Posts Tagged ‘ General ’

Woots – Fat Apple's Fiscal Year 07 Ended

  • October 23rd, 2007
  • Posted in General

မနေ့က ပန်းသီးကုမ္ပဏီက သူ့ရဲ့ ကြွယ်ဝမှုကို ထုတ်ပြပါတယ်။ စက်တင်ဘာ ၂၉ ကတည်းက ပြီးသွားတဲ့ Fiscal year’s Fourth Quarter မှာ သူဘယ်လောက်မြတ်လဲ ကြေညာပါတယ်။ ၀င်ငွေ ၆.၂၂ ဘီလီယမ်ရှိပြီး အသားတင်မြတ်ငွေ သန်း ၉၀၄ သန်းရှိပါတယ်တဲ့။ ပြီးခဲ့တဲ့ နှစ်တုံးက သန်း ၅၀၀ ကျော်သာ မြတ်တာနှင့် ယှဉ်ရင်တော်တော်လေး ရလိုက်ပါတယ်။ တစ်နှစ်လုံး အတိုင်းအတာအရ ၂၄ ဘီလီယမ်ဝင်ပြီး ၃.၅ ဘီလီယမ်မြတ်လိုက်တဲ့ စတီးဂျော့ဗ်ဟာ မျက်နှာကြီးကိုဖြီးနေတာပါပဲ။ ကိန်းဂဏန်းတွေ မျက်စိနောက်စရာကောင်းသလို ဓါးပြ၀င်တိုက်ချင်စရာလည်း ကောင်းပါတယ်။ ၂၀၀၈ မှာ အိုင်ဖုန်းကို ၁၀သန်းရအောင်ရောင်းပါ့မယ့်အကြောင်းလည်း ထပ်ပြောသွားပြီး နောက်နှစ်မှာထွက်မဲ့ OS X 10.6 … ဘာညာတွေလည်း အမှီရအောင်ထုတ်ပါမယ့်အကြောင်းပြောပါတယ်။ [ READ MORE ]

Quick Mac Bites : 19/10/07

  • October 19th, 2007
  • Posted in General

ဒီတစ်ပတ် မက်ခ်နှင့် ပတ်သက်တဲ့ တိုတိုထွာထွာလေးများကို ဖော်ပြပေးလိုက်ပါသည်။ - Leopard Golden Master Build က Developers တွေကို မပေးတော့ပါဘူးတဲ့။ - အိုင်ဖုန်းကို ဂျာမနီမှာ T-Mobile နှင့် ပြင်သစ်မှာ Orange ဆိုပြီး အတည်ပြုပြီးပါပြီတဲ့။ - အိုင်ဖုန်း/အိုင်ပေါ့ တပ်ခ်ျ SDK ကို ဖေဖော်ဝါရီမှာ ထုတ်ပါမယ်တဲ့။ အိုင်ဖုန်းမှာ မြန်မာလို ရေးလို့ ရအောင် လုပ်ရမယ်!!!!- အိုင်ဖုန်း ကြော်ငြာအသစ်တွေလည်း အားရင်သွားကြည့်လိုက်ပါဦး။ - တစ်ချို့ စာအုပ်ဆိုင်တွေမှာ ကျောင်းသားတွေအတွက် Leopard အထူးလျှော့ဈေး ရှိတယ်ပြောပါတယ်။ စင်္ကာပူမှာတော့ မသေချာပါဘူး။ - Gartner ရဲ့ အဆိုအရ ပန်းသီး မားကတ်ရှယ်က ၈.၁ရာခိုင်နှုန်းတိုးသွားပြီး ကွန်ပျူတာဈေးကွက်မှာ [ READ MORE ]

I'm not a Mac-news-reporter :|

  • October 17th, 2007
  • Posted in General

Cupertino Company ကတော့ တော်တော်အလှုပ်ရှုပ်နေပုံပဲ။ ကျွန်တော်လည်း မနက်အလုပ်ရောက်ရင် အချိန်ရတာနှင့် သတင်းတွေဖတ်ဖြစ်တယ်။ သတင်းဆိုလို့ ဒီစာရေးမိတာဗျာ။ တစ်ခါကကျွန်တော် Blog ဆွေးနွေးပွဲလေး၁ခုသွားတော့ ကျွန်တော့် အသိတွေက ကျွန်တော့်ကို မိတ်ဆက်ပေးတယ်။ သူက မက်ခ်သတင်းတွေရေးတယ်လေတဲ့။ အမှန်အတိုင်းပြောရရင် ကျွန်တော် သတင်းရေးတာကို ၀ါသနာပါရယ်လို့ဟုတ်ပါဘူး။ ဘာသာပြန်ပြီးရေးနေမယ့်အစား ကျွန်တော်ကလူတိုင်းကို အင်္ဂလိပ်လိုဖတ်လိုက်စေချင်တယ်ဗျာ။ ကျွန်တော်က ဘာသတင်းထောက်မှ မဟုတ်သလို၊ ကျွန်တော့်ဘလော့ခ်က သတင်းတွေလည်း တခြားမှာရှိတဲ့ဟာတွေပဲ။ မြန်မာလိုဖြစ်နေတာ၁ခုပဲကွာတာ။ နိုင်ငံခြားဆိုက်က ဟာတွေက အမှန်အကန် အပ်တူဒိတ်တွေ။ ဒါကို သူငယ်ချင်းတစ်ယောက်ကပြောတယ်၊ မက်ခ်သတင်းတော့ လူတွေက အင်္ဂလိပ်လိုသိပ်မဖတ်တော့၊ စိတ်ဝင်စားမှုလည်းနည်းတော့ ဘာသာပြန်ပြီးရေးတာကောင်းပါတယ်တဲ့။ သူပြောတာလည်း မမှားပါဘူး။ တချို့လူတွေ အကျိုးရှိတဲ့အတွက်ဝမ်းသာပါတယ်။ ဘာပဲဖြစ်ဖြစ်ဗျာ၊ ကျွန်တော်က ဆောင်းပါးတွေ၊ အမြင်တွေရေးရတာကိုပဲ ပိုကြိုက်ပါတယ်။ ကျွန်တော့် ပညာရေး၊ [ READ MORE ]

Teens – Web 2.0 – Where are you?

  • October 12th, 2007
  • Posted in General

နောက်ထပ် လူငယ်တွေနှင့် ပတ်သက်တဲ့ ပို့စ်၁ခုဆိုပါစို့။ ဆယ်ကျော်သက်တွေဟာ အခုဈေးကွက်မှာရှိနေတဲ့ အိုင်တီပစ္စည်းတွေရဲ့ ရောင်းအားကို ကောင်းကောင်းမောင်းနှင်နိုင်တာကို ကျွန်တော် ပြီးခဲ့တဲ့ပို့စ်မှာ ရေးခဲ့ပါတယ်။ အခုအဲ့ဒီလိုဖြစ်အောင် ဘာတွေက အထောက်အကူလုပ်သလဲဆိုတာကို ကြည့်ကြရအောင်။ ကိုစေတန်၁ခါ မေးဖူးတဲ့အကြောင်းအရာပါ။ ၀ဗ်၂.၀ လို့ဆိုရင် မမှားပါဘူး။ ကျွန်တော့်ကို အဲ့ဒီ ၀ဗ်၂.၀ ဆိုတာ ဘာအဓိပ္ပါယ်လဲမေးရင် တိတိကျကျ မသိပါဘူး။ Tim O’Reilly က သူ့ရဲ့  ၀ဗ်၂.၀ definition ကိုယ်၌မှာတောင် အဲ့ဒါဟာ စီးပွားရေးသမားတွေရဲ့  စကားလုံးလှလှတွေထဲက ၁ခုပါတဲ့။ လူတွေက ဒါပဲထပ်ခါထပ်ခါသုံးနေတော့ မျက်စိနောက်စရာ ဖြစ်လာတာပေါ့။ ဒီကြားထဲ ဂူဂယ် စီအီးအိုကြီးက ၀ဗ်၃.၀ လာတော့မယ်ဆိုတော့ ရုတ်ရုတ်သဲသဲတွေ ထပ်ဖြစ်သွားသေးတယ်။ ဒါပေမယ့် ဒီပို့စ်ရေးဖို့ကလည်း နည်းနည်းပါးပါး [ READ MORE ]

Teens – Brands – Apple

  • October 8th, 2007
  • Posted in General

ဆယ်ကျော်သက် လူငယ်တွေ ဟာ ယနေ့ နည်းပညာဈေးကွက်မှာ တာဝန်ကြီးကြီးမားမား ယူထားပေးပါတယ်။ ကွန်ယက်တွေ မြန်ဆန်လာတာနှင့်အမျှ ၂၄နာရီလုံးလုံး တစ်ဦးနှင့် တစ်ဦး ဆက်သွယ်အကြောင်းကြားမှုတွေ၊ မီဒီယာတွေ သတင်းဌာနတွေက တဆင့် အလွယ်တကူ လက်လှမ်းမှီတဲ့ နေရာမှာ ရှိနေကြပါတယ်။ စီးပွားရေးအရ ကောင်းကျိုးတစ်ခုဖြစ်ပေမယ့်လည်း တစ်ဖက်ကလူက ဘာကောင်မှန်းမသိတဲ့အတွက် ကိုယ့်ကိုအနိုင်ကျင့်တာတွေ၊ ယုတ်မာတာတွေ ခံရခြင်းတွေကတော့ မကောင်းပါဘူးလို့ငြင်းနေကြတာလည်းရှိပါတယ်။ Cyberbully 411 ဟာ ဒီဖြစ်စဉ်တွေကို တိုက်ဖျက်တဲ့နေရာမှာ နာမည်ကောင်းရထားပါတယ်။ တချိန်ထဲမှာပဲ အကောင်းမြင်ဝါဒီသမားအများစုကတော့ လူငယ်တွေဟာ မှားရင်းနှင့်ပဲ သင်ယူရပါတယ်လို့ ပြောကြပြန်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ အိုင်တီနည်းပညာ စီးပွားရေးလုပ်ငန်းတွေ တဟုန်ထိုးအောင်မြင်နေတာ ဆယ်ကျော်သက်တွေ ကြောင့်ဆိုရင် မမှားပါဘူးလို့ YPulse ရဲ့  ဆရာမကြီး Anastasia Goodstein ကတော့ [ READ MORE ]

Venture Capitalists : Changing Era

  • October 5th, 2007
  • Posted in General

မနက်က ဖတ်လိုက်ရတဲ့ ဆောင်းပါး၁ခုကြောင့် ကျွန်တော်ဒီစာရေးဖို့ဖြစ်လာပါတယ်။ ကွန်ယက်နည်းပညာခေတ်မှာ စီးပွားရေးပညာရှုင်တွေ နည်းပညာကျွမ်းကျင်သူတွေဟာ Startup လို့ခေါ်တဲ့ ကုမ္ပဏီတက်သစ်စတွေထောင်၊ နည်းပညာကို အပြိုင်အဆိုင်ချဲ့ထွင်ပြီး အကျိုးအမြတ်ရမဲ့ နည်းလမ်းတွေကို အပြိုင်အဆိုင်လုပ်ဆောင်နေကြပါတယ်။ စီးပွားရေး၁ခုလုပ်ရာမှာ လိုအပ်တဲ့ အရင်းအနှီးတည်းဟူသော အရာကို Venture Capitalists တွေဆီက ရနိုင်သမျှရအောင် ကြိုးစားလေ့ရှိပါတယ်။ များများရလေလေ၊ ကောင်းကောင်းလုပ်နိုင်လေလို့ယူဆကြပါတယ်။ ဒါဟာ ယျေဘူယအားဖြင့် မှန်နေပေမယ့် ယနေ့အခါမှာတော့ နည်းပညာပိုင်း၊ ဈေးကွက်ပိုင်းပြောင်းလဲမှုတွေကြောင့်အခြေအနေက မတူတော့ပါဘူး။ သတင်းအချက်အလက်နှင့်နည်းပညာလောကမှာ ကျွန်တော်တို့အရင်က ကုမ္ပဏီ၁ခုထောင်ဖို့ဆိုရင် စတင်ဦးဆောင်တဲ့လူတွေက စာရွက်စာတမ်းတွေအများကြီးပြုစုရပါတယ်။ စာမျက်နှာပေါင်း ရာချီ ထောင်ချီနေတဲ့ Business Plan, Model, Executive Summary, Fiscal Projections စတာတွေနှင့် ကိုယ့်ပရောဂျက် သည် ဒီရွေ့ဒီမျှကောင်းပါသည်။ ကျွန်တော့်ဟာကို သုံးရင်ဒီလောက်မြတ်ပါမည်။ ဒီလောက်ရင်းနှီးရင် [ READ MORE ]