Macbook – Pixel Shader = No PES 2008?
ထားပါတော့၊ Pixel Shader ကဒီလောက်ပါပဲ။ အခု ပြောချင်တာက PES 2008 ပါ။ ကျွန်တော့် Macbook ရဲ့ GMA 950 လေးကို သူက အဆင့်မမှီဘူးပြောပါတယ်။ Pixel Shader 1.0 တောင် မပါဘူး ပြောနေလို့ပါ။ ဒါနှင့် ဂိမ်းကစားတော့ Warning တက်ပါတယ်။ သို့သော် ကစားလို့ရပါတယ်။ Ignore သာနှိပ်လိုက်ပါ။ ဒီနေရာမှာ မကျေမနပ်ဖြစ်မိတာက Pixel Shader 2.0 ထိကောင်းကောင်း လက်ခံနိုင်တဲ့၊ ( DirectX 9.0c သုံးရင် 3.0 ထိတောင်ရပါတယ်) GMA 950 ကို ဂိမ်းက အဆင့်မမှီဘူးပြောခြင်းကိုပါ။ အစဉ်တစိုက် အားပေးလာခဲ့တဲ့ Konami ရဲ့ လုပ်ရပ်က ဒီတခါ တော်တော် ဆိုးသွားပါတယ်။
အဲ့တော့ လောလောဆယ်တော့ နည်းနည်းသည်းခံပြီး Ignore နှိပ်နှိပ်ပြီး ကစားကြပေါ့ဗျာ။ စိတ်ရှုပ်တဲ့လူတွေလည်း 3DAnalyze ဆိုတဲ့ ဆော့ဖ်ဝဲသုံးပြီး Pixel Shader ကို Emulate လုပ်ပြီး ကစားနိုင်ပါတယ်။ အဲ့ဒီ ဆော့ဖ်ဝဲဟာ သင့် ကွန်ပျူတာမှာ အဆင့်မြင့် ဂရပ်ဖစ်ကဒ် ရှိသယောင် ဟန်ဆောင်ပြီး စက်နှင့် အဆင့်မမှီလို့ တားမြစ်ထားတဲ့ ဂိမ်းတွေကို ကစားနိုင်ပါတယ်။ ဥပမာ NFS Carbon လိုဟာမျိုးပေါ့။ ဒါပေမယ့် PES နှင့်တော့ အဆင်မပြေဖြစ်နေပါသေးတယ်။ Konami ရယ် ရက်စက်ပါပေ့။ ..
သုံးကြည့်ပါ။ ပျော်ဖို့ကောင်းပါတယ်။ သင့်ဂရပ်ဖစ်ကဒ် မီးမလောင်ကြောင်း ၁ ရာခိုင်နှုန်းအာမခံပါသည်။
Rgds,
WaiPK

