Boring Boring Week
အလုပ်များတာက တစ်ချက်ရယ်။ ဘာ ထူးထူးခြားခြား နည်းပညာ သတင်းရယ်မှ မရှိဘဲ။ ပြီးခဲ့တဲ့ အပတ်က ဂူဂယ်က သူ့ Android ကြီးကို ကြော်ငြာသွားပြီး ပြီးသွားတယ်။ အမေရိကန်မှာ စတော့ခ်မားကတ်လည်း ဂယက်ရိုက်နေတာမို့ ပန်းသီး၊ အင်တဲလ်၊ ဂူဂယ် ဈေးတွေအကုန်ထိုးကျပြီး ခပ်လေးလေးကြီးဖြစ်သွားတဲ့ သီတင်း၁ပတ်ပဲလို့ ဆိုရမယ်။
ပိုဆိုးတာက International Week ဆိုတော့ ဘောလုံးပွဲတွေလည်း နားထားတယ်ဗျာ။ တနေ့တနေ့ အင်္ဂလန်အသင်း ဘယ်ပုံဘယ်နည်း မာလကမလဲ ဆိုတာကိုဘဲ နည်းအမျိုးမျိုးနှင့် ဆွေးနွေးနေကြတယ်။ အစ္စရေးက ရုရှားကို သမလိုက်လို့ ပျော်သွားတဲ့ မက္ကလာရင် မျက်နှာကြီးလည်း သတင်းစာထဲမှာ ထောင့်စုံအောင်ပါလာတယ်ဗျ။
ဒီမနက်မှာတော့ အမေဇုန်ရဲ့ Kindle က တစ်ချက်တော့ ထလှုပ်လှုပ်ရှားရှားဖြစ်လိုက်သေးတယ်။ ကျွန်တော်ကတော့ အီးဘွတ်ခ်ဖတ်ရတာ မျက်စိညောင်းလို့ အဲ့ဒီစက်ကို သိပ်စိတ်မ၀င်စားသေးဘူး။ နောက်ကောင်းတယ်ဆိုမှ ကြည့်ပြီး ရီဗျူးလုပ်တာပေါ့ဗျာ။
စင်္ကာပူမှာတော့ အိုင်ဖုန်း နောက်လ ရောက်မယ်ကြားတယ်။ Starhub ရဲ့ Contract နှင့်ဆိုပဲ။ ၀ယ်ချင်တဲ့လူများတော့ ပိုက်ဆံစုထားပေရော့။
ဆောင်းပါးသုံးလေးခု ရေးစရာတွေတော့ နောက်နေ့မှပဲရေးတော့မယ်။ ခုတော့ စာအုပ်သွားဖတ်လိုက်ဦးမယ်ဗျိုး။
Rgds,
WaiPK

