Posts Tagged ‘ apple ’

Bye 2007 + Products and Services I like

  • December 30th, 2007
  • Posted in General

New Year မတိုင်ခင် ပို့စ်တစ်ခုတော့ တင်သင့်တယ် ထင်လို့တင်လိုက်ပါတယ်။ ၂၀၀၇ ခုနှစ်ဟာ နည်းပညာပိုင်းဆိုင်ရာ အသစ်အဆန်းတွေ ထွက်ခဲ့ပြီး လှုပ်လှုပ်ရှားရှားဖြစ်ခဲ့တဲ့နှစ်လို့ ဆိုရပါမယ်။ အခုဆို ဘလော့ခ်ဆိုက်ကြီး တော်တော်များများမှာလည်း ၂၀၀၇ အတွက် သူတို့ အကောင်းဆုံးလို့ ထင်တဲ့ နည်းပညာဆိုင်ရာ ဆော့ဖ်ဝဲ၊ ၀ဗ်၊ ဟာ့ဒ်ဝဲတွေကို ရွေးချယ်ကောက်နှုတ်ထားတာတွေ ရှိပါတယ်။ ကျွန်တော်ကတော့ ၂၀၀၇ခုနှစ်ရဲ့ ကျွန်တော်အကြိုက်ဆုံး အသုံးဖြစ်ဆုံး အအောင်မြင်ဆုံး Products and Services တွေကို အခုလို ရွေးချယ်တင်ပြလိုက်ပါတယ်။ - အွန်လိုင်းအကြောင်းပြောမယ်ဆိုတော့ အကောင်းဆုံး Browser ကစရပါမယ်။ ဒီနေရာမှာ ကျွန်တော်မပြောလဲ Firefox ဆိုတာသိမှာပါ။ ဒါပေမယ့် နှစ်ကုန်ခါနီးမှာ ယိုယွင်းလာတဲ့ သူ့ရဲ့ Build တွေဟာ ကောင်းတဲ့အချက်တော့ မဟုတ်ပါဘူး။ [ READ MORE ]

Christmas – Buy your Gifts!

  • December 14th, 2007
  • Posted in General

ခရစ်မတ်စ်ကာလမှာ ကျွန်တော် ခေါင်းတကုတ်ကုတ်နှင့် အလုပ်တွေရှုပ်နေရပါတယ်။ ဘလော့ခ်ကို Pause လုပ်ထားလိုက်ရပြီး ခုမှ ကျန်နေသေးတဲ့ ပို့စ်တွေ တင်တာဖြစ်ပါတယ်။ =D လက်ဆောင်တွေ မ၀ယ်ပေးရတဲ့လူများ သင်တို့၏ ချစ်သောသူများ၊ မိဘဆွေမျိုးများကို ၀ယ်ပေးဖို့မမေ့ပါနှင့်။ အင်္ဂလိပ် အထာမို့လို့ ကြည့်မရဘူးပဲပြောပြော၊ လူတိုင်းကတော့ လက်ဆောင်လေးရရင်ကျေနပ်တာပါပဲ။ လမ်းထိပ်က ကြက်ဆီထမင်းကို သပ်သပ်ရပ်ရပ်ဘူးနှင့် ထုပ်ပြီးတော့ Merry Christmas တော့ မလုပ်နှင့်ပေါ့ဗျာ။ အနည်းဆုံး Raoul က ရှပ်အင်္ကျီ၊ Guess က ပိုက်ဆံအိတ်လေးလောက်တော့ ၀ယ်ပေးလိုက်ပါ။ ကျွန်တော်တို့လို ပိုက်ဆံမရှိသော နည်းပညာသမားများကလည်း စိတ်ဓါတ်မကျပါနှင့်။ ၀င်းဒိုးယူဆာတွေကို ဗိုင်းရပ်စ်နိုင်နည်း၊ သတ်နည်း၊ နပန်းလုံးနည်း၊ တနေ့ကို Format ဘယ်နှစ်ခါအများဆုံးရိုက်သင့်သလဲ၊ ဒီ Theme ကနေ ဟို [ READ MORE ]

Steve – Most Powerful in Fortune – Deserve?

  • November 28th, 2007
  • Posted in General

မနေ့က ထွက်တဲ့ Fortune ရဲ့ ကမ္ဘာ့ အတော်ဆုံး၊ စွမ်းရည်အမြင့်ဆုံး စီးပွားရေး သမား ၂၅ ယောက်စာရင်းဖြစ်ပါတယ်။ ခင်ဗျားတို့၊ ကျွန်တော်တို့ သိတဲ့လူတွေ တော်တော်များများပါပါတယ်။ =P ဒါပေမယ့် အဲ့ဒီစာရင်းကို ထိပ်ဆုံးကနေ ယူထားတာတော့ ကျွန်တော်တို့ရဲ့ စတီးဂျော့ဗ်ကြီးဖြစ်ပါတယ်။ Brent Schlender ရဲ့ ဆောင်းပါးကို အင်္ဂလိပ်လိုဖတ်ရမှာ ပျင်းတဲ့လူတွေအတွက် ကျွန်တော် အနှစ်ချုပ်ရေးလိုက်ပါတယ်။ ဒါဆိုရင် ဒီလူကြီး စတိဗ်ဟာ ဘာလို့ ထိပ်မှာရပ်နေရသလဲ ဆိုတာ စာဖတ်သူတို့ နည်းနည်းတော့ သဘောပေါက်မိပါလိမ့်မယ် လို့ထင်ပါတယ်။ စတိဗ်ကို စီမံခန့်ခွဲမှု ပညာရှင်ကြီး ဂျင်မ်က ‘စီးပွားရေးရဲ့ ဘီသိုဗင်’ ကြီးလို့ပြောပါတယ်။ ဘာလို့ မိုးဆက် မဖြစ်လဲမသိ။ စတိဗ်ရဲ့ ခေါင်းဆောင်စွမ်းရည်၊ စိတ်ဓါတ်ပျင်းပြမှု၊ အဲ့ဒီ ပလတ်စတစ်တွေ၊ [ READ MORE ]

Individualism | Collectivism | Me

  • November 27th, 2007
  • Posted in Uncategorized

ကျွန်တော် ဟိုတလောက အလုပ်က သူဌေးနှင့် စကားပြောဖြစ်တုံးဆွေးနွေးမိတာလေး ၁ခုပါ။ မြန်မာပြည်က ကျောင်းပိတ်ရက် အလည်သွားပြီး ပြန်လာခါစပေါ့။ အလုပ်က နားထားပေမယ့် လမ်းကြုံတုံး သူတို့မင်္ဂလာဆောင်လည်း မတက်လိုက်ရတာနှင့် (ကိုယ့်ကိုမဖိတ်တာနှင့်) သွားနှုတ်ဆက်တယ် ဆိုပါတော့။ ဘာညာသရကာ နေကြာကွာစိ ကွမ်းတညက်ခန့်အကြာ ပေါက်ကရတွေလျှောက်ပြောပြီးတော့ နောက်ဘာစိတ်ကူးမိတယ် မသိပါဘူးဗျာ၊ ကျွန်တော် ရုပ်ရှင်ဒီဗွီဒီတွေဘက် ရောက်သွားတယ်။ ကုမ္ဗဏီက ဗီဒီယို Retail လုပ်ငန်းဆိုတော့ ခွေတွေကတော့ အပုံလိုက်ပေါ့ဗျာ။ အဲ့ဒီမှာ ကျွန်တော်က သွားပြောမိတယ်။ ကျွန်တော် မြန်မာပြည်ပြန်သွားတာဗျာ ခွေတွေ အများကြီးဝယ်လာတယ်။ ကူးခွေတွေပေါ့ အရမ်းဈေးပေါတယ်ဗျာ။ စင်္ကာပူမှာ ဒါမျိုးမရဘူးပေါ့။ ဘာညာနှင့်။ အဲ့ဒီမှာ ဇာတ်လမ်းက စတာပဲ။ သူဌေးကပြောတယ်။ ဒေါသထွက်တဲ့ မျက်နှာနဲ့ဗျ။ သူ အဲ့ဒါမျိုးတွေဘယ်တော့မှ မ၀ယ်ပါဘူးတဲ့။ ဆက်ပြောပါတယ်၊ [ READ MORE ]

Boring Boring Week

  • November 19th, 2007
  • Posted in Uncategorized

ဘလော့ခ်လည်း မရေးနိုင်ပါဘူးဗျာ။ အလုပ်များတာက တစ်ချက်ရယ်။ ဘာ ထူးထူးခြားခြား နည်းပညာ သတင်းရယ်မှ မရှိဘဲ။ ပြီးခဲ့တဲ့ အပတ်က ဂူဂယ်က သူ့ Android ကြီးကို ကြော်ငြာသွားပြီး ပြီးသွားတယ်။ အမေရိကန်မှာ စတော့ခ်မားကတ်လည်း ဂယက်ရိုက်နေတာမို့ ပန်းသီး၊ အင်တဲလ်၊ ဂူဂယ် ဈေးတွေအကုန်ထိုးကျပြီး ခပ်လေးလေးကြီးဖြစ်သွားတဲ့ သီတင်း၁ပတ်ပဲလို့ ဆိုရမယ်။ ပိုဆိုးတာက International Week ဆိုတော့ ဘောလုံးပွဲတွေလည်း နားထားတယ်ဗျာ။ တနေ့တနေ့ အင်္ဂလန်အသင်း ဘယ်ပုံဘယ်နည်း မာလကမလဲ ဆိုတာကိုဘဲ နည်းအမျိုးမျိုးနှင့် ဆွေးနွေးနေကြတယ်။ အစ္စရေးက ရုရှားကို သမလိုက်လို့ ပျော်သွားတဲ့ မက္ကလာရင် မျက်နှာကြီးလည်း သတင်းစာထဲမှာ ထောင့်စုံအောင်ပါလာတယ်ဗျ။ ဒီမနက်မှာတော့ အမေဇုန်ရဲ့ Kindle က တစ်ချက်တော့ ထလှုပ်လှုပ်ရှားရှားဖြစ်လိုက်သေးတယ်။ ကျွန်တော်ကတော့ [ READ MORE ]

Environment – Al Gore – Apple

  • October 13th, 2007
  • Posted in General

Environmental Affairs ဟာ ဒီနေ့ ၂၁ရာစုရဲ့ ခေတ်အစားဆုံးတော့ပစ်တွေထဲမှာ ပါပါတယ်။ ကျွန်တော်တို့ အိုဇုန်းလွှာပေါက်တာ၊ ရေခဲပြင်တွေအရေပျော်တာ၊ မြစ်တွေ အဆိပ်သင့်တာ တွေ က အစ ဟိုးလေးတကျော်ဖြစ်ခဲ့တဲ့ အမေရိကန်က ဟာရီကိန်း၊ အဲ့တာတွေ အားလုံးဟာ ပတ်ဝန်းကျင် မသန့်ရှင်းလို့ပဲ ဖြစ်ပါတယ်။ စက်ရုံတွေကထွက်တဲ့ မီးခိုးငွေ့တွေ ဟာ အင်မတန် ကြောက်ဖို့ကောင်းပါတယ်။ မိုးနှင့်အတူပြန်ရွာလိုက်ရင် အက်ဆစ်ဖြစ်တော့တာပါပဲ။ ဘယ်လိုမှ ပြေးမလွတ်တဲ့ အရတဲ့ ကပ်တွေထဲမှာ သူလည်းပါပါတယ်။ စင်္ကာပူလို သပ်ရပ်မှုကို ထိပ်ထားတဲ့ တိုင်းပြည်မှာတောင် ဘယ်တော့မှ ပေါ့ဆတယ် မရှိပါဘူး။ သူ့ရဲ့ကားတွေ မီးခိုးဘယ်လောက်ထွက်နေလဲ၊ သူတို့ရဲ့ ဈေး၊မားကတ်တွေ ပလတ်စတစ်ဘယ်လောက်သုံးနေလဲဆိုတာ အစဉ်တစိုက်စောင့်ကြည့်နေပါတယ်။ ကျွန်တော်တောင် အခုဆို Reusable အိတ် အစိမ်းကလေးတွေ သုံးတတ်တဲ့ အလေ့အကျင့်ရလာပါပြီ။ [ READ MORE ]

Reading Rebooted, Blogging Sleep

  • January 24th, 2007
  • Posted in Uncategorized

ပေါက်ကရတွေ ရေးပါဦးမယ်၊ သည်းခံတော်မူကြပါ။ ကျွန်တော်စာမရေးနိုင်ပါ။ မအားဘူးလို့ ပြောရင် လူသောက်ညင်ကတ်ပါ့မယ်။ သို့သော် တကယ် မအားပါ။ ပြီးခဲ့တဲ့ ၃ လလုံးလုံး ဘာမှန်းမသိတဲ့ ကိစ္စတွေ၊ ဘယ်ကလာမှန်းမသိတဲ့ ပြဿနာတွေနှင့် လုံးနေရပါ၏။ ရေးမယ်ရေးမယ်နှင့် စုထားတဲ့ စာတွေ ၊ အိုင်ဒီယာတွေ အကုန်ပျောက်၊ နောက်ဆုံး သိပ်ခက်ခက်ရေးစရာမလိုတဲ့ နည်းပညာဆိုင်ရာ အသစ်အဆန်းသတင်းလေးတွေပဲ ရေးဖြစ်နေတယ်။ သူငယ်ချင်းတွေက ပြောတယ်။ အရင်တုံးက ဝေဖြိုး ဘလော့ခ် ပဲပြန်ရေးပါတဲ့။ မင်း အိုင်တီ စကားလုံးတွေနှင့် လူတွေကို မဖိပါနှင့်တဲ့။ အဟင့် မတတ်နိုင်သေးဘူး အရပ်တို့ရေ။ စာလုပ်နေတဲ့အချိန်ဆိုတော့ စာနှင့် ပတ်သက်တာကို ပဲ လေ့လာတွေ့ ရှိထားတော့လည်းဗျာ။ ဒါပဲရေးမိနေတာပေါ့။ ပြန်ပြီးရေးပါဦးမယ် တခြားကိစ္စတွေ ကိုလည်း။ ။ ။ [ READ MORE ]