Happy Birthday Apple!

(this is not April fool, seriously!)

၃၂ ကြာခဲ့ပြီဖြစ်တဲ့ ဒီပန်းသီးကုမ္ဗဏီဟာ သူ့တစ်သက်မှာ ခဏခဏကျရှုံးခဲ့ရပါတယ်။ ကျွန်တော်တို့ မြင်နေရတဲ့ User Interface ဆိုတာကို Xerox ဆီက နည်းယူပြီး မထုတ်လုပ်မဖြန့်ခဲ့ရင် မည်းမည်းစကရင်သာ မြင်ရတဲ့ QDOS, DOS, Altair စတာတွေနှင့် အချိန်အကြာကြီး လုံးပန်းနေခဲ့ရနိုင်ပါတယ်။ ကနဦးကောင်းခဲ့သော်လည်း ပန်းသီးဟာ IBM ကို အာဟာရတိုက်ကျွေးမဲ့ ၀င်းဒိုးဟု နောင်တစ်ချိန်ဖြစ်လာမဲ့ GUI, OS architecture တွေကို မိုက်ခရိုဆော့ဖ်ဆီ ရောင်းစားခဲ့တဲ့အချိန်ကစပြီး ရွဲသွားလိုက်တာ ၂၀၀၀မှာ စတိဗ်ဂျော့ပြန်မလာခင်အထိပေါ့။

အခုဆိုရင်တော့ အိုင်ပေါ့၊အိုင်ဖုန်း၊ အင်တာနက်၊ ရုပ်ရှင်၊ ဂီတ၊ ကွန်ပျူတာ၊ ဆေးဝါးသိပ္ဗံ၊ အာကသသိပ္ဗံ၊ အားကစား၊ မော်တော်ကား စတဲ့နေရာတွေ အများကြီးမှာ Influence ဖြစ်တဲ့ Leader ၁ခု ပြန်ဖြစ်လာခဲ့လို့နေပါပြီ။

မကြိုက်တဲ့လူတွေက မကြိုက်ပေမဲ့လည်း သူ့ရဲ့ပြန်လာနေတဲ့ နှုန်းထားက ချီးကျူးစရာပါ။ မိုက်ခရိုဆော့ဖ်နှင့် စီးပွားရေးဌာနတွေမှာ လွှမ်းမိုးထားပုံခြင်း မယှဉ်နိုင်ပေမဲ့ .. တစ်ကိုယ်ရေသုံး၊ မိသားစုသုံး၊ အိမ်သုံး ကျောင်းသုံး Gadget တွေ၊ ပီစီ တွေမှာတော့ ပန်းသီးက ပြန်ပြီးလွှမ်းမိုးစပြုနေပါပြီ။

234x60

ပြိုင်ဆိုင်မှုတိုင်းဟာ ကျွန်တော်တို့ သုံးစွဲသူတွေအတွက် ကောင်းတာတွေသာ ယူလာမှာဖြစ်လို့ စိတ်ဝင်စားဖို့ကောင်းတဲ့ ပြိုင်ပွဲတစ်ခုလို့ပဲ ဆိုပါရစေ။

=D

အောက်မှာ လိုဂိုတစ်ချို့ကို ၀ီကီပီဒီယားမှ ကူးယူဖော်ပြလိုက်ပါတယ်။

1976 April 1st မှာ စတိဗ်ဂျော့ နှင့် စတိဗ်ဝေါ့ဇ်နစ်ခ် တို့ စတင်ခဲ့ပုံ၊ နယူတန် ပန်းသီး မှန်သွားတဲ့ ပုံဆိုပါတော့

ဒုတိယပုံက တွေ့တဲ့အတိုင်း ကာလာရောင်စုံနှင့် ဟိုဖက်တစ်ခြမ်းက စတိဗ်ဂျော့နှင့် ဘီလ်ဂိတ်ဘယ်သူလုကိုက်သွားလဲမသိ။

တတိယပုံက တော့ ပြောင်ပြောင် လက်လက် ဖြစ်လာတော့မယ်လို့ ရည်ညွှန်းပုံရပါတယ်။

Enjoy .. we wish them march on doing good stuff..!

Rgds,
-W

  • Share/Bookmark