Archive for the ‘ General ’ Category

Back from Trip – Eat Eat Eat week

  • January 22nd, 2008
  • Posted in General

ကျွန်တော်ပြီးခဲ့တဲ့နေတွေက မအားလို့စာမရေးနိုင်ပြန်ဘူး။ ခရီးက စနေနေ့ကတည်းက ပြန်ရောက်တာပါ။ စာမေးပွဲမဖြေနိုင်ပေမဲ့ ပျော်ဖို့ကောင်းတဲ့ နေရာ၁ခုလို့ ဆိုပါရစေ။ အိတ်လည်းပါး လူလည်းမွဲတာနှင့် မြန်မြန်ပြန်လာခဲ့တယ်။ ပိုက်ဆံတော့ထပ်စုနေပြီး နောက်တစ်ခေါက် အဘယ်တိုင်းပြည်သို့ သဝေထိုးရမလဲဆိုတာကိုလည်း စဉ်းစားနေကြောင်းပါ။ ကျွန်တော်ကတော့ ခရီးသွားရတာကို တော်တော်ကြိုက်ပါတယ်။ စင်္ကာပူလို အရမ်းဖိစီးမှုများတဲ့ တိုင်းပြည်မှာ ကျွန်တော်ကတော့ ခရီးသွားခြင်း တရားထိုင်ခြင်းစတဲ့ အလုပ်တွေကို မလုပ်မနေလုပ်သင့်တယ်လို့တောင် serious ထားပြီးယူဆပါတယ်။ မက်ခ်ဘွတ်အဲ… ကတော့ ဈေးသာကြီးသာ ၀ယ်မဲ့လူတွေ တန်းစီနေတယ်ဗျ။ သြော်လူတွေ တယ်နားလည်ရခက်သကိုး။ ချမ်းသာတဲ့လူများတော့ ဒီလို စွမ်းဆောင်ရည် သိပ်မကောင်းလည်းရတယ်။ ပါးတာလေးကို နှစ်ခြိုက်ကြတာပေပဲ။ Apple ကတော့ ဒီတစ်ခါလည်း ဘယ်လောက်များ ရောင်းရဦးမလဲ ကြည့်ကြတာပေါ့ဗျာ။ ခုတလောတော့ စာကတော့ ရေးဖြစ်လိုက် မရေးဖြစ်လိုက်ပဲဖြစ်နေဦးမှာပဲ။ ဒီတစ်ပတ်ကတော့ ITP [ READ MORE ]

Open House First Day – Good

  • January 10th, 2008
  • Posted in General

ဒီနေ့ ကျောင်းမှာ Open House စတယ်။ မဆိုးရှာပေဘူး။ တော်တော်လာကြည့်ကြတယ်။ မေးခွန်းတွေလည်း မေးပ။ ဖြေလိုက်ရတာလည်း ဖတ်ဖတ်မော။ စိတ်ဝင်စားတဲ့လူတွေများတဲ့ အတွက်ဝမ်းသာစရာပါပဲ။ မနက်ဖြန်ပိုပြီး အရှိန်ကောင်းလာမယ်လို့ မျှော်လင့်ပြီး ကလေးမိဘတွေလည်း ကျွန်တော်တို့ကို ကြည့်ပြီး SMIT မှာ သားသမီးတွေ ကျောင်းထားချင် လာရန် ကြိုးစားရမှာပါ။ အခုစာပြန်ဖတ်ဖို့ အချိန်ရောက်လာပေမယ့် သတင်းထူးလေး ၁ချို့တွေ့လို့တင်လိုက်ပါတယ်။ - RSS ဖတ်ရန် reader တွေ ထုတ်ရာမှာ နာမည်ကြီးတဲ့ NetNewsWire က အခု မက်ခ်အတွက် client ကို free ပေးလိုက်ပါပြီ။- InfoWorld ကပေးတဲ့ Best OS and Best Notebook ဆုတွေကို Leopard နှင့် MacbookPro [ READ MORE ]

Bad Weather, CES and a Trip

  • January 8th, 2008
  • Posted in General

နလို့ထိုင်လို့မကောင်း ရာသီဥတုလည်းမကောင်းတဲ့အတွက် စာလည်းမရေးနိုင်ဘူး။ အင်မတန်ထူးဆန်းတဲ့ ဇန်န၀ါရီပါပဲ။ နေပူမိုးရွာ သူခိုးလာလို့ တော့ပြောကြပေမဲ့ လောလောဆယ်တော အပူဖြတ်၊ အိပ်ယာထဲလဲ မသွားအောင်သတိထားနေရတယ်။ ထုံးစံအတိုင်း စာမေးပွဲတွေကတော့ အရင်လိုပဲရှုပ်နေတုံးပဲ၊ အဟီးအခုဆို Obama Campaign တောင် လိုက်ပြီးအားပေးနေသေးတယ်။ =p ဘောလုံးပွဲ highlight တွေ၊ youtube တွေ၊ တီဗွီတွေတော့ ရပ်ထားလိုက်တယ်။ =D မနေ့က ပတ်စပို့သွားတိုးတယ်ဗျ။ ချွေးတလုံးလုံးနှင့် လူလည်းအတော်နုံးသွားတယ်။ နောက်တစ်ပတ်ခရီးသွားရမှာဆိုတော့ဗျာ လုပ်နေရတယ်။ သတင်းတွေတော့ပုံမှန်ဖတ်ဖြစ်ပါတယ်။ ပန်းသီးစတော့ခ်တွေ တော့ထိုးကျလေရဲ့။ ပစ်စလတ်ခတ်ပဲ။ CES 2008 ကတော့ တ၀ုန်းဝုန်းနှင့်ပဲ။ ပစ္စည်းအသစ်အဆန်းတွေပြနေတယ်ကြားတယ်။ မ၀ယ်နိုင်တော့ စိတ်မ၀င်စားသေးဘူးဗျာ။ မိုက်ခရိုဆော့်ဖ်ကတော့ ထုံးစံအတိုင်း နည်းပညာအသစ်တွေပြတယ်တဲ့။ လူတိုင်းသိပြီးသားဟာတွေလို့လည်း အပြောခံနေရတယ်ဆရာ။ သနားပါတယ်။ CES ကို ပြီးမှ [ READ MORE ]

Bye 2007 + Products and Services I like

  • December 30th, 2007
  • Posted in General

New Year မတိုင်ခင် ပို့စ်တစ်ခုတော့ တင်သင့်တယ် ထင်လို့တင်လိုက်ပါတယ်။ ၂၀၀၇ ခုနှစ်ဟာ နည်းပညာပိုင်းဆိုင်ရာ အသစ်အဆန်းတွေ ထွက်ခဲ့ပြီး လှုပ်လှုပ်ရှားရှားဖြစ်ခဲ့တဲ့နှစ်လို့ ဆိုရပါမယ်။ အခုဆို ဘလော့ခ်ဆိုက်ကြီး တော်တော်များများမှာလည်း ၂၀၀၇ အတွက် သူတို့ အကောင်းဆုံးလို့ ထင်တဲ့ နည်းပညာဆိုင်ရာ ဆော့ဖ်ဝဲ၊ ၀ဗ်၊ ဟာ့ဒ်ဝဲတွေကို ရွေးချယ်ကောက်နှုတ်ထားတာတွေ ရှိပါတယ်။ ကျွန်တော်ကတော့ ၂၀၀၇ခုနှစ်ရဲ့ ကျွန်တော်အကြိုက်ဆုံး အသုံးဖြစ်ဆုံး အအောင်မြင်ဆုံး Products and Services တွေကို အခုလို ရွေးချယ်တင်ပြလိုက်ပါတယ်။ - အွန်လိုင်းအကြောင်းပြောမယ်ဆိုတော့ အကောင်းဆုံး Browser ကစရပါမယ်။ ဒီနေရာမှာ ကျွန်တော်မပြောလဲ Firefox ဆိုတာသိမှာပါ။ ဒါပေမယ့် နှစ်ကုန်ခါနီးမှာ ယိုယွင်းလာတဲ့ သူ့ရဲ့ Build တွေဟာ ကောင်းတဲ့အချက်တော့ မဟုတ်ပါဘူး။ [ READ MORE ]

Christmas – Buy your Gifts!

  • December 14th, 2007
  • Posted in General

ခရစ်မတ်စ်ကာလမှာ ကျွန်တော် ခေါင်းတကုတ်ကုတ်နှင့် အလုပ်တွေရှုပ်နေရပါတယ်။ ဘလော့ခ်ကို Pause လုပ်ထားလိုက်ရပြီး ခုမှ ကျန်နေသေးတဲ့ ပို့စ်တွေ တင်တာဖြစ်ပါတယ်။ =D လက်ဆောင်တွေ မ၀ယ်ပေးရတဲ့လူများ သင်တို့၏ ချစ်သောသူများ၊ မိဘဆွေမျိုးများကို ၀ယ်ပေးဖို့မမေ့ပါနှင့်။ အင်္ဂလိပ် အထာမို့လို့ ကြည့်မရဘူးပဲပြောပြော၊ လူတိုင်းကတော့ လက်ဆောင်လေးရရင်ကျေနပ်တာပါပဲ။ လမ်းထိပ်က ကြက်ဆီထမင်းကို သပ်သပ်ရပ်ရပ်ဘူးနှင့် ထုပ်ပြီးတော့ Merry Christmas တော့ မလုပ်နှင့်ပေါ့ဗျာ။ အနည်းဆုံး Raoul က ရှပ်အင်္ကျီ၊ Guess က ပိုက်ဆံအိတ်လေးလောက်တော့ ၀ယ်ပေးလိုက်ပါ။ ကျွန်တော်တို့လို ပိုက်ဆံမရှိသော နည်းပညာသမားများကလည်း စိတ်ဓါတ်မကျပါနှင့်။ ၀င်းဒိုးယူဆာတွေကို ဗိုင်းရပ်စ်နိုင်နည်း၊ သတ်နည်း၊ နပန်းလုံးနည်း၊ တနေ့ကို Format ဘယ်နှစ်ခါအများဆုံးရိုက်သင့်သလဲ၊ ဒီ Theme ကနေ ဟို [ READ MORE ]

Steve – Most Powerful in Fortune – Deserve?

  • November 28th, 2007
  • Posted in General

မနေ့က ထွက်တဲ့ Fortune ရဲ့ ကမ္ဘာ့ အတော်ဆုံး၊ စွမ်းရည်အမြင့်ဆုံး စီးပွားရေး သမား ၂၅ ယောက်စာရင်းဖြစ်ပါတယ်။ ခင်ဗျားတို့၊ ကျွန်တော်တို့ သိတဲ့လူတွေ တော်တော်များများပါပါတယ်။ =P ဒါပေမယ့် အဲ့ဒီစာရင်းကို ထိပ်ဆုံးကနေ ယူထားတာတော့ ကျွန်တော်တို့ရဲ့ စတီးဂျော့ဗ်ကြီးဖြစ်ပါတယ်။ Brent Schlender ရဲ့ ဆောင်းပါးကို အင်္ဂလိပ်လိုဖတ်ရမှာ ပျင်းတဲ့လူတွေအတွက် ကျွန်တော် အနှစ်ချုပ်ရေးလိုက်ပါတယ်။ ဒါဆိုရင် ဒီလူကြီး စတိဗ်ဟာ ဘာလို့ ထိပ်မှာရပ်နေရသလဲ ဆိုတာ စာဖတ်သူတို့ နည်းနည်းတော့ သဘောပေါက်မိပါလိမ့်မယ် လို့ထင်ပါတယ်။ စတိဗ်ကို စီမံခန့်ခွဲမှု ပညာရှင်ကြီး ဂျင်မ်က ‘စီးပွားရေးရဲ့ ဘီသိုဗင်’ ကြီးလို့ပြောပါတယ်။ ဘာလို့ မိုးဆက် မဖြစ်လဲမသိ။ စတိဗ်ရဲ့ ခေါင်းဆောင်စွမ်းရည်၊ စိတ်ဓါတ်ပျင်းပြမှု၊ အဲ့ဒီ ပလတ်စတစ်တွေ၊ [ READ MORE ]

Thx Giving – Black Fri – IDP Interview !

  • November 24th, 2007
  • Posted in General

ဒီအပတ်ကတော့ ထူးခြားတဲ့ရက်ထူးနေ့ထူးတွေနဲ့ ပြီးသွားပါပြီ။ အာဆီယံ ဆွေးနွေးပွဲကြောင့် ကျွန်တော့် အလုပ်ပတ်ပတ်လည်မှာလည်း ရဲတွေ၊ လုံခြုံရေးတွေနှင့် ရှုပ်ယှက်ခတ်နေခဲ့ပါတယ်။ အမေရိကန်မှာ နိုဝင်ဘာ ၂၂၊ Thanksgiving ကြောင့်အကုန် အလုပ်ရှုပ်နေတဲ့အတွက် ဘလော့ခ်တောင်မရေးနိုင်ကြပါဘူး။အဲ့ဒီနေ့ ပြီးတဲ့နောက်တနေ့ကို Black Friday လို့ခေါ်ပါတယ်။ အဲ့နေ့ဟာ ရှော့ပင်းထွက်လို့ အကောင်းဆုံးလို့ဆိုကြပါတယ်။ ဈေးတွေလည်း မတရားလျှော့ပေးထားပါတယ်။ စင်္ကာပူ တူဒေး သတင်းစာမှာတောင် မနေ့က အချပ်ပိုတွေ အထပ်လိုက်နှင့် ဈေးလျှော့ကြော်ငြာတွေပါပါတယ်။ နောက် ကျွန်တော် Apple Products တွေ ဈေးတော်တော်ချထားတာတွေကိုတော့ တွေ့လိုက်ပါသေးတယ်။ အခုတလောတော့ စာရေးဖို့ မဖြစ်နိုင်ပါဘူး။ ကျွန်တော်ဒီနေ့လည်း တနေကုန် ကျောင်းကိစ္စ အင်တာဘူးတွေ လျှောက်သွားနေပါတယ်။ အလုပ်များတဲ့ဘ၀ကို ရတုံးလေးယူနေပါတယ်။ =p အဖေ့ဆီက ပိုက်ဆံဘယ်လို ချေးရမလဲဆိုတာ စဉ်းစားနေတာ [ READ MORE ]