Bad Weather, CES and a Trip
- ပန်းသီးရဲ့ ဒါရိုက်တာဘုတ်မှာ Andrea Jung ကိုခန့်လိုက်ပါတယ်။ ပရင်စတန်တက္ကသိုလ်ကကျောင်းဆင်းပြီး တရုတ်လူမျိုးလည်းဖြစ်တဲ့ ထိုအမျိုးသမီးဟာ အလှကုန်ဈေးကွက်မှာ အင်မတန်နာမည်ကြီးပါတယ်။ ကမ္ဘာ့အကြီးဆုံး အလှကုန်ပစ္စည်းဖြန့်ဖြူးရေး စီးပွားရေး ကုမ္ပဏီကြီးဖြစ်တဲ့ Avon မှာ စီအီးအိုလုပ်နေပြီး သူ့ရဲ့ အတွေးအခေါ်တွေက ပန်းသီးကို အများကြီးအထောက်အကူပြုမှာပါ။ လက်ရှိ ဒါရိုက်တာတွေစာရင်းကို ကြည့်ချင်ရင် ဟောဒီမှာသွားကြည့်ပါ။
- မက်ခ်ဝေါလ်မှာ ပစ္စည်းအသစ်တွေထွက်မယ်ဆိုတော့ ဇန်န၀ါရီ၁၅ကို စောင့်ကြည့်နိုင်ပါတယ်။ တိုက်ရိုက်ဗွီဒီယို မလွှင့်ပေမဲ့ MacRumorsLive.com မှာ ဓါတ်ပုံတွေ စာတွေတင်မယ် ပြောပါတယ်။
- Get a Mac ကြော်ငြာအသစ်တစ်ခုထွက်လာပြီး ဒိုင်လူကြီးလို့ အမည်ရပါတယ်။ ကြည့်လိုက်ပါဦး။
- Business Week က ရီပို့အရဆိုရင် စတီးဗ်ဂျော့က အခုဟောလီးဝုဒ်ကုမ္ပဏီကြီးတွေနှင့် ညှိနှိုင်းနေပါတယ်တဲ့။ Hulu တို့ဘာတို့ နေရာယူလာတာကိုကြည့်ပြီး လူတွေက ပန်းသီးတော့ ရုပ်ရှင် industry မှာ ရှုံးလေပြီဆိုပြီး၊ ဒါပေမယ့် ကျွန်တော့်အမြင်အရဆိုရင် အရမ်းစောနေပါသေးတယ်။ P2P ကိုကြည့်မလား။ User Generated Contents (UGC) ကိုကြည့်မလား။ VOD ကိုကြည့်မလား။ Rentals ကိုကြည့်မလား။ အရမ်း Fragmented ဖြစ်နေတယ်ထင်ပါတယ်။ စောင့်ကြည့်ရမဲ့ပွဲ၁ခုပါ။
- Intel က ပြီးခဲ့တဲ့ရက်အနည်းငယ်က Penrym ပရိုဆက်ဆာကို CES မှာ တရားဝင်ထုတ်ပါတယ်။ ၁၆မျိုးပါ။ အဲ့ဒီ ၄၅ နာနိုမီတာချစ်ပ်တွေဟာ မက်ခ်ဖိုရမ်တွေ၊ ဘလော့်ခ်တွေမှာတော့ အတော်နာမည်ကြီးနေတာကြာပါပြီ။ အသစ်ထွက်မဲ့ Sub-urb notebook တွေမှာ သုံးမယ်ဆိုလို့ပါ။

