Microsoft smack whilst Google disappoints
ကျွန်တော် အပြင်ကပြန်ရောက်တော့ ထူးထူးခြားခြား သတင်း၁ခု တွေ့လိုက်တယ်။ အီရတ်မှာ အရူးမတွေ ဗုံးခွဲတဲ့သတင်း၊ အိုဘားမား နှင့် ကလင်တန် စကားရည်လုတဲ့ သတင်း၊ တရုတ်မှာ ရထားတိုးစီးကြတဲ့ သတင်းတွေ မဟုတ်ပါဘူး။ မိုက်ခရိုဆော့ဖ်က ယာဟူးကို ၀ယ်မယ်ဆိုတာပါ။ အရင်ကတည်းက ရှိနေခဲ့တဲ့ ကောလဟာလဖြစ်ပေမယ့် အခု တကယ်အတည် တရားဝင်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ရှယ်ယာ၁ခုကို ၃၁ ဒေါ်လာပေးပြီး ၄၄.၆ ဘီလျံဖိုး ပေးဝယ်မှာ ဖြစ်ပါတယ်။ ယာဟူးက ရှယ်ယာဝင်တွေ အနေနှင့် ပိုက်ဆံယူမလား၊ မိုက်ခရိုဆော့်ဖ် ရှယ်ယာတွေ ယူမလားဆိုတဲ့ ရွေးချယ်စရာ၂ခု ရှိပါတယ်။ နောက်ရက်အနည်းငယ်အတွင်းမှာတော့ ကျွန်တော်တို့ သတင်းအတိအကျ သိရမှာပါ။
နောက်တစ်ချက်က ဂူဂယ်ခံလိုက်ရတဲ့ သတင်းပါ။ သူတို့ရဲ့ quarterly results တွေကို ထုတ်ပြန်ကြေညာရာမှာ မှန်းထားတာထက် လျော့နည်းနေတဲ့အတွက် ပညာရှင်တွေက ထင်ကြေးအမျိုးမျိုးပေးနေကြပါတယ်။ အမေရိကန်စီးပွားရေး ထိုးကျတာကြောင့် အွန်လိုင်း ကြော်ငြာတွေ ဒုက္ခရောက်ကုန်ပါတယ်။ နောက်ပြီး ဂူဂယ်ရဲ့ Search တွေ၊ Web Apps တွေလည်း သိပ်မရောင်းရဘူး ဖြစ်နေပါတယ်။ သူ့ရဲ့ CEO Shmidth ကတော့ ၂၀၀၈ ကို အကောင်းမြင်နေပါတယ်။ ဒါပေမယ့် တချိန်ထဲမှာပဲ CFO Reyes ကတော့ Social Networking Sector မှာ ကြော်ငြာတွေ သိပ်မရောင်းရဘူးလို့ ၀န်ခံလိုက်ပါတယ်။ Facebook မှာ မိုက်ခရိုဆော့်ဖ်ရဲ့ IAB တွေ သိပ်ရောင်းကောင်းနေတာလည်း သူတို့အတွက် အရမ်းခံစားရခက်တဲ့ အခြေအနေတစ်ခု ဖြစ်လို့နေပါတော့သည်။ စောင့်ကြည့်ကြပေကုန်။ =P

