I'm not a Mac-news-reporter :|
ဒါကို သူငယ်ချင်းတစ်ယောက်ကပြောတယ်၊ မက်ခ်သတင်းတော့ လူတွေက အင်္ဂလိပ်လိုသိပ်မဖတ်တော့၊ စိတ်ဝင်စားမှုလည်းနည်းတော့ ဘာသာပြန်ပြီးရေးတာကောင်းပါတယ်တဲ့။ သူပြောတာလည်း မမှားပါဘူး။ တချို့လူတွေ အကျိုးရှိတဲ့အတွက်ဝမ်းသာပါတယ်။ ဘာပဲဖြစ်ဖြစ်ဗျာ၊ ကျွန်တော်က ဆောင်းပါးတွေ၊ အမြင်တွေရေးရတာကိုပဲ ပိုကြိုက်ပါတယ်။ ကျွန်တော့် ပညာရေး၊ လူမှုဘ၀နှင့် သက်ဆိုင်တဲ့ သတင်းတွေကို ဒီ personal blog မှာ ရေးတာကတော့ သင့်တော်ပါတယ်လို့လည်း ယူဆပါသည်။ အဲ့တော့ မက်ခ်သတင်းရေးတဲ့လူလို့ ခေါ်ဝေါ်သမုတ်ကြလျှင် ကျွန်တော့်မှာ စိတ်ထဲတွင် ကလိကလိဖြစ်ရပါသည်။ အတင်းကာရော မက်ခ်တွေရေးမိတဲ့ အကြောင်းကြောင့်လို့ လက်ညှိုးထိုးရင်လည်း မမှားပါ။
အဲ့တော့ အဓိကပွိုင့်က သတင်းရေးတော့ရေးပါမည်။ စိတ်ဝင်စားတာလေးတွေရှိရင် ၊ အရမ်းကိုဟော့နေတာတွေ၊ ရှိရင်ပါ။ ဒါပေမယ့် အဲ့ဒါကလည်း ကျွန်တော် အခြားသတင်းဆိုက်၁ခုမှာ စမရေးခင် အချိန်အတွင်းသာဖြစ်မယ်ထင်ပါတယ်။ နောင်ဆိုရင် ဒီ Personal Blog ကတော့ ကျွန်တော့် Personal တွေ့ရှိမှုတွေ၊ ကြုံတွေ့မှုတွေသာ ပိုများလာပါလိမ့်မယ်ထင်ပါသည်။
ဆိုတော့ … ကွန်ပျူတာ အကြောင်းရေးသူလို့သာ ပြောင်းလဲ သမုတ်ကြပေကုန်။ မက်ခ်တင်မက ၊ ဂျားကော၊ ခွက်ပါ လေ့လာလိုက်စားကြောင်းလည်း အငြားသိဇေရန် ထုတ်ဖော်အပ်ပါသည်။
Rgds,
WaiPK

