Leaks Leaks Leaks (MS Stuff)

အင်္ဂလိပ်လို ခေါင်းစဉ်တပ်လိုက်ရင် ကျွန်တော့်ကို လာရစ်နေမဆိုးလို့။ (အဟီး) မိုက်ခရိုဆော့ဖ်ရဲ့ အင်မတန်ကောင်းတဲ့ ပရိုဂရမ်တွေ စလုံးကိုလာတော့မယ်လို့ အတွင်းထဲက မိတင်၁ခုကနေ ကြားသိထားရပါတယ်။

Channel 8 ကို သိကြလားမသိဘူး။ ကျောင်းသားတွေအတွက် လုပ်ပေးထားတဲ့ ဘီလ်ဂိတ်ရဲ့ပေါ်တယ် လေ။ တခြားချန်နယ်တွေလည်း ရှိပါတယ်။ ဒါပေမယ့် ဒီနေရာမှာ ကျောင်းသားတွေ အတွက် အဓိကကျတာက ချန်နယ် ၈ ပါ။ အဲ့ဒီမှာ ပရိုဂရမ်တော်တော်များများရှိပါတယ်။ အကောင်းဆုံးက dreamspark ပါ။ တခြားတိုင်းပြည်တွေ တော်တော်များများမှာ အခု VS08 နှင့်၊ သူနှင့် ပတ်သက်တဲ့ ဆာဗာတွေ development tools တွေကို အလကားပေးတဲ့ အစီအစဉ်ပေါ့။ စလုံးမှာ မလာသေးလို့ ကျွန်တော်တောင် တစ်ခါ ရီကွက်စ်ထ် လုပ်သေးတယ်။ အခု အထဲ သတင်းအရ မနက်ဖြန်မှာ ရှိသမျှ ဒီကကျောင်းတွေက ကျောင်းအုပ်တွေ၊ ဆရာတွေကို ခေါ်ပြီးပြမယ်။ အဲ့ဒီပရိုဂရမ်ကိုစမယ်လို့ ကြားပါတယ်။ စလုံးကကျောင်းသားတွေအတွက် မိုက်ခရိုဆော့ဖ် ဆော့ဖ်ဝဲတွေ ဈေးကြီးပေးမ၀ယ်ရတော့တဲ့ အခြေအနေတစ်ခုဖြစ်လာတော့မှာပေါ့ဗျာ။

နောက် students 2 business ကိုလည်း စမယ် ဆိုပါတယ်။ ဒီကောင်ကတော့ ဒီအပတ်လား နောက်တစ်ပတ်လားမသိဘူး။ အခုတော့ သူတို့ရဲ့ အလုပ်သမားတွေ၊ MSP တွေကို ထရိန်နင်ပြန်ပေးနေတယ်ပြောတယ်။ အဲ့ဒီ အစီအစဉ်ကလည်း စီးပွားရေးနှင့်သက်ဆိုင်ပြီး အင်မတန်ကောင်းပါတယ်။ အခုပြောခဲ့တဲ့ဟာတွေ အားလုံး အသေးစိတ်သိချင်ရင် Channel 8 MSDN ကို သွားကြည့်စေချင်ပါတယ်။

ဒီနေ့တော့ ကျွန်တော် Mix-it-up event သူတို့ဌာနချုပ်မှာ လုပ်လို့ မောင်သန့်ဇင်နှင့်အတူ သွားခဲ့သေးတယ်။ အိပ်ငိုက်တာနှင့် ခဏပဲနားထောင်ပြီး ပြန်လာခဲ့တယ်။ အဲ့က ဒီဒေသဆိုင်ရာ အကြီးအကဲက ကျွန်တော်တို့ကို မျက်မှန်းတန်းပြီး သိနေတော့ ပြုံးပြတယ်။ အစောကြီးထပြန်တော့ အတော်တော့ စိတ်ထိခိုက်သွားမှာပဲ.. အဟိ။ အကြောင်းအရာတွေကတော့ Linq တွေ အကြောင်းပါတယ်ဗျာ။ နောက်များမှ ရေးဦးမယ်။ သူတို့ဘယ်လောက်များ ဂုဏ်ယူနေတာလဲဆိုတာ မျက်နှာကြီးကိုဖြီးလို့။ ….. tsk tsk tsk … =P

Rgds,
WaiPK

  • Share/Bookmark