Posts Tagged ‘ apple ’

Ajax|RIA|Fun libraries – What do you use?

  • March 8th, 2008
  • Posted in General

Update: ExtJS အကြောင်း တစေ့တစောင်း ကျွန်တော်တို့ DHTML တွေ ကို အလွန်အကျူးသုံးနေခဲ့ကြတာ ကြာပါပြီ။ မျက်စိပဒသ အလှအပတွေဆိုရပါမယ်။ မြန်မာဘလော့ခ်ဂါတွေ အရမ်းသုံးတဲ့ Peeak-a-boo ဆိုပါစို့ … ဒါမှမဟုတ် ကျွန်တော့် ဘလော့ခ်က Translated Modalboxes တွေမျိုးပေါ့။ အဲ့ဒီ Javascripts အခြေခံတဲ့ နည်းပညာကို တစ်ချို့လည်း နာရီပေါင်းများစွာ သင်ယူခဲ့ရတယ်။ တစ်ချို့လည်း အချိန်တိုအတွင်းမှာ အဲ့ဒါလေးတွေလုပ်ပြီးကစားကြတယ်။ DHTML တွေကို တစ်ချို့လည်း မကောင်းပြောကြတယ်။ မျက်စိနောက်တယ်တဲ့။ မှန်ပါတယ်။ အဲ့ဒါက အရင်တုံးကပါ။ နောက်ပြီး သုံးတဲ့လူတွေ ပေါ်မှာလည်း မူတည်ပါတယ်။ စနစ်တွေ မလိုက်နာတဲ့၊ လှရုံပရုံသာ စဉ်းစားတာမကောင်းပါဘူး။ Javascript DHTML တွေဟာ သင့်ရဲ့ application/website ရဲ့ [ READ MORE ]

Podcasts, making u smile.

  • March 8th, 2008
  • Posted in Uncategorized

တနေ့တနေ့ သူများဘလော့ခ်တွေ ဖတ်ပြီး စာရေးလို့ရရင် ကောင်းမှာပဲဆိုပြီး ကြုံးဝါးနေရတယ်ဗျာ။ မိုးလင်းမိုးချုပ် အလုပ်ရှုပ်နေတဲ့ဘ၀ကြီးက တခါတလေပျင်းဖို့ကောင်းလာပြန်ရော။ …. ဒီရက်ပိုင်းမှာ ပန်းသီး နှင့် ပတ်သက်ပြီး ကိစ္စတော်တော်များများ အသစ်အသစ်တွေ ထွက်လာပါတယ်။ ကျွန်တော် အကြိုက်ဆုံး သတင်းက မက်ခ်ဘွတ်ပရိုအသစ်ပါပဲ။touch interface ပါလို့ အိုင်ဖုန်းလို ကစားလို့ရတယ်ဆိုပါတယ်။ မိုဘိုင်းကွန်ပျူတာတွေအတွက် နောက်ဆုံးထွက်တဲ့ nVidia ရဲ့ ဂရပ်ဖစ်ချစ်ပ် သုံးထားတဲ့အတွက် ဂိမ်းအတွက်လည်း မပူရပါဘူးတဲ့။ ပိုက်ဆံ ပိုက်ဆံ .. စုသာစု။ နောက်တစ်ခုက ကျွန်တော် အိုင်ပေါ့ nano လေး ၁လုံးဝယ်လိုက်လို့ အလုပ်တွေရှုပ်နေတယ်။ ကျွန်တော့် ညီအတွက် ၀ယ်ပေးတာ၊ အဟီး သူမလာခင် ကြားထဲက ခဏယူသုံးနေတာ။ =P အဲ့ဒီမှာ movies တွေ [ READ MORE ]

Dell & Ubuntu – Ms sues Hoo – I'm stuck!

  • February 23rd, 2008
  • Posted in Uncategorized

အလုပ်လုပ်နေတော့ စာရေးရတာ အင်မတန်ခက်ခဲသွားပါတယ်။ တနေ့တနေ့ ခေါင်းတစ်ကုတ်ကုတ်နှင့်ဆိုတော့ အိမ်ပြန်ရောက်ရင် ဆံပင်တွေလည်းကုန်၊ လူလည်းနုံနှင့် သတင်းလေးဖတ်ပြီးအိပ်ရတော့တာပဲ။ သတင်းဖတ်နိုင်သေးတာတောင် ဒါတော်တော်ဇွဲနှင့် လုပ်လိုက်ရတာလို့ခေါ်မယ်။ မဖတ်တော့လည်း မသိ၊ မသိတော့ သူများပြုသမျှ မခံရလေအောင် နည်းနည်းတော့ လုပ်ထားရတာပေါ့။ ကျွန်တော် မနေ့က တွေ့လိုက်တယ်။ ကနေဒါနှင့် အမေရိကားမှာ ဒဲလ်က အူဘန်းတူးတွေ နှင့်စတင်ရောင်းချတော့မယ်ဆိုပဲ။ ဘယ်လိုလာမလဲတော့ မသိဘူး။ ကျွန်တော်တော့ဖြင့် Ubuntu မသုံးတာ ကြာလှပြီ။ တနေ့တနေ့ အဲ့ဒီ မိုက်ခရိုဆော့ဖ်ရဲ့ အမျိုးမျိုးသော tools တွေ၊ T-SQL တွေ၊ C#တွေ၊ Silverlight, Atlas တွေနှင့် လုံးပါးပါးနေလိုက်တာ၊ အင်း ပိုက်ဆံလေးရတော့လည်း ခဏတော့ အောင့်အီးပြီး ရေးနေတယ်ဗျာ။ ၅လပါပဲ။ ပြီးရင်တော့ Portfolio ကောင်းကောင်းလေးရ၊ [ READ MORE ]

Graduate – Davos & Demo – Crunches

  • February 1st, 2008
  • Posted in Uncategorized

သုံးနှစ် သုံးမိုးကြာပြီးတဲ့ သကာလ Graduate တော့ ဖြစ်သွားပါပြီ။ အကောင်းဆုံးကြိုးစားခဲ့တဲ့ အတွက် ရခဲ့တဲ့ အောင်မြင်မှုတွေကို ကြည့်ပြီး ပီတိဖြစ်ရပါသည်။ သို့သော် ဆက်လှမ်းရမည့် ဌာနေတွေကို မျှော်၍လည်း ခေါင်းစားရပေသည်။ အလုပ်ကို (ယာယီ၆လ) မ၀င်ခင် ဒီကြားကာလမှာ ကျွန်တော် အနည်းငယ် အားနေပေမဲ့ ဘလော့ခ်လည်း မရေးဖြစ်ပါ။ စာရေးရမှာ အင်မတန် ပျင်းသွားသောကြောင့်ဖြစ်သည်။ သတင်းတွေ ဆောင်းပါးတွေ ဖတ်ဖြစ်သော်လည်း အားတက်စရာ ၁ခုမှ မတွေ့ပါ။ ဒါကြောင့် တနေ့တနေ့ (နောက်အပတ်တွင်ရှိသော) စာမေးပွဲအတွက် စာဖတ်လိုက်၊ အားကစားသွားလုပ်လိုက်၊ နည်းပညာပိုင်းဆိုင်ရာ ဆောင်းပါးများ၊ ကမ္ဘာ့သတင်းများကို ဖတ်ရှုမှတ်သားပြီး နားနားနေနေ ထိုင်နေပါသည်။ နောက်တစ်ချက်က ကျွန်တော့် ဘလော့ခ်ကို ဆာဗာ ပြောင်းဖို့ စဉ်းစားနေပြီး လိုအပ်သည်များကို ဟိုခြစ်ဒီခြစ်လုပ်နေခြင်းလည်း [ READ MORE ]

Back from Trip – Eat Eat Eat week

  • January 22nd, 2008
  • Posted in General

ကျွန်တော်ပြီးခဲ့တဲ့နေတွေက မအားလို့စာမရေးနိုင်ပြန်ဘူး။ ခရီးက စနေနေ့ကတည်းက ပြန်ရောက်တာပါ။ စာမေးပွဲမဖြေနိုင်ပေမဲ့ ပျော်ဖို့ကောင်းတဲ့ နေရာ၁ခုလို့ ဆိုပါရစေ။ အိတ်လည်းပါး လူလည်းမွဲတာနှင့် မြန်မြန်ပြန်လာခဲ့တယ်။ ပိုက်ဆံတော့ထပ်စုနေပြီး နောက်တစ်ခေါက် အဘယ်တိုင်းပြည်သို့ သဝေထိုးရမလဲဆိုတာကိုလည်း စဉ်းစားနေကြောင်းပါ။ ကျွန်တော်ကတော့ ခရီးသွားရတာကို တော်တော်ကြိုက်ပါတယ်။ စင်္ကာပူလို အရမ်းဖိစီးမှုများတဲ့ တိုင်းပြည်မှာ ကျွန်တော်ကတော့ ခရီးသွားခြင်း တရားထိုင်ခြင်းစတဲ့ အလုပ်တွေကို မလုပ်မနေလုပ်သင့်တယ်လို့တောင် serious ထားပြီးယူဆပါတယ်။ မက်ခ်ဘွတ်အဲ… ကတော့ ဈေးသာကြီးသာ ၀ယ်မဲ့လူတွေ တန်းစီနေတယ်ဗျ။ သြော်လူတွေ တယ်နားလည်ရခက်သကိုး။ ချမ်းသာတဲ့လူများတော့ ဒီလို စွမ်းဆောင်ရည် သိပ်မကောင်းလည်းရတယ်။ ပါးတာလေးကို နှစ်ခြိုက်ကြတာပေပဲ။ Apple ကတော့ ဒီတစ်ခါလည်း ဘယ်လောက်များ ရောင်းရဦးမလဲ ကြည့်ကြတာပေါ့ဗျာ။ ခုတလောတော့ စာကတော့ ရေးဖြစ်လိုက် မရေးဖြစ်လိုက်ပဲဖြစ်နေဦးမှာပဲ။ ဒီတစ်ပတ်ကတော့ ITP [ READ MORE ]

Open House First Day – Good

  • January 10th, 2008
  • Posted in General

ဒီနေ့ ကျောင်းမှာ Open House စတယ်။ မဆိုးရှာပေဘူး။ တော်တော်လာကြည့်ကြတယ်။ မေးခွန်းတွေလည်း မေးပ။ ဖြေလိုက်ရတာလည်း ဖတ်ဖတ်မော။ စိတ်ဝင်စားတဲ့လူတွေများတဲ့ အတွက်ဝမ်းသာစရာပါပဲ။ မနက်ဖြန်ပိုပြီး အရှိန်ကောင်းလာမယ်လို့ မျှော်လင့်ပြီး ကလေးမိဘတွေလည်း ကျွန်တော်တို့ကို ကြည့်ပြီး SMIT မှာ သားသမီးတွေ ကျောင်းထားချင် လာရန် ကြိုးစားရမှာပါ။ အခုစာပြန်ဖတ်ဖို့ အချိန်ရောက်လာပေမယ့် သတင်းထူးလေး ၁ချို့တွေ့လို့တင်လိုက်ပါတယ်။ - RSS ဖတ်ရန် reader တွေ ထုတ်ရာမှာ နာမည်ကြီးတဲ့ NetNewsWire က အခု မက်ခ်အတွက် client ကို free ပေးလိုက်ပါပြီ။- InfoWorld ကပေးတဲ့ Best OS and Best Notebook ဆုတွေကို Leopard နှင့် MacbookPro [ READ MORE ]

Bad Weather, CES and a Trip

  • January 8th, 2008
  • Posted in General

နလို့ထိုင်လို့မကောင်း ရာသီဥတုလည်းမကောင်းတဲ့အတွက် စာလည်းမရေးနိုင်ဘူး။ အင်မတန်ထူးဆန်းတဲ့ ဇန်န၀ါရီပါပဲ။ နေပူမိုးရွာ သူခိုးလာလို့ တော့ပြောကြပေမဲ့ လောလောဆယ်တော အပူဖြတ်၊ အိပ်ယာထဲလဲ မသွားအောင်သတိထားနေရတယ်။ ထုံးစံအတိုင်း စာမေးပွဲတွေကတော့ အရင်လိုပဲရှုပ်နေတုံးပဲ၊ အဟီးအခုဆို Obama Campaign တောင် လိုက်ပြီးအားပေးနေသေးတယ်။ =p ဘောလုံးပွဲ highlight တွေ၊ youtube တွေ၊ တီဗွီတွေတော့ ရပ်ထားလိုက်တယ်။ =D မနေ့က ပတ်စပို့သွားတိုးတယ်ဗျ။ ချွေးတလုံးလုံးနှင့် လူလည်းအတော်နုံးသွားတယ်။ နောက်တစ်ပတ်ခရီးသွားရမှာဆိုတော့ဗျာ လုပ်နေရတယ်။ သတင်းတွေတော့ပုံမှန်ဖတ်ဖြစ်ပါတယ်။ ပန်းသီးစတော့ခ်တွေ တော့ထိုးကျလေရဲ့။ ပစ်စလတ်ခတ်ပဲ။ CES 2008 ကတော့ တ၀ုန်းဝုန်းနှင့်ပဲ။ ပစ္စည်းအသစ်အဆန်းတွေပြနေတယ်ကြားတယ်။ မ၀ယ်နိုင်တော့ စိတ်မ၀င်စားသေးဘူးဗျာ။ မိုက်ခရိုဆော့်ဖ်ကတော့ ထုံးစံအတိုင်း နည်းပညာအသစ်တွေပြတယ်တဲ့။ လူတိုင်းသိပြီးသားဟာတွေလို့လည်း အပြောခံနေရတယ်ဆရာ။ သနားပါတယ်။ CES ကို ပြီးမှ [ READ MORE ]