Thx Giving – Black Fri – IDP Interview !
ဒီအပတ်ကတော့ ထူးခြားတဲ့ရက်ထူးနေ့ထူးတွေနဲ့ ပြီးသွားပါပြီ။ အာဆီယံ ဆွေးနွေးပွဲကြောင့် ကျွန်တော့် အလုပ်ပတ်ပတ်လည်မှာလည်း ရဲတွေ၊ လုံခြုံရေးတွေနှင့် ရှုပ်ယှက်ခတ်နေခဲ့ပါတယ်။
အမေရိကန်မှာ နိုဝင်ဘာ ၂၂၊ Thanksgiving ကြောင့်အကုန် အလုပ်ရှုပ်နေတဲ့အတွက် ဘလော့ခ်တောင်မရေးနိုင်ကြပါဘူး။
အဲ့ဒီနေ့ ပြီးတဲ့နောက်တနေ့ကို Black Friday လို့ခေါ်ပါတယ်။ အဲ့နေ့ဟာ ရှော့ပင်းထွက်လို့ အကောင်းဆုံးလို့ဆိုကြပါတယ်။ ဈေးတွေလည်း မတရားလျှော့ပေးထားပါတယ်။ စင်္ကာပူ တူဒေး သတင်းစာမှာတောင် မနေ့က အချပ်ပိုတွေ အထပ်လိုက်နှင့် ဈေးလျှော့ကြော်ငြာတွေပါပါတယ်။ နောက် ကျွန်တော် Apple Products တွေ ဈေးတော်တော်ချထားတာတွေကိုတော့ တွေ့လိုက်ပါသေးတယ်။

အခုတလောတော့ စာရေးဖို့ မဖြစ်နိုင်ပါဘူး။ ကျွန်တော်ဒီနေ့လည်း တနေကုန် ကျောင်းကိစ္စ အင်တာဘူးတွေ လျှောက်သွားနေပါတယ်။ အလုပ်များတဲ့ဘ၀ကို ရတုံးလေးယူနေပါတယ်။ =p အဖေ့ဆီက ပိုက်ဆံဘယ်လို ချေးရမလဲဆိုတာ စဉ်းစားနေတာ ခေါင်းလည်း အသေနောက်နေတော့တာပါပဲ။
ှမက်ခ်ဘွတ်ခ်သေးသေးလေးတွေ ထွက်တော့မယ်လို့ အနံ့ရထားပါတယ်။ လောလောဆယ်တော့ ကျွန်တော် OSX 10.5 Leopard ကို Upgrade နေပါပြီ။ =) နောက်ဘာဆက်ဖြစ်မလဲ ထပ်ရေးပါ့မယ်။
Rgds,
WaiPk
p/s Starhub မှာ ဒီနေ့ မန်ယူပွဲ မပြတဲ့အတွက်လည်း ၀မ်းသာပါ၏။