Leopard Review – Finally, I have played on it !
အဲ့ဒါနှင့် ကျွန်တော်လည်း ၀ယ်ချင်နေတာ မနေနိုင်တာနှင့် ဒီနေ့ Funan ရောက်သွားတယ်။ အဲ့ဒီမှာလည်း တရစပ်ရောင်းနေရတာဗျာ။ စက်တွေအကုန်လုံးလည်း Leopard Installed တွေကြီးပဲ။ ဘာရမလဲ သွားစမ်းကြည့်တာပေါ့။
မြန်ချက်ကတော့ သူ့ဝဗ်ဆိုက်မှာ ကြော်ငြာထားတဲ့အတိုင်းပါပဲ။ Multi-Core Processor / 64bit ရှိတဲ့လူတွေဆိုပိုပြီးသိပါလိမ့်မယ်။ OS ရဲ့ အဓိက၀င်ရိုးကိုပါ ပြန်ပြင်ထားတဲ့ ဒီOSရဲ့ မြန်ချက်ကတော့ လန်ထွက်နေတာပဲ။ ကျွန်တော် Safari, Firefox ကောက်ဖွင့်ကြည့်လိုက်တာ ချက်ခြင်းတက်လာတယ်။ နောက်ပြီး iMovie, iWeb စတဲ့ ခပ်အကောင်ကြီးကြီး ဆော့ဖ်ဝဲတွေလည်း ချက်ခြင်းသုံးလို့ရတယ်။ မြန်ပါပေ့။
Coverflow ကလည်း လှပါ့ဗျာ။ မြန်လည်းမြန်ပါတယ်။ ပီဒီအက်ဖ်ဖိုင်လေးတွေ၊ ဓါတ်ပုံလေးတွေ၊ သီချင်းတွေကို ချက်ခြင်း အတွင်းထဲထိလှိုက်မြင်ရတယ်။ နောက်သိပ်အားမရသေးဘူးဆိုရင် Space Bar တစ်ချက်နှိပ်လိုက် Quick Look ပေါ်လာမယ်။ Animation ကတော့ လုံးဝ အထစ်အငေါ့မရှိပါဘူး။ ကျွန်တော် Quick Look သုံးပြီး Undermyskin Album ထဲက သီချင်းတစ်ပုဒ်တောင် စမ်းဖွင့်ခဲ့သေးတယ်။ ရှယ်ပဲ။
Expose ( မက်ခ်သမားတွေတော့ သိမှာပါ။ ) လို့ခေါ်တဲ့ ၀င်းဒိုးတွေ ဖွင့်ထားတဲ့ Application တွေ ကိုယ့်မျက်စိရှေ့အကုန်ရောက်လာအောင်လုပ်တဲ့ Function ကိုလည်း စမ်းခဲ့သေးတယ်။ ခလုတ်တစ်ချက်နှိပ်လိုက်တာနှင့် ကျွန်တော်သုံးထားတဲ့ Spaces ၄ခုလုံးပေါ်လာပြီး ရှိသမျှဝင်းဒိုးတွေ မြင်ရတယ်။ Space ၁ခုကနေ ၁ခုကို Application တွေ ရွှေ့တာလဲ ဘာမှ အထစ်အငေါ့မရှိခဲ့ပါဘူး။ Movies တွေလည်း အေးဆေးရွှေ့လို့ရတယ်။
နောက် Dock အသစ်နှင့် Stacks တွေကိုလည်း စမ်းခဲ့ပါတယ်။ နည်းနည်းမသုံးဖူးတော့ အသစ်အဆန်းဖြစ်နေပေမဲ့ တော်တော်လှတဲ့ ပစ္စည်း၁ခုပါပဲ။ Menubar, Dock တွေက ဖောက်မြင်နေရတဲ့ Transparent ဖြစ်သွားတာ၁ခုပဲဗျာ။ Vista ကိုကြည့်လိုက်ရသလိုပဲ၊ အဲ့ဒီအပိုင်းလေးက။ နည်းနည်းတော့ဘ၀င်မကျဘူး။
အဲ့နောက်ဆုံးမေ့တော့မလို့ Spotlight ကိုလည်း စမ်းခဲ့သေးသပ။ Quicksilver သုံးနေကျဆိုတော့ မြန်ပါ့မလားလို့စဉ်းစားနေတာ ဒီ Spotlight အသစ်က ပိုတောင်မြန်တယ်လို့ခံစားမိပါတယ်။ စာလုံး၁လုံးရိုက်လိုက်တာ Dicitionary ပေါ်လာပြီး ဘာအဓိပ္ဗါယ်လဲဆိုတာ ချက်ခြင်းပြပေးတယ်။ နောက် System နှင့်ပတ်သက်တဲ့ တခြားဟာလေးတွေ ကလိမလို့ပဲ နည်းနည်းပဲကြည့်ခဲ့ရတယ်။ ၀ယ်မဲ့လူတွေပြုံဝင်လာလို့ ဆိုင်ဝန်ထမ်းကို ဈေးမေး ဘာညာပြုပြီး ပြန်ပြေးထွက်လာရတယ်။ ကျွန်တော့် ဘေးမှာတော့ အနောက်တိုင်းသား သုံးလေးယောက်က ခွေဘူးလေးတွေ တကိုင်ကိုင်နှင့် ကျေနပ်နေကြတယ်။
၂၃ဂ စလုံးဟာ ကျောင်းသားတွေ အတွက်တော့ များတယ်လို့မြင်ပါလိမ့်မယ်။ မှန်ပါတယ်။ ဒါပေမယ့် ဗစ်စ်တာကို ဘူးပေါင်းသောင်းခြောက်ထောင်၊ ကြော်ငြာဆိုင်းဘုတ်တကားကားနှင့် တက္ကစီပေါ်မှာတောင် ကြော်ငြာထားတာတောင်မှ၊ ဈေးကြီးလို့ မ၀ယ်တာကိုတွေ့နေရပါတယ်။ ကြွားတာမဟုတ်ပါ။ ကျွန်တော်ခုသုံးနေတဲ့ အလကားရထားတဲ့ vista busines က စလုံးမှာ ဈေးတော်တော်ပေါက်ပါတယ်တဲ့။ စဉ်းစားလို့ကိုမရပါဘူးဗျာ။ Ultimate ဆိုရင် ပိုတောင်ဈေးကြီးသေးတယ်။ ကျွန်တော် ကတော့ ဂိမ်းကစားတာကလွဲပြီး ဘာမှမသုံးဖြစ်ပါဘူး။
ထားပါတော့၊ ရန်ပွဲတွေစဖြစ်လိမ့်မယ်။ ဒါနှင့် ကျွန်တော့်ဆီမှာ Vista Basic Edition ၁ခု၊ Vista Ultimate Edition ၁ခု ရောင်းရန်ရှိပါတယ်။ စိတ်ဝင်စားသူများ အီးမေးလ်ပို့ပြီးမေးမြန်းနိုင်ပါတယ်ခင်ဗျာ။ တွေ့တယ်မဟုတ်လား ကျွန်တော် ဗစ်စ်တာ ဘယ်လောက် ချစ်သလဲဆိုတာ၊ packing လိုက် သိမ်းထားတယ်၊ ရောင်းစားဖို့ ၊ ကွိကွိ။
အဲ့ ကျွန်တော်တို့ Leopard သွင်းမဲ့လူများ ဟောဒီလင့်ခ်တွေကို သွားကြည့်ဖို့လည်းမမေ့ပါနှင့်။ Backup တွေဘာတွေ လုပ်ဖို့ ပြသပေးထားတဲ့ နေရာတွေပါ။ Link 1, Link 2.
Happy 10.5 days.
Rgds,
WaiPK

