Skimming iPhone SDK

သတင်းအထွေအထူးမရှိသော ကာလဖြစ်၍ ကျွန်တော်တနေ့တနေ့ အိုင်ဖုန်း SDK ပဲ ထိုင်ဖတ်နေပါတယ်။ ပန်းသီးရဲ့ desktop အတန်းအစား operating system ၁ခုလုံးကို မိုဘိုင်းထဲထည့်ပေးလိုက်နိုင်တာ အင်ဂျင်နီယာတွေကို ချီူးကျူးပါတယ်။ လွယ်တယ်မပြောပါနှင့် Windows Mobile 6 ဘယ်လိုအခြေအနေရှိတယ်ဆိုတာ ကျွန်တော်တို့အားလုံးအသိပဲ မဟုတ်ပလား။ =D

အဲ့ဒီ iPhone OS ကို ထုံးစံအတိုင်း အလွှာတွေ အများကြီးနှင့်တည်ဆောက်ထားပါတယ်။ များတယ်လို့ပြောပေမယ့် တကယ်တမ်း အဓိကပိုင်းခြားကြည့်လိုက်ရင် လေးခုပဲရှိပါတယ်။ အောက်ဆုံးက Core OS ကြီးပါ။ Thread, Kernal, IO, File System, BSD Sockets တွေကိုထိန်းတဲ့နေရာပေါ့ဗျာ။ သူ့အပေါ်မှာ Core Services တွေရှိပါတယ်။ SQLite, XML, DNS Hosts တွေကို resolve လုပ်ချင်သလား၊ Security ကိစိပိစိတွေကို ထိန်းချုပ်ချင်သလား၊ ဒီနေရာမှာလုပ်နိုင်ပါတယ်။ ပင်ဂွင်းသမားတွေကတော့ Shell တွေလို့ခေါ်ချင်ခေါ်နိုင်ပါတယ်။ သူ့အပေါ်မှာကတော့ လှပတဲ့ Media လေယာရှိပါတယ်။ ဒီကောင်က ကျွန်တော်တို့ မြင်နေရတဲ့ အလှအပအနုအရွ လှုပ်ရှားမှုတွေကို ခြယ်မှုန်းတဲ့နေရာပေါ့။ OpenGL, OpenAL စတဲ့ ဖောင်ဒေးရှင်း framework တွေရှိတဲ့အပြင် open source နည်းပညာတွေ သုံးထားတဲ့အတွက် သင်အဲ့ဒီ Media Layer အတွက်ရေးပြီးတဲ့ ကုဒ်တွေကို တခြား open စနစ်တွေ support လုပ်တဲ့ platform တွေမှာလည်း ပြန်သုံးလို့ရပါတယ်။ နောက်ဆုံး အပေါ်ဆုံးမှာကတော့ Cocoa Touch ဆိုတာရှိပါတယ်။ .. ဒါနှင့် Cocoa ဆိုတာ ပန်းသီး OS X ရဲ့ ကုဒ်ရေးတဲ့ Framework ကိုခေါ်တာပါ။ ဒီအိုင်ဖုန်းအတွက်ကတော့ Touch လို့ရလို့ Cocoa Touch ပေါ့။ ပုံမှန် ကျွန်တော်တို့ Application တွေရေးရင် အဲ့ဒီလေယာနှင့်ပဲ သုံးသင့်ပါတယ်။ သူ့မှာရှိသမျှ function call တွေ အကုန်နီးပါး ထည့်ပေးထားလို့ Camera, Accelormeter, Vibration စတဲ့ hardware feature တွေတောင် ထိန်းချုပ်လို့ရပါတယ်။ အဲ့တော့ ဒီလေယာက အသက်လို့ခေါ်ရပါမယ်။ အလွယ်ဆုံးနှင့် ပရိုဂရမ်ရေးဖို့ အမြန်ဆုံးပါ။ … အဲ့နောက်ဆုံး စိတ်မကျေနပ်လို့ ဟိုး Core OS ကိုပါ ထိန်းချင်တယ်ဆိုလည်း အဆင်ပြေအောင် လုပ်ထားပေးပါတယ်။ လုပ်ချင်သလိုသာ လုပ်ပါတဲ့။

အားလုံးကောင်းနေပေမယ့် အဓိက အတားအဆီးက Objective-C ပါ။ ကျွန်တော် C မိသားစုဝင်တွေကို သင်ယူခဲ့ဖူးပေမယ့် ဒီလဒကတော့ မပါပါဘူး။ တော်ရုံ Developer က မအားတဲ့ကြားကနေ ဘာသာစကား နောက်တစ်ခုထပ်သင်ဖို့ဆိုတာ အလုပ်အင်မတန်ရှုပ်ပါတယ်။ Sun က Java ကို native ရေးပေးလိုက်ရင်တော့ ဒီကိစ္စတွေက တစ်မျိုးတမည်ဖြစ်လာမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ J2ME မှာလုပ်သလို .. ဥပမာ .. ဂိမ်း package တွေဆိုပါစို့။ အဲ့ဒီက keypad တွေကို ထိန်းတဲ့ methods တွေဟာ အိုင်ဖုန်းမှာ သုံးမရပါဘူး။ သူ့မှာ ခလုတ်မှမရှိပဲ။ အဟီး CLDC (connected limited device profile) 1.1 လက်ရှိကို … 1.5 လောက်ထိ မြှင့်လိုက်မလားပဲ။ =P ဒါမှမဟုတ် .. MIDP 2.0 ကို … 3.0 လောက်ထပ်တင်ပြီး သီးသန့်ရေးရမယ်ထင်တယ်။ ကြည့်ကြတာပေါ့ဗျာ။ Java ပဲ လုပ်ထားကွဆိုပြီး ဟစ်နေရမလိုပဲ။ =D

လောလောဆယ်တော့ ဆက်ဖတ်ဆဲပဲဗျာ။ အဓိကက ကီးဘုတ်ပဲ မဟုတ်လား။ အမြန်ရေးရမယ်လေ။ Tsk tsk tsk.

-WaiPK

  • Share/Bookmark