Archive for the ‘ General ’ Category

Cloudy AppStore

  • July 11th, 2008
  • Posted in General

ကျွန်တော် ကျောင်းကိတ်စ၊ အလုပ်ကိတ်စ၊ လ.၀.က ကိတ်စတွေနှင့် လုံးနေရပြီး စာမရေးနိုင်တာကြာပေါ့။ ဒါပေမယ့် ဒီတစ်ပတ် အသစ်တွေထွက်လာတဲ့ AppStore ကသိပ်စိတ်ဝင်စားဖို့ကောင်းနေပြီး စင်္ကာပူမှာရှိတဲ့ အိုင်ပေါ့တပ်ခ်ျ၊ အိုင်ဖုန်းသုံးတဲ့လူတွေအတွက် သိပ်အသုံးဝင်မယ်ထင်လို့ ဒီပို့စ်လေးကို ရေးဖြစ်ပါတယ်။ iTunes 7.7 ကို ဒေါင်းလုပ်လုပ်သင့်ပါတယ်။ သူ့မှာ Security ဘာညာ ကွိကွတွေထက် အရေးကြီးတဲ့ AppStore ကို ထည့်သွင်းပေးထားပါတယ်။ iTunes Store ဆိုတဲ့ ခလုတ်ကို သင့် iTunes ကနေ နှိပ်လိုက်တာနှင့် Voila! စင်္ကာပူ စတိုးကို ရောက်သွားပါလိမ့်မယ်။ ကျွန်တော်ကတော့ အိုင်ဖုန်းသာ မရှိတာ စင်္ကာပူ ပန်းသီးတရားဝင် စတိုးကိုတွေ့ရတာ ၀မ်းသာစရာပါပဲ။ စင်္ကာပူတစ်နိုင်ငံလုံးမှာ ပန်းသီးစတိုး official မရှိပါဘူး။ အရင်က အွန်လိုင်း [ READ MORE ]

BTS Promo | WWDC | 10.6

ဘလော့ခ် တစ်ခါတစ်ခါရေးဖို့ အင်မတန် ခက်ခဲလာသဗျိုး။ အချိန်ရတုံး မရေးထားရင် ရေးဖို့စီစဉ်ထားတဲ့ List သာ တဖြည်းဖြည်းကြီးထွားလာမယ်။ ဘာမှမတင်နိုင်ဘူး။ ကွန်ပျူတာဝယ်လိုသူများအတွက် သတင်းကောင်း ၁ခု ရှိပါတယ်။ Apple က သူ့ရဲ့ Back to School Promotion ကို ဒီနှစ်အတွက် ပြန်ဖွင့်လိုက်ပါပြီ။ ကျောင်းသား၊ကျောင်းသူများအတွက် 150 ~ 300 အထိဈေးလျှော့ပေးထားပြီး အိုင်ပေါ့တစ်လုံး (ဒီနှစ်ဆို iPod Touch တောင်ပါတယ်) အလကားပေးနေပါတယ်။ အရမ်းတန်တယ်လို့ဆိုရပါမယ်။ လွန်ခဲ့တဲ့ ၂နှစ် ဒီအချိန်က ကျွန်တော့် Macbook လေးကို ၀ယ်ဖြစ်တာပါ။ အင်မတန် အသုံးဝင်၊ အကျိုးပြုခဲ့ပါတယ်။ အခုလည်း အဲ့စက်ကို ညီတစ်ယောက်ကို ပေးလိုက်လို့ ကျွန်တော် အသစ်တစ်လုံးဝယ်ဖို့ အကြောင်းဖန်လာပြန်ပါပြီ။ စလုံးမှာ [ READ MORE ]

Diminishing moments (For kids)

  • March 28th, 2008
  • Posted in General

(ပြက္ခဒိန်၏ လ၁လ၊ ’97 , ’98 လား မမှတ်မိတော့သောကာလ) ကျွန်တော်တို့ လမ်းပေါ်မှာ ဘောလုံးကန်နေ၏။ လမ်းအသစ်ကြီးခင်းပြီးသွားသဖြင့် အားရပါးရ ကန်နေခဲ့ကြချိန်ဖြစ်သည်။ …. ပီပီ .. ဘူဘူ .. ” xxx လမ်းအတွင်းနေထိုင်ကြသူများ အားလုံးခင်ဗျား.. ဒီလမ်းသစ်ကြီးတွင် ကလေးသူငယ်များ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် အရှိန်တားခုံးများ Install လာလုပ်ပါမည်တဲ့။ ” .. ဒင်းတို့ကမှ တကယ့်အန္တရာယ်ဟု အားလုံးတပြိုင်တည်း ရေရွတ်ခဲ့ကြပါသည်။ ရူပဗေဒ အခြေခံကို အပြည့်အ၀အသုံးချကာ ခုံးတွေ့တိုင်း ကျော်ကျော်ပြီးကန်ဖြစ်ခဲ့ကြသည်။ လာမတားနှင့် မရလေဘူး..။ (မကြာခင်ကာလ ၁ခု) ဂျင်ပေါက်ကြသည်။ အ၀ိုင်းဂျင်ကော အပြင်ဂျင်ကော စို့ ဆိုလား စုပ်ဆိုလား မသိဘူး။ တစ်ကောင်က တိုင်ပေးလိုက်သည်။ ခွပ်ခွပ်ခွပ် နှင့် သူများဂျင်လေး [ READ MORE ]

Positioning Afresh

  • March 26th, 2008
  • Posted in General

တစ်ရက်မှ သုံးနာရီလောက်ပဲ အိပ်ရလို့ စာမရေးနိုင်ခဲ့တာ ကြာခဲ့ပါပြီ။ တနေ့တနေ့ အက်ဆေးတွေထိုင်ရေးလိုက်၊ အလုပ်သွားလိုက်၊ တခြားပရောဂျက်တွေ မပြတ်သေးလို့ လက်စသတ်လိုက်နှင့် ချာလပတ်ရမ်းသွားလို့ဗျာ။ တနေ့က လာမေးတဲ့ မေးခွန်းတစ်ချို့နှင့် ပတ်သက်ပြီး ဖြေခဲ့တာလေးတွေ ပြန်ရှယ်ချင်လို့ပါ။ ကျွန်တော့်ကို ဘယ်အလုပ်မျိုးလုပ်ချင်သလဲတဲ့။ လောလောဆယ်တော့ ကျွန်တော် software engineer အနေနှင့် ကျောင်းမတက်ခင် ယာယီလုပ်နေတယ်ဗျ။ တနေ့တနေ့ .net, c#, sharepoint, workflows, ajax, webservices, server components, css layouts ဘာညာတွေ ပေါ့ဗျာ။ ဟုတ်ပါတယ်။ ကြားရတာနှင့် အိပ်ငိုက်ဖို့ ကောင်းလာတယ်ဟုတ်။ ခင်ဗျားတို့တော့ မသိဘူး ကျွန်တော်ကတော့ သုံးနှစ်ပြီးသွားတဲ့ကာလမှာ ကိုယ်လုပ်ချင်တာကို သေချာသိလာရလို့လားမသိဘူး၊ ပျင်းလာတယ်ဗျ။ တနေ့တနေ့ အလုပ်မှာ Stored Procs [ READ MORE ]

Ajax|RIA|Fun libraries – What do you use?

  • March 8th, 2008
  • Posted in General

Update: ExtJS အကြောင်း တစေ့တစောင်း ကျွန်တော်တို့ DHTML တွေ ကို အလွန်အကျူးသုံးနေခဲ့ကြတာ ကြာပါပြီ။ မျက်စိပဒသ အလှအပတွေဆိုရပါမယ်။ မြန်မာဘလော့ခ်ဂါတွေ အရမ်းသုံးတဲ့ Peeak-a-boo ဆိုပါစို့ … ဒါမှမဟုတ် ကျွန်တော့် ဘလော့ခ်က Translated Modalboxes တွေမျိုးပေါ့။ အဲ့ဒီ Javascripts အခြေခံတဲ့ နည်းပညာကို တစ်ချို့လည်း နာရီပေါင်းများစွာ သင်ယူခဲ့ရတယ်။ တစ်ချို့လည်း အချိန်တိုအတွင်းမှာ အဲ့ဒါလေးတွေလုပ်ပြီးကစားကြတယ်။ DHTML တွေကို တစ်ချို့လည်း မကောင်းပြောကြတယ်။ မျက်စိနောက်တယ်တဲ့။ မှန်ပါတယ်။ အဲ့ဒါက အရင်တုံးကပါ။ နောက်ပြီး သုံးတဲ့လူတွေ ပေါ်မှာလည်း မူတည်ပါတယ်။ စနစ်တွေ မလိုက်နာတဲ့၊ လှရုံပရုံသာ စဉ်းစားတာမကောင်းပါဘူး။ Javascript DHTML တွေဟာ သင့်ရဲ့ application/website ရဲ့ [ READ MORE ]

iPhone SDK => Mobile Ogre?

  • March 8th, 2008
  • Posted in General

အိုင်ဖုန်း SDK အကြောင်းကို လူတိုင်း ပြောနေကြပါပြီ။ မနေ့က ထွက်တာပါ။ ကျွန်တော် အိုင်ပေါ့တပ်ချပ် တစ်လုံးဝယ်မလို့ဟာတောင် ဒီသတင်းကို စောင့်နေလို့ မ၀ယ်ဖြစ်လိုက်ရဘူး။ အောက်မှာ သတင်းအကျဥ်းကိုဖတ်ရှုပါ။ -1 ဆော့ဖ်ဝဲ ရေးဖို့အင်မတန် လွယ်ပါတယ်။ Debugger, Simulator တွေ အပြည့်အစုံနှင့် သက်တောင့်သက်သာလုပ်ပေးထားပါတယ်။ အားလုံးကို ဖရီးဒေါင်းလုပ်လုပ်လို့ရပါတယ်။ -2 ဆော့ဖ်ဝဲ ရေးပြီးရင် သင့်ဆော့ဖ်ဝဲကို တစ်ကမ္ဘာလုံးဖြန့်ချီဖို့ လည်း အရမ်းလွယ်ပါတယ်။ developer account သာရှိမယ်ဆိုရင် ပရိုဂရမ်ရေး၊ testing လုပ်၊ package လုပ်ပြီးရင် iTunes App Store ကို သာပေးလိုက်ပါ။ သူတို့က သင့်ကိုယ်စား ဖြန့်ဖြူးပေးပါလိမ့်မယ်။ -3 ဆော့ဖ်ဝဲ တွေက ထွက်တဲ့ဟာက ထွက်နေပါပြီ။ EA [ READ MORE ]

Beware of something in social networks

  • February 3rd, 2008
  • Posted in General

ပြီးခဲ့တဲ့ ပို့စ်မှာ Social Networking အကြောင်းတွေ ပြောခဲ့လို့ ကျွန်တော် ဒီပို့စ်ကို ရေးဖို့ ဆန္ဒပေါ်လာပါသည်။ Personal ထင်မြင်ချက်နှင့် သတိပေးချက်တစ်ခုကို ပြောပါရစေ။ အွန်လိုင်းပေါ်မှာ ကျွန်တော်မကြိုက်ဆုံး မျက်စိအနောက်ဆုံးလို့ ထင်ထားတဲ့အရာတွေထဲမှာ Social Networking Tools တွေပါတယ်ဆိုရင် ယုံပါ့မလား။ ပွင့်ပွင့်လင်းလင်းပြောပါတယ်။ အရမ်းကို clutter ဖြစ်နေပြီး အချိန်တွေကို မတရားအပိုင်သိမ်းနေတယ်လို့ ခံစားရလို့ပါ။ တော်ရုံတန်ရုံဆိုရင်တော့ အဲ့ဒါတွေက မဆိုးပါ။ တနေ့တနေ့ ကိုယ့် profile ကို ဖင်တပြန်ခေါင်းတပြန် လျှောက်ပြောင်းနေမဲ့အစား တခြားဟာတွေလုပ်လိုက်ရတာက ပိုအကျိုးရှိမယ်လို့ထင်ပါသည်။ အဆိုးဆုံးက Facebook ပါပဲ။ ကျွန်တော် အမျှော်လင့်ခဲ့ဆုံး နည်းပညာဆိုက်တွေထဲမှာ FB ပါပါတယ်။ ဒါပေမယ့် မဟားဒယားတိုးပွားလာတဲ့ အဲ့ဒီ Application တွေဟာ အကျိုးရှိတဲ့နေရာကနေ [ READ MORE ]

Google's Social Graph API – Social Social Social!

  • February 3rd, 2008
  • Posted in General

ယနေ့ကာလမှာ လူမှုဆက်သွယ်ရေးကွန်ယက်တွေ (Social Networking Tools) တွေ မှိုပေါက်သလို ပေါလာတာကိုတွေ့ရပါတယ်။ RDF, OWL, XFN, FOAF စတဲ့ စတဲ့ နည်းပညာပိုင်းဆိုင်ရာ သတ်မှတ်ချက်တွေများလာတာက လိုက်လို့တောင်မမှီပါဘူး။ facebook Friendster MySpace တို့ အောင်မြင်လာတာ အင်အားကြီးမားလွန်းတဲ့အတွက် တစ်ချို့က ဒါဟာ ၀ဗ်၃.၀ ပါလို့တောင် ပြောကြပါတယ်။ အဲ့ဒီအချိန်မှာ တစ်ခုသောအရာလည်း တိုးပွားလာပါတယ်။ အဲ့ဒါဘာလည်းဆိုတော့ ခင်ဗျားတို့ ကျွန်တော်တို့ရဲ့ Data တွေ ပါပဲ။ အခုဆိုရင် လူတစ်ယောက်မှာ ဆယ်ခု အခုနှစ်ဆယ်မက အဲ့လို နက်ဝက်ခ်တွေကို ဂျွိုင်းထားတဲ့အတွက် ချိတ်ဆက်ထားတဲ့ သူငယ်ချင်းတွေ၊ ကိုယ်စိတ်ဝင်စားတဲ့ ဘာသာရပ်တွေ၊ ရုပ်ဝတ္ထုတွေအကြောင်းလည်း အွန်လိုင်းပေါ်ရောက်ကုန်ပါပြီ။ အဲ့ဒါကြောင့်လည်း အခု အဲ့ဒါတွေကို စုပြီး စီးပွားရေး [ READ MORE ]

Microsoft smack whilst Google disappoints

  • February 1st, 2008
  • Posted in General

ကျွန်တော် အပြင်ကပြန်ရောက်တော့ ထူးထူးခြားခြား သတင်း၁ခု တွေ့လိုက်တယ်။ အီရတ်မှာ အရူးမတွေ ဗုံးခွဲတဲ့သတင်း၊ အိုဘားမား နှင့် ကလင်တန် စကားရည်လုတဲ့ သတင်း၊ တရုတ်မှာ ရထားတိုးစီးကြတဲ့ သတင်းတွေ မဟုတ်ပါဘူး။ မိုက်ခရိုဆော့ဖ်က ယာဟူးကို ၀ယ်မယ်ဆိုတာပါ။ အရင်ကတည်းက ရှိနေခဲ့တဲ့ ကောလဟာလဖြစ်ပေမယ့် အခု တကယ်အတည် တရားဝင်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ရှယ်ယာ၁ခုကို ၃၁ ဒေါ်လာပေးပြီး ၄၄.၆ ဘီလျံဖိုး ပေးဝယ်မှာ ဖြစ်ပါတယ်။ ယာဟူးက ရှယ်ယာဝင်တွေ အနေနှင့် ပိုက်ဆံယူမလား၊ မိုက်ခရိုဆော့်ဖ် ရှယ်ယာတွေ ယူမလားဆိုတဲ့ ရွေးချယ်စရာ၂ခု ရှိပါတယ်။ နောက်ရက်အနည်းငယ်အတွင်းမှာတော့ ကျွန်တော်တို့ သတင်းအတိအကျ သိရမှာပါ။ နောက်တစ်ချက်က ဂူဂယ်ခံလိုက်ရတဲ့ သတင်းပါ။ သူတို့ရဲ့ quarterly results တွေကို ထုတ်ပြန်ကြေညာရာမှာ မှန်းထားတာထက် [ READ MORE ]