Posts Tagged ‘ choice ’

Bye 2007 + Products and Services I like

  • December 30th, 2007
  • Posted in General

New Year မတိုင်ခင် ပို့စ်တစ်ခုတော့ တင်သင့်တယ် ထင်လို့တင်လိုက်ပါတယ်။ ၂၀၀၇ ခုနှစ်ဟာ နည်းပညာပိုင်းဆိုင်ရာ အသစ်အဆန်းတွေ ထွက်ခဲ့ပြီး လှုပ်လှုပ်ရှားရှားဖြစ်ခဲ့တဲ့နှစ်လို့ ဆိုရပါမယ်။ အခုဆို ဘလော့ခ်ဆိုက်ကြီး တော်တော်များများမှာလည်း ၂၀၀၇ အတွက် သူတို့ အကောင်းဆုံးလို့ ထင်တဲ့ နည်းပညာဆိုင်ရာ ဆော့ဖ်ဝဲ၊ ၀ဗ်၊ ဟာ့ဒ်ဝဲတွေကို ရွေးချယ်ကောက်နှုတ်ထားတာတွေ ရှိပါတယ်။ ကျွန်တော်ကတော့ ၂၀၀၇ခုနှစ်ရဲ့ ကျွန်တော်အကြိုက်ဆုံး အသုံးဖြစ်ဆုံး အအောင်မြင်ဆုံး Products and Services တွေကို အခုလို ရွေးချယ်တင်ပြလိုက်ပါတယ်။ - အွန်လိုင်းအကြောင်းပြောမယ်ဆိုတော့ အကောင်းဆုံး Browser ကစရပါမယ်။ ဒီနေရာမှာ ကျွန်တော်မပြောလဲ Firefox ဆိုတာသိမှာပါ။ ဒါပေမယ့် နှစ်ကုန်ခါနီးမှာ ယိုယွင်းလာတဲ့ သူ့ရဲ့ Build တွေဟာ ကောင်းတဲ့အချက်တော့ မဟုတ်ပါဘူး။ [ READ MORE ]

Languages & Skillsets for Future – Your Choice?

  • November 9th, 2007
  • Posted in Uncategorized

စီးပွားရေး မဂ္ဂဇင်းတစ်ခုရဲ့ ဆောင်းပါးမှာဖြစ်ပါတယ်။ မေးတဲ့လူက အခုလို မေးပါတယ်။ မေးသူ – ကျွန်တော် အခု စီးပွားရေးလုပ်ဖို့ ဘာသာစကားနှင့် ပတ်သက်ပြီး သင်ယူရာမှာ ဆုံးဖြတ်ရခက်နေတယ်။ လောလောဆယ်တော့ ပေါ်တူဂီစကားကို လျာထားတယ်ဗျ။ နောက်တခြားဘယ်ဟာတွေ ကောင်းသေးလဲ ဖြေကြားပေးစေချင်ပါတယ်။ နောက်ပြီး နောင်တစ်ချိန်မှာ ဘယ်အရာတွေ တိုးတက်လာပြီး ဘယ်နည်းပညာတွေ ခေတ်စားလာမလဲဆိုတာလည်း အရိပ်အမြွက်ရှင်းပြပေးစေချင်ပါတယ်။ ဖြေကြားသူ - အခုလို မေးမြန်းတဲ့အတွက် ၀မ်းသာပါတယ်။ ကနဦးအနေနှင့် ပေါ်တူဂီဘာသာသင်ယူမယ်ဆိုတာကို ကြိုဆိုပါတယ်။ ဒါဟာ တောင်အမေရိကနှင့် အာဖရိက နိုင်ငံတစ်ချို့မှာ အတော်အသုံးဝင်ပါတယ်။ အဲ့ဒီဈေးကွက်တွေမှာ စီးပွားရေးလုပ်မယ်စိတ်ကူးရှိရင်တော့ ပေါ်တူဂီစကားဟာ အတိုင်းထက်အလွန်ပါပဲဗျ။ နောက်ပြီး စပိန်ဘာသာစကားကိုလည်း မမေ့စေချင်ပါဘူး။ လက်တင်အမေရိက၊ မြောက်အမေရိက စတဲ့ဒေသတွေမှာ စပိန်ဟာလည်း လူပြောအများဆုံးထဲက ၁ခုပါ။ ဥရောပမှာလည်း [ READ MORE ]