Posts Tagged ‘ fight ’

Competitions – For your own Goodness

  • February 11th, 2008
  • Posted in Uncategorized

ကျွန်တော်တို့သည် လူမှန်းသူမှန်းသိစကတည်းက ပြိုင်ပွဲများနှင့် ရင်းနှီးလာခဲ့ကြပြီးပြီ ဟုပြောလျှင် လွန်မည်မထင်ပေ။ မိဘများက ကလေးပေါက်စ အရွယ်၌မှာပင် ပြိုင်ဆိုင်စရာ လမ်းကြောင်းတွေနှင့် ပေးတွေ့ခဲ့ပါသည်။ ကျောင်းတက်တဲ့အချိန်မှာ ဆိုက်ကားလုစီးသည်ကအစ၊ ဗယာကြော်လုဝယ်ခြင်း အလယ်၊ ပြန်ရောက်သည့်အခါ စာလိုက်နိုင်သလားဆိုတဲ့ မေးခွန်းများနှင့်အတူ သား ဂျင်ပေါက်၊ ဂေါ်လီရိုက်တာတာ ဘယ်လောက်နိုင်သလဲ စသည်ဖြင့် question marks လေး များ ဆင့်ကာခံကာ ကလေးတို့၏ စိတ်ကို ပြိုင်ဆိုင်လိုစိတ် အနည်းနှင့် အများစတင် ထည့်သွင်းပေးခဲ့ပေသည်။ ပြိုင်ဆိုင်ခြင်းဟူသည် ကောင်းသောအနေအထား တစ်ရပ်မှ ကြည့်လျှင် လူ့ဘ၀အတွက် အင်မတန် အရေးပါသည်ကို တွေ့ရပါမည်။ ကျွန်တော် ဒီစာကို ရေးနေခြင်းမှာ ပြိုင်ဆိုင်မှုစိတ်ဓါတ်တွေ၊ အယူအဆတွေ ခံယူပုံ ကွဲလွဲပုံတွေကို ပတ်ဝန်းကျင်မှာ တွေ့လာရသောကြောင့်ဖြစ်သည်။ ခုနက ပွိုင့်ကို ပြန်ဆက်မည်ဆိုလျှင် [ READ MORE ]

Microsoft smack whilst Google disappoints

  • February 1st, 2008
  • Posted in General

ကျွန်တော် အပြင်ကပြန်ရောက်တော့ ထူးထူးခြားခြား သတင်း၁ခု တွေ့လိုက်တယ်။ အီရတ်မှာ အရူးမတွေ ဗုံးခွဲတဲ့သတင်း၊ အိုဘားမား နှင့် ကလင်တန် စကားရည်လုတဲ့ သတင်း၊ တရုတ်မှာ ရထားတိုးစီးကြတဲ့ သတင်းတွေ မဟုတ်ပါဘူး။ မိုက်ခရိုဆော့ဖ်က ယာဟူးကို ၀ယ်မယ်ဆိုတာပါ။ အရင်ကတည်းက ရှိနေခဲ့တဲ့ ကောလဟာလဖြစ်ပေမယ့် အခု တကယ်အတည် တရားဝင်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ရှယ်ယာ၁ခုကို ၃၁ ဒေါ်လာပေးပြီး ၄၄.၆ ဘီလျံဖိုး ပေးဝယ်မှာ ဖြစ်ပါတယ်။ ယာဟူးက ရှယ်ယာဝင်တွေ အနေနှင့် ပိုက်ဆံယူမလား၊ မိုက်ခရိုဆော့်ဖ် ရှယ်ယာတွေ ယူမလားဆိုတဲ့ ရွေးချယ်စရာ၂ခု ရှိပါတယ်။ နောက်ရက်အနည်းငယ်အတွင်းမှာတော့ ကျွန်တော်တို့ သတင်းအတိအကျ သိရမှာပါ။ နောက်တစ်ချက်က ဂူဂယ်ခံလိုက်ရတဲ့ သတင်းပါ။ သူတို့ရဲ့ quarterly results တွေကို ထုတ်ပြန်ကြေညာရာမှာ မှန်းထားတာထက် [ READ MORE ]