9th Sep Special Event and Me
အိုင်ဖုန်း သတင်းတွေ ထွက်မည် ( ဥပမာ – Firmware 2.1 ) ဟုလည်း ကြားနေရပြီး လူတိုင်းက ဘာလဲဘာလဲ ဖြစ်နေကြ၏။ iTunes 8 အကြောင်းလည်း သတင်းလှန့်ထားတာတွေ့ရသည်။
ဘယ်လိုပဲပြောပြော ကျွန်တော်ကတော့ တစ်လုံးမှ ၀ယ်ဖြစ်ဦးမည် မဟုတ်။ အသစ်ထွက်မည့် ကွန်ပျူတာကို စောင့်မျှော်နေပြီး ရသမျှ ပိုက်ဆံ ကုတ်ကပ်စုနေမိ၏။ မက်ခ်သတင်းကို စောင့်မျှော်နေတဲ့ သူများအတွက်တော့ မနက်ဖြန်ဟာ စိတ်လှုပ်ရှားစရာမကောင်းပါ။ အောက်တိုဘာလထိ စောင့်ရန်အကြံပေးထားသည်များကို အွန်လိုင်းပေါ်တွင်တွေ့ရပါသည်။ ကျွန်တော်တို့တတွေ သစ်ကုလားအုတ်ဖြစ်မှ မက်ခ်ဘွတ်ခ်အသစ်တွေ ထွက်မည်ထင်ပ။
အတန်းထဲတွင် လူအများ၏ အပြစ်တင်ခြင်းကိုလည်း ခံနေရကြောင်း သတင်းကောင်းပါးလိုပါသေးသည်။ ကျွန်တော့်၏ မိုက်မဲစွာ မက်ခ်ဘွတ်ခ်ကို သူများပေးလိုက်ကာ ပီစီသုံးနေသည့် အပြစ်ကို ၀ိုင်းရှုတ်ချသူများလည်း ရှိသေးသည်။ သေချာတာ တစ်ခုက ၂နှစ်လောက် Keynote သုံးပြီးလျှင် Powerpoint သုံးရသည်မှာ မချစ်မနှစ်သက်သော ဆေးခါးကြီးကို နှာခေါင်းပိတ်ပြီး မျိုချရသည်နှင့်တူနေပေသည်။
Pages, CSSEdit, Expose, Spotlight တို့မရှိသော အခြေအနေမှာ ဒီဇိုင်နာတစ်ယောက်ကို ကီးဘုတ်သာသုံးရမည်ဟု ပညတ်ထားသလိုပင်။
သေချာတာ တစ်ခုကတော့ ကျွန်တော် နောက်ထပ်လအနည်းငယ် ခံစားရဦးမှာပါပဲ။
Zzzzz
Regards,
-W
