Open House First Day – Good
- RSS ဖတ်ရန် reader တွေ ထုတ်ရာမှာ နာမည်ကြီးတဲ့ NetNewsWire က အခု မက်ခ်အတွက် client ကို free ပေးလိုက်ပါပြီ။
- InfoWorld ကပေးတဲ့ Best OS and Best Notebook ဆုတွေကို Leopard နှင့် MacbookPro တို့ရသွားပါတယ်။
- Opera က အိုင်ဖုန်းအတွက် ထုတ်မယ်တဲ့။ ကမ္ဘာပေါ်မှာရှိသမျှ device တွေ အားလုံးပေါ်မှာ အော်ပရာက browser လိုက်ထုတ်နေလားမသိ။
- Paralles Server 3.0 ထွက်လာပြီး Mac Server OS တွေ အများကြီးကို စက်၁လုံးထဲမှာ တပြိုင်တည်း သုံးနိုင်အောင်လုပ်ထားပါတယ်တဲ့။
- iTunes Rental ကို ဟောလီးဝုဒ်ဆရာကြီးတွေနှင့် ညှိနှိုင်းပြီး ထွက်ရှိအောင်လုပ်နေပါပြီတဲ့။ paramount, fox, disney စတဲ့ နာမည်ကြီးတွေပါပါတယ်။
- MacHeist2 က ထပ်ထွက်လာပြီး ၀ယ်ကိုဝယ်သင့်ပါတယ်လို့ အကြံပြုပါရစေ။ တန်ဖိုး ၃၀၀ ကျော်တန်ကို ၄၉ ကျပ်နှင့် ရောင်းတယ်ဆိုတာ အင်မတန် တန်နေပါပြီ။ ဆော့ဖ်ဝဲတွေက အလန်းတွေကြီးပါပဲ။
- Wired Blog က ဒီကနေ့ စိတ်ဝင်စားစရာ အိုင်ဖုန်း လျှို့ဝှက်ချက်တွေကို ထုတ်ပြလိုက်ပါတယ်။ သူ့ရဲ့ သမိုင်းတွေ၊ အားထုတ်မှုတွေကို ထောက်ပြထားပါတယ်။ ကျွန်တော် နောက်များမှ ဘာသာပြန်ရေးပါမယ်။

