More points to airy Macworld 2008
Yesh, again, another post in Burmese
EN Reviews are overwhelmingly posted around the globe. So this is just for you, my Burmese folks.
မနက်ကပို့စ်ကို Keynote ကြည့်ပြီး ထပ်မံဖြည့်စွက်ခြင်းဖြစ်ပါတယ်။ Macbook Air မှာ
- Ethernet အတွက် Dongle လေး ၁ခု ၀ယ်ထည့်ရပါမယ်။ လုံးဝပါးနေအောင်လုပ်ထားတဲ့အတွက် Compromise လုပ်လိုက်ရတာတွေထဲမှာ အဲ့ဒါလေးပါသွားတယ်။
- Firewire မပါတော့ပါဘူး။
- ၁ လက်မဒုထက်ပါးလွှာနေပြီး။ လက်ရှိအပါးဆုံးလို့ ပြောကြတဲ့ Sony TZ Series ရဲ့ အပါးဆုံးအပိုင်းထက် ၄၀% လောက် ပိုပါးပါတယ်။
- DVD writer ကိုလည်း ဖြုတ်ထားပါတယ်။ ဒါပေမယ့် သပ်သပ်ဝယ်လို့ရပါတယ်။ တော်တော်လှတဲ့ External drive လေး၁ခုပါ။ လူတွေကို အွန်လိုင်းကနေပိုပြီး အလုပ်လုပ်အောင် တွန်းဆော်လိုက်တာဖြစ်ပါတယ်။ ရုပ်ရှင်တွေ သီချင်းတွေကို wirelessly transfer လုပ်စေချင်တဲ့သဘောလည်းပါပါတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံတွေအတွက် သိပ်မကိုက်သေးပေမယ့် အင်တာနက်ထွန်းကားတဲ့ တိုင်းပြည်တွေမှာ သင့်လျှော်ပါတယ်။
- Remote Disc ဆိုတဲ့ တခြားMac မှာ ခွေထည့်လိုက်တာနှင့် ကိုယ့် Macbook Air စက်မှာ ပေါ်လာတဲ့ စနစ်၁ခုပါပါတယ်။ အဲ့ဒီအတွက် အပေါ်က ပြောတဲ့ writer လေး မ၀ယ်လည်းရပါတယ်။ ကျွန်တော် ယုံကြည်ပါတယ်။ နောက်ပိုင်းမှာ third-party တွေက ဆော့ဖ်ဝဲအသစ်တွေထွက်လာပြီး Mac တင်မကတော့ဘဲ သင်တို့ရဲ့ ၀င်းဒိုးမှာ ရှိပြီးသား CD/DVD drives တွေနှင့် ချိတ်ဆက်အသုံးပြုနိုင်မှာပါ။
- 802.11n , Bluetooth 2.1 EDR+, Built in iSight စတဲ့ ပုံမှန် ဆက်သွယ်ရေးပစ္စည်းတွေ အကုန်ပါပါတယ်။ Apple Remote တော့ မရဘူးလို့ ထင်တာပဲ။
- Motherboard ကြီး ၁ခုလုံးက ခဲတံ တစ်ချောင်းစာ အရှည်ပဲ ရှိပါတယ်။
- Mercury free, PVC free, whatever dirty craps free. အလျူမီနီယမ်စစ်စ်နှင့် လုပ်ထားတဲ့အတွက် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို လုံးဝ မဖြစ်စေတဲ့ ပထမဆုံး notebook ပါ။
iTunes Rental နှင့်ပတ်သက်ပြီးတော့ဆိုရင်
- Hollywood မှာ ရှိသမျှ Major Studios တွေနှင့် ချိတ်ဆက်ပြီးသွားပါပြီတဲ့။ ဘယ်လိုလုပ်လိုက်လဲမသိ။ နည်းပညာပိုင်းက လောကကြီးမှာ လုပ်လို့ရပါတယ်။ ဟိုလိုဒီလိုလုပ်လိုက်ရင် ဖြစ်ပါတယ်။ အဓိကက လူတွေနှင့် ညှိနှိုင်းရတာပါပဲ။ အဲ့ဒီ အမြတ်မရရင် ဘာမှမလုပ်တဲ့ ကောင်တွေနှင့် အကုန်ညှိလို့ရသွားတယ်ဆိုတာ အံ့မခန်းပါပဲ။
- 500 billion songs ရောင်းပြီးပြီလို့ဆိုပြီး။ ခရစ်စမတ်၁ရက်ထဲမှာပဲ သန်း၂၀တောင်ရောင်းရတယ်တဲ့။ ဖရား။ TV show သန်း ၁၅၀ ကျော်ရောင်းပြီးနေပြီး သူ့စံချိန်ကို တခြားပြိုင်ဘက်တွေ ဘယ်လိုမှ မယှဉ်နိုင်သေးပါဘူး။ အခု Rentals ကတော့ ကြည့်ကောင်းမှာပဲ။
iPod Touch & iPhone မှာ
- အဲ့ဒီ Triangular GPS က SkyHook ရဲ့ Service ကော၊ Google ရဲ့ Service ကော သုံးထားတာပါ။ အဲ့ဒါကြောင့် ဒီကောင် ဒီလောက်မြန်နေပြီး locate လုပ်တာ လန်ထွက်နေတာ။ Skyhook က ၀ိုင်ဖိုင် Hotspot ကြီးပဲ ၂၄ သန်းကျော် ရှိပါတယ်တဲ့။
ဒီလောက်ပါပဲ။ ကျွန်တော်သိသလောက် ပြန်ရှယ်ပေးလိုက်တာပါ။
Rgds,
WaiPK

