Posts Tagged ‘ General ’

Cloudy AppStore

  • July 11th, 2008
  • Posted in General

ကျွန်တော် ကျောင်းကိတ်စ၊ အလုပ်ကိတ်စ၊ လ.၀.က ကိတ်စတွေနှင့် လုံးနေရပြီး စာမရေးနိုင်တာကြာပေါ့။ ဒါပေမယ့် ဒီတစ်ပတ် အသစ်တွေထွက်လာတဲ့ AppStore ကသိပ်စိတ်ဝင်စားဖို့ကောင်းနေပြီး စင်္ကာပူမှာရှိတဲ့ အိုင်ပေါ့တပ်ခ်ျ၊ အိုင်ဖုန်းသုံးတဲ့လူတွေအတွက် သိပ်အသုံးဝင်မယ်ထင်လို့ ဒီပို့စ်လေးကို ရေးဖြစ်ပါတယ်။ iTunes 7.7 ကို ဒေါင်းလုပ်လုပ်သင့်ပါတယ်။ သူ့မှာ Security ဘာညာ ကွိကွတွေထက် အရေးကြီးတဲ့ AppStore ကို ထည့်သွင်းပေးထားပါတယ်။ iTunes Store ဆိုတဲ့ ခလုတ်ကို သင့် iTunes ကနေ နှိပ်လိုက်တာနှင့် Voila! စင်္ကာပူ စတိုးကို ရောက်သွားပါလိမ့်မယ်။ ကျွန်တော်ကတော့ အိုင်ဖုန်းသာ မရှိတာ စင်္ကာပူ ပန်းသီးတရားဝင် စတိုးကိုတွေ့ရတာ ၀မ်းသာစရာပါပဲ။ စင်္ကာပူတစ်နိုင်ငံလုံးမှာ ပန်းသီးစတိုး official မရှိပါဘူး။ အရင်က အွန်လိုင်း [ READ MORE ]

Thx Giving – Black Fri – IDP Interview !

  • November 24th, 2007
  • Posted in General

ဒီအပတ်ကတော့ ထူးခြားတဲ့ရက်ထူးနေ့ထူးတွေနဲ့ ပြီးသွားပါပြီ။ အာဆီယံ ဆွေးနွေးပွဲကြောင့် ကျွန်တော့် အလုပ်ပတ်ပတ်လည်မှာလည်း ရဲတွေ၊ လုံခြုံရေးတွေနှင့် ရှုပ်ယှက်ခတ်နေခဲ့ပါတယ်။ အမေရိကန်မှာ နိုဝင်ဘာ ၂၂၊ Thanksgiving ကြောင့်အကုန် အလုပ်ရှုပ်နေတဲ့အတွက် ဘလော့ခ်တောင်မရေးနိုင်ကြပါဘူး။အဲ့ဒီနေ့ ပြီးတဲ့နောက်တနေ့ကို Black Friday လို့ခေါ်ပါတယ်။ အဲ့နေ့ဟာ ရှော့ပင်းထွက်လို့ အကောင်းဆုံးလို့ဆိုကြပါတယ်။ ဈေးတွေလည်း မတရားလျှော့ပေးထားပါတယ်။ စင်္ကာပူ တူဒေး သတင်းစာမှာတောင် မနေ့က အချပ်ပိုတွေ အထပ်လိုက်နှင့် ဈေးလျှော့ကြော်ငြာတွေပါပါတယ်။ နောက် ကျွန်တော် Apple Products တွေ ဈေးတော်တော်ချထားတာတွေကိုတော့ တွေ့လိုက်ပါသေးတယ်။ အခုတလောတော့ စာရေးဖို့ မဖြစ်နိုင်ပါဘူး။ ကျွန်တော်ဒီနေ့လည်း တနေကုန် ကျောင်းကိစ္စ အင်တာဘူးတွေ လျှောက်သွားနေပါတယ်။ အလုပ်များတဲ့ဘ၀ကို ရတုံးလေးယူနေပါတယ်။ =p အဖေ့ဆီက ပိုက်ဆံဘယ်လို ချေးရမလဲဆိုတာ စဉ်းစားနေတာ [ READ MORE ]

Pay Pal Reopen – Mixed Feelings – England Blunder

  • November 22nd, 2007
  • Posted in General

ကျွန်တော်ကတော့ Mixed Feelings Day လို့ပဲဆိုပါရစေ။ - လူက နေမကောင်းဖြစ်နေတဲ့အတွက် အလုပ်မှာ နည်းနည်း efficiency ကျသွားပါ၏။- မနေ့က Course & Career Fair ပြန်လာပြီးတော့ အလုပ်ပိုရှုပ်သွားတယ်၊ အနောက်နိုင်ငံတွေမှာ ကျောင်းတက်ဖို့နှင့် ဘာနှင့်ညာနှင့် လေ့လာရတာကလည်း အမောပါပဲ။- ခေါင်းစားစရာ ကိစ္စ ၂ဆ၊ ၃ဆ ထိုးတက်သွားပါသည်။ - အလုပ်ကိစ္စ မပြီးသေးသည်များ အခုဒီစာရေးတဲ့ အချိန်ထိ ဆက်လုပ်နေပါ၏။- အင်္ဂလန် ကြီး ပြုတ်သွားတဲ့ အတွက် သနားသော်လည်း တကယ့် Rubbish Performance ဖြစ်နေတော့လည်း ဘာမှ မပြောလိုပါ။ - Wikipedia ကို ပိုက်ဆံလှူလိုက်ရလို့ ပျော်ပါသည်။- PayPal account ကို ပြန်ပြီးဖွင့်ပေးလိုက်လို့ [ READ MORE ]

Busy days come again.

  • November 15th, 2007
  • Posted in General

စာပြန်ရေးနိုင်အောင် ကြိုးစားနေပါသည်။ ပြက္ခဒိန်အလိုအရ ၇ရက်သာရှိသော သီတင်းတစ်ပတ်လုံးတွင် ကျွန်တော် တစ်ရက်ကို ၈နာရီနှုန်း အလုပ်လုပ်နေပါသည်။ အလုပ်ချိန်ပြင်ပတွင် လည်း အိမ်မှုကိစ္စဖြင့် ဗာဟီရများနေပါသည်။တခြားပြိုင်ပွဲများ၊ ပညာရေးနှင့် ပတ်သက်သော ဟောပြောပွဲများကိုတက်ရောက်ခြင်းစသည်တို့ကိုလုပ်ဆောင်ရန် အိပ်ချိန်ကို တစ်ရက်၆နာရီ အိပ်ရာမှ ဘယ်လောက်ထပ်လျှော့ရမည်နည်းဆိုသည်ကို ပျစ်ပျစ်နှပ်နှပ် အကြံပြုပေးစေလိုပါသည်။ ကျွန်တော့်၏ အဖြစ်ကို အောက်က ကြွက်ပုံကိုကြည့်ပြီး ပုံဖော်ကြည့်ပါ။ Featuring GeneralComics.com . All credits reserved. မှတ်ချက်။ အလုပ်များနေခြင်းကို ယခုအချိန်တွင်တော့ ကောင်းသောကာလ တစ်ခုဟု မြင်နေသေးပါကြောင်း။ Rgds,Wai[ READ MORE ]

Macbook – Pixel Shader = No PES 2008?

  • November 7th, 2007
  • Posted in General

ကျွန်တော် ဟိုတနေ့က ပြောထားတဲ့အတိုင်း ဒီအကြောင်းကို ရေးတာပါ။ ဂရပ်ဖစ်အင်ဂျင်ကို လေ့လာဖူးတဲ့လူတွေကတော့ Pixel Shader တွေ အကြောင်းကို နားလည်မှာပါ။ ဒီကောင်တွေက ဂိမ်းတွေမှာ နောက်ခံတောင်တန်းတွေ၊ လှုပ်ခတ်နေတဲ့ရေတွေ၊ အရိပ်တွေစတဲ့ Texture တွေကို ပရိုဂရမ်းမင်းသုံးတွက်ချက်ပြီး ဖော်ဆောင်ပေးတဲ့အရာတွေဖြစ်ပါတယ်။ ဟာ့ဒ်ဝဲအင်ဂျင်ကို ထောက်ကူပြီး ပုံရိပ်ဖော်ပေးတယ်လို့ အလွယ်ဆိုကြပါစို့။ ဒီကနေ့ ခေတ်ပေါ် ဂရပ်ဖစ်ကဒ်တွေမှာ Pixel Shader တွေ ဘယ်ဗားရှင်း၊ ညာဗားရှင်းကို Support ပေးနိုင်တယ်ဆိုပြီး ရေးထားလေ့ ရှိပါတယ်။ တချို့ မက်ခ်ရဲ့ အခြေခံဖြစ်တဲ့ OpenGL တို့ နေရာတွေမှာတော့ Fragment Shader လို့ လည်းခေါ်ကြပါတယ်။ အခုဆို ဗားရှင်း 4.0 တောင်ထွက်နေပြီ ကြားပါတယ်။ ထားပါတော့၊ Pixel Shader [ READ MORE ]

Leopard Review – Finally, I have played on it !

  • October 27th, 2007
  • Posted in General

မနေ့ကတော့ အမေရိကားနှင့် ကမ္ဘာတစ်ဝှမ်းမှာ နည်းနည်းရှုပ်ယှက်ခတ်သွားတယ်။ စင်္ကာပူမှာတော့ ဆူဆူညံညံသိပ်မကြားမိပါဘူး။ Apple ရဲ့ Customer Royalty ဘယ်လောက်ကြီးတယ်ဆိုတာ ဟောဒီ မက်ခ်ဝေါလ်လင့်ခ်မှာ သွားကြည့်ရင်သိနိုင်ပါတယ်။ လူတွေဝယ်နေလိုက်တာ hot cakes တွေကျနေတာပဲ။ အဲ့ဒါနှင့် ကျွန်တော်လည်း ၀ယ်ချင်နေတာ မနေနိုင်တာနှင့် ဒီနေ့ Funan ရောက်သွားတယ်။ အဲ့ဒီမှာလည်း တရစပ်ရောင်းနေရတာဗျာ။ စက်တွေအကုန်လုံးလည်း Leopard Installed တွေကြီးပဲ။ ဘာရမလဲ သွားစမ်းကြည့်တာပေါ့။ မြန်ချက်ကတော့ သူ့ဝဗ်ဆိုက်မှာ ကြော်ငြာထားတဲ့အတိုင်းပါပဲ။ Multi-Core Processor / 64bit ရှိတဲ့လူတွေဆိုပိုပြီးသိပါလိမ့်မယ်။ OS ရဲ့ အဓိက၀င်ရိုးကိုပါ ပြန်ပြင်ထားတဲ့ ဒီOSရဲ့ မြန်ချက်ကတော့ လန်ထွက်နေတာပဲ။ ကျွန်တော် Safari, Firefox ကောက်ဖွင့်ကြည့်လိုက်တာ ချက်ခြင်းတက်လာတယ်။ နောက်ပြီး iMovie, [ READ MORE ]

Last Minute Preview on the Big Cat

  • October 26th, 2007
  • Posted in General

မနေ့ကပြောထားတဲ့ အတိုင်း ပရီဗျူးရေးမယ်ဆိုပြီး အချိန်မရလို့ခုမှ ရေးလိုက်ရတယ်။ OSX Leopard ရဲ့နာမည်ကြီးသင့်မှုဟာ အိုင်ဖုန်းကြောင့် နည်းနည်းသေးသိမ်သွားတယ်ထင်ရပေမဲ့ အခုဆိုလူတော်တော်များများက စိတ်ရှည်လက်ရှည်စောင့်နေကြတာကို တွေ့ရပါတယ်။ ပန်းသီးရဲ့ ဒီသုံးချင်စရာကောင်းလှတဲ့ Operating System အသစ်စက်စက်ကို Geeks တွေ၊ Students တွေ၊ စီးပွားရေးသမားတွေ၊ Windows ရဲ့ စူပါစမတ် Developers တွေပါမကျန် အကုန် စောင့်နေကြပါတယ်။ ကံကောင်းတဲ့ လူတွေကတော့ သူတို့ရဲ့ ကြိုတင်မှာယူထားတဲ့ ခွေတွေ ရနေပါပြီ။ Screenshots တွေ စတင်နေပြီဖြစ်သလို၊ နည်းပညာနယ်ပယ်က Geek ကြီးတွေ ဖြစ်တဲ့ Pogue, Mossberg, Baig တို့ကလည်း အချိန်မှီ ပရီဗျူးတွေထုတ်လိုက်တာကို တွေ့ရပါတယ်။ သူတို့ ပြောတဲ့အထဲက စိတ်ဝင်စားစရာကောင်းတဲ့၊ ၀ဗ်ဆိုက်ပေါ်မှာ မဖော်ပြထားတဲ့၊ [ READ MORE ]

Quick Mac Bites : 25/10/07

  • October 25th, 2007
  • Posted in General

တွေ့မိမှတ်မိသမျှ ဖြစ်ပါတယ်။ - Apple(AAPL) ဟာ သူ့ရဲ့ မားကတ်ရှယ်၁ခု ၁၈၅ဒေါ်လာ ကျော်ကျော်ထိ တက်သွားပြီဖြစ်တာကြောင့် ကမ္ဘာ့အကြီးဆုံး၊ အကြွယ်ဝဆုံး ကွန်ပျူတာထုတ်လုပ်သူအဖြစ် နေရာယူလိုက်ပါပြီ။ မားကတ်တန်ဖိုး ၁၆၁ဘီလီယံကျော်ရှိပြီး၊ အိုင်ဘီအမ်ကတော့ ၁၅၃ ဘီလီယမ်ပဲရှိပါတော့တယ်။ အိပ်ခ်ျပီက ၁၃၃ဘီလီယမ်နှင့် နောက်ကလိုက်နေပြီး၊ နာမည်ကြီး ဒဲလ် ကတော့ ၆၅ ဘီလီယမ်ပဲရှိလို့ နာမည်ကြီးတွေထဲမှာ နောက်ဆုံးကနေပါတယ်။ - ကားမောင်းဂိမ်းတွေထဲမှာ နာမည်ကောင်းရထားတဲ့ Collin McRae Rally ဟာ မက်ခ်အတွက် သူ့ရဲ့ဂိမ်းကို ၂၆ရက်နေ့မှာ ထုတ်ပါမယ်တဲ့။ OSX 10.5 နှင့်အပြိုင်မို့ လူတွေက အဲ့ဂိမ်းနာမည် သိပ်မပေါက်မှာ စိုးရိမ်နေလေရဲ့။ ဒါပေမယ့် ကစားရတာပေါ့ဗျာ။ EA ကလို အူကြောင်ကြောင် ခပ်ချာချာဂိမ်းတွေနှင့်စာရင်.. ။ - [ READ MORE ]