုကောင်းလာတဲ့ ဆားဗစ်စ်၁မျိုးပါ။ Social Patterns တွေပေါ့ဗျာ။ အဲ့လိုပိုကောင်းလာအောင် အဲ့ဒီ ၀ဗ်၂.၀ စနစ်၁ခုက အဲ့ဒီအသုံးပြုနေတဲ့ ယူဆာတွေ၊ လူတွေ ဆီကနေ လိုအပ်တဲ့ သတင်းအချက်အလက်ကိုလည်း ကောင်းကောင်းမှန်မှန်ရယူနိုင်ရပါမယ်။ အဲ့ဒါတွေကို သုံးပြီးသူ့ရဲ့ ဆားဗစ်စ် ၀န်ဆောင်မှု ကို ပိုကောင်းအောင်လုပ်ရပါတယ်။ ဒါကို Data/Information Driven လို့ ဆိုကြပါတယ်။ နောက်ပြီး စတင်လုပ်တဲ့လူက အရာအားလုံးလိုက်လုပ်နေစရာလည်း မလိုတော့ပါဘူး။ User Accentric ဖြစ်သွားပါတယ်။ သူတို့လုပ်ပိုင်ခွင့်ကို ချဲ့  ပေးလိုက်တဲ့သဘောပါ။
ဒီအချက်ကို Facebook ကိုကြည့်ရင် သိနိုင်ပါတယ်။ Frendster ကိုကျော်တက်သွားတယ်ဆိုတဲ့နေရာမှာ Facebook က သူ့ရဲ့  API တွေ၊ ယူဆာတွေကို ကြိုက်သလို ပေးကလိပြီး ပိုပြီးကောင်းသထက်ကောင်းတဲ့ ပတ်ဝန်းကျင်၁ခုကို အသုံးပြုတဲ့သူတွေကို ဖန်တီးခွင့်ပေးလိုက်တာပါ။ Community Driven လို့ ခေါ်ကြပါတယ်။ နောက် Personalization လည်း အရေးကြီးပါတယ်။ အဲ့ကောင်ကဘာလည်းဆိုတော့ ဒီစနစ်ကို အသုံးပြုတဲ့လူတွေ ကိုယ်နှင့်လိုက်ဖက်တဲ့၊ ကြိုက်နှစ်သက်တဲ့ ပစ္စည်းတွေ အဖြစ်ပြောင်းလဲပြီး အသုံးပြုစေပါတယ်။ Google ကလည်း အတော်ကောင်းတဲ့ ဥပမာ၁ခုလို့မြင်ပါတယ်။
အဲတော့ လူငယ်တွေနှင့် ဒီ ၀ဗ်၂.၀ အရာတွေ ဘယ်လိုပတ်သက်လဲဆိုတာ ကြည့်ရအောင်။ ဘလော့ခ်တွေ၊ social networking sites တွေဟာ ၀ဗ် ၂ ဒဿမ အိုး ရဲ့  ကနဦး ဆရာကြီးတွေထဲမှာပါပါတယ်။ လူငယ်တွေ၊ ဆယ်ကျော်သက်တွေဟာ လူမှုရေး၊ communications တွေကို သိပ်အလေးထားပါတယ်။ သူတို့ရဲ့  Peers တွေ ဘာလုပ်သလဲ၊ ဘယ်လိုနေလဲ က အစ နောက်ဆုံး အချက်အလက်ဖြန့်ချီရေးတွေ ကိုပါ သူတို့က သူတို့နှင့် ပုံစံတူတဲ့ သူငယ်ချင်းတွေ ရွယ်တူတွေကို အားကိုးကြပါတယ်။ သူတို့က သူတို့ရဲ့  အပေါင်းအသင်းဝင်ဆံ့မှုအပေါ် အရမ်းဂုဏ်ယူပါတယ်။ အမေရိကန်မှာဆိုရင် အထက်တန်းကျောင်းဟာ သူတို့အတွက် အပေါင်းအသင်းဖွဲ့ ၊ လူမှုဘ၀တွေ အပြိုင်အဆိုင်လုပ်တဲ့နေရာ၁ခုပါ။ သူငယ်ချင်းဘယ်လောက်ပေါသလဲဆိုတဲ့ ပေတံနှင့် အချင်းချင်းလိုက်တိုင်းလေ့ရှိပါတယ်။ ဒီနေရာမှာ MySpace လို အရာတွေဝင်လာပါတယ်။ အပြင်မှာ ဘော်ဒါတွေထားသလို၊ online မှာလည်း ၁ဦးနှင့်၁ဦး အချိတ်အဆက်လုပ်ကြပါတယ်။ သူတို့ကို လူကြီးတွေက သိပ်ဂရုမစိုက်နိုင်တဲ့အခါမှာ ဒီသူငယ်ချင်းတွေနှင့်အချိန်ကုန်ကြပါတယ်။ အဲ့ဒါကြောင့် Friendster, FaceBook, MySpace စတာတွေ နာမည်ကြီးလာပါတယ်။ ကွန်ယက်တွေကျယ်ပြန့်လာပါတယ်။
နောက် ၀ါသနာဆိုတဲ့ အရာဟာလည်း သိပ်အရေးကြီးပါတယ်။ အဖေက ဆရာဝန်၊ သားကတော့ ပန့်ခ်အဆိုတော် ၁ယောက်ဖြစ်ချင်တယ်ဆိုရင် ဒီနှစ်ယောက် စကားတော်တော်ထိုင်ပြောလို့ မလွယ်ပါဘူး။ အဲ့ဒါကြောင့်ဆယ်ကျော်သက်တွေဟာ သူတို့ဝါသနာတူခြင်းလည်း အွန်လိုင်းပေါ်မှာစုမိကြပါတယ်။ ၀ဗ်၂.၀ရဲ့  ထုံးစံအရ အသုံးပြုသူတွေရဲ့  ဒေတာ တွေကို အခြေခံထားတာဖြစ်တဲ့အတွက် အချင်းချင်းဖလှယ်စရာရှိဖလှယ်လို့လည်းရတဲ့ အဲ့ဒီနေရာတွေဟာ သူတို့အတွက် တော်တော်ကောင်းတဲ့ဌာနေတွေလို့ သမုတ်ကြပါတယ်။ နောက် ဘလော့ခ်တွေဆိုလည်း ထိုနည်းအတိုင်းပါပဲ၊ ကိုယ် သိတဲ့အရာ၁ခု၊ မသိတဲ့အရာ၁ခု၊ ထင်မြင်ချက်လေး၁ခု၊ ဘာပဲဖြစ်ဖြစ် ထုတ်ဖော်ပြောကြွားချင်ပါတယ်။ လွတ်လပ်စွာ ပြောဆိုလိုက်ချင်ပါတယ်။ လူကြီးတွေ နားမထောင်ရင် နေပါစေ၊ ငါဒီနေ့ဘာလုပ်လဲ တလောကလုံးသိအောင် ဆိုပြီး MySpace တို့ Blogger တို့မှာ စာတက်ရေးပါကြပါတယ်။
သို့သော်ငြားလည်း ဘယ်နည်းပညာသစ်ပဲဖြစ်ဖြစ် အန္တရာယ်လည်းပါလာစမြဲပါ။ Cyber Predators လို့ခေါ်တဲ့ စားမယ်ဖြဲမယ် တကဲကဲကောင်တွေကြောင့်လည်း တော်တော်ဒုက္ခရောက်ပါတယ်။ နောက်လူငယ်တွေဟာ စွဲလန်းလွန်တဲ့နေရာမှာလည်း အားသန်ပါတယ်။ အလကား အားအားရှိထိုင်ပြီး Facebook သွားလိုက်၊ Friendster သွားလိုက်၊ ဓါတ်ပုံလေးတင်လိုက်၊ ဂိမ်းလေးတွေရှယ်လိုက်နှင့် အချိန်ကို အလဟဿဖြုန်းပစ်နေတဲ့လူငယ်တွေလည်းများလာပါတယ်။ ဒါကတော့ လုံးဝမကောင်းတဲ့အချက်ပါ။ နောက်အဲ့ဒီလိုနေရာတွေမှာ တင်ဖို့ဆိုပြီး ဓါတ်ပုံ၊ ဗီဒီယို၊ သီချင်း စတာတွေကို လိုက်လံစုဆောင်းကြတာလည်း တရားမ၀င်တဲ့နည်းလမ်းတွေကို အသုံးများလာကြပါတယ်။ ဒါဟာ ဥပဒေနှင့်ငြိစွမ်းပြီး တော်တော်ဒုက္ခရောက်မဲ့ကိန်းတွေပါပဲ။ ဘလော့ခ်မှာ သူများဓါတ်ပုံယူတင်တာတောင် ထောင်နှစ်ချီပြီးကြနိုင်ပါတယ်။ IP Laws တွေဆိုတာကို မေ့လျော့လာခြင်းတွေပေါ့ဗျာ။
အဲ့တော့ MySpace လို အရာတွေကို ပိတ်ပစ်ရတော့မှာလားဆိုတော့လဲ မဟုတ်ပါဘူး။ နည်းပညာကို ပိတ်ပင်ခြင်းဟာ သူတို့ကို နည်းပညာကို လုံလုံခြုံခြုံ သုံးနည်းသင်ပေးတာ မဟုတ်ပါဘူး။ ဘယ်လိုဆိုက်တွေကိုသာ ၀င်ကြည့်ရမယ်လို့ နီတိအရရော၊ စဉ်းစားဆုံးဖြတ်နိုင်စွမ်းအရရော သင်ပေးလိုက်တာမဟုတ်ပါဘူး။ အထူးသဖြင့် အမေရိကန်က ကျောင်းတွေမှာ အဲ့လို Facebook လိုဆိုက်တွေကို ပိတ်ဖို့စဉ်းစားတာဟာ ပိုက်ဆံမတတ်နိုင်တဲ့ကလေးတွေ၊ ကွန်ပျူတာမရှိတဲ့ ကလေးတွေအတွက် ကျောင်းပြင်ပ၊ အိမ်မှာဆိုရင် peers တွေနှင့် အဆက်အသွယ်ဖြတ်ခံလိုက်ရ သလိုပါပဲ။ နောက်ပြီး အဲ့လို social sites တွေကို ပိတ်ပစ်ခြင်းအားဖြင့် Safe Sex တွေ၊ ဘာတွေ ဖြစ်လာမယ်ဆိုတာလည်း အကုန်မမှန်ပါဘူး။ R.E ကို ကျောင်းမှာသာကောင်းကောင်းသင်ပေးဖို့က အရေးကြီးပါတယ်။ နောက် လူငယ်တွေရဲ့  အတွေးအခေါ်ထုတ်ဖော်ခွင့်ကို ကျောင်းတွေက Blog တွေကို Ban ခြင်းအားဖြင့် ပိတ်တယ်ဆိုတာ တော်တော်လွန်ပါတယ်လို့ နည်းပညာ လေ့လာသူတွေက ပြောကြပါတယ်။
နောက်ဆုံးအနေနှင့် ကျွန်တော်တို့ကြည့်မယ်ဆိုရင် ဒီလို ၀ဗ်၂.၀၊ ဆိုရှယ်ဆိုက်တွေ ဟာ ဆယ်ကျော်သက်တွေကို Skills တွေ တော်တော်များများလည်း သင်ပေးပါသေးတယ်။ Photos, Videos Editing တွေ၊ Music Creationg တွေ၊ Web Layout တွေက အစ Widgets/Apps Developing တွေ၊ အင်တာနက်ကိုသုံးပြီး အချက်အလက်တွေကို နေ့စဉ်ဘ၀အတွက် မြန်မြန်ဘယ်လိုရှာမလဲဆိုတာတွေကိုပါ သင်ပေးတဲ့နေရာတွေဖြစ်နေတယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။ နောက်ပြီး ဘာပစ္စည်းသစ်ပဲထွက်ထွက် ၁ယောက်နှင့် ၁ယောက် လက်တို့ပြီး ၀ယ်ယူအားပေးနိုင်တဲ့ Marketplace ကြီးမို့လို့ စီးပွားရေးသမားတွေကလည်း မျက်စိကျကြပါတယ်။ ကောင်းကောင်းသုံး၊ ကျူးကျူးလွန်လွန်တွေ မဖြစ်ရင်၊ တန်ဆေးလွန်ဘေးဆိုတဲ့ စကားနှင့်အညီ ဆေးဝါးဖြစ်မဲ့ နေရာလေးတွေပါလို့ ဆိုချင်ပါတယ်။
ကျွန်တော်တို့ ၀ဗ် ၃ ပွိုင့် အိုး ဆိုတာကိုလည်း စောင့်ကြည့်ကြရအောင်ဗျာ။
Rgds,
WaiPK

