Posts Tagged ‘ General ’

iPhone for Europeans

  • September 20th, 2007
  • Posted in General

Europe က ဆရာသမားတွေ နောက်ဆုံးတော့ သူတို့လည်း အိုင်ဖုန်းကိုင်လို့ရပါပြီ။ ၂၆၉ ပေါင် ကနေစပြီး အင်္ဂလန်မှာ ရောင်းချနေပါပြီ။ O2 က တစ်ဦးတည်း ကိုယ်စားလှယ်ပါ။ ကျွန်တော် စိတ်ဝင်စားတာ ၁ခုပဲရှိတယ်။ အဲဒါက သူတို့ရဲ့ The Cloud နှင့် ချိတ်ဆက်ပြီး လက်တွဲမှုပါ။ 3G, 3.5G တွေ သိပ်ဂရုမစိုက်တဲ့ စတိဗ်ဂျော့ဗ်စ် ရဲ့ သတ္တိရှိရှိလုပ်ဆောင်မှုတစ်ခုပါ။ ဥရောပဟာ အမေရိကားနှင့်မတူပါဘူး။ 3G ကို အင်မတန်အားကိုးပါတယ်။ ကျွန်တော်တို့ စောင့်ကြည့်ရမယ့် ပြိုင်ပွဲ၁ခုပါပဲ။ The Cloud ဟာ ဥရောပရဲ့ အကြီးဆုံး ၀ိုင်ဖိုင် အင်တာနက် ပံ့ပိုးသူ ဖြစ်သလို အခုလို အိုင်ဖုန်းအတွက်လည်း ကွန်ယက်ပေါင်း ၇၅၀၀ ထောက်ပံ့ပေးမယ်လို့ အတည်ပြုထားပါတယ်။ [ READ MORE ]

For Fellow iSwitchers ..

  • August 30th, 2007
  • Posted in General

အခုတလော iSwitchers တွေ တနေ့တခြားတိုးပွားလာနေပါတယ်။ ကျွန်တော့် သူငယ်ချင်းတွေထဲမှာတောင် တစ်ယောက်ပြီးတစ်ယောက် Mac တွေ ပြောင်းကိုင်ကြပြီ။ အစပိုင်းမှာ နည်နည်း အထစ်အငေါ့လေးတွေတော့ ရှိနေပါသေးတယ်။ မွေးကတည်းက ၀င်းဒိုးနှင့်ကြီးလာရတာဆိုတော့ဗျာ.. ။ အဲ့ဒါ လူတိုင်းကလာမေးကြတယ်၊ ၀င်းဒိုးကို Intel Mac ပေါ်မှာသုံးဖို့ အကောင်းဆုံးနည်းလမ်းက ဘာလဲ၊ ညာလဲ ပေါ့ဗျာ။ ကျွန်တော် တစ်ခါတုံးက CrossOver အကြောင်းရေးတုံးကတော့ နည်းနည်းပြောဖူးပါတယ်။ အမြန်ဆုံးက BootCamp ပါ။ သူက လုံးဝ Partition ဆောက်ပြီး သွင်းတာဆိုတော့ Windows အစစ်ပါပဲ။ နောက်တော့ CrossOver အစရှိတဲ့ Application တွေ သီးသန့် Run ဖို့ သုံးရတဲ့ ဟာတွေ ရှိပါတယ်။ အခုလူတိုင်းလာမေးနေကြတာတော့ Parallels, [ READ MORE ]

Bye Jim + His latest smash on Vista

  • August 18th, 2007
  • Posted in General

ကျွန်တော် PC Magazine ကို ရန်ကုန်မှာကတည်းက ဖတ်ခွင့်ရခဲ့ပါတယ်။ BC မှာက UK Version တွေရှိတော့ ပိုကောင်းပါတယ်။ စလုံးက Singapore PC Mag တွေထက် အများကြီးကောင်းတယ်လို့ထင်ပါတယ်။ ခုရေးမယ့်အကြောင်းက PC Mag chief Jim Louderback အကြောင်းပါ။ အယ်ဒီတာဘ၀မှာ ၁၆နှစ်၊ PC Mag မှာ ငါးနှစ် လုပ်ပြီးတဲ့အခါမှာ ဆရာကြီး Jim တော့ လစ်သွားပါပြီ။ Revision3 မှာ စီအီးအို သွားလုပ်မယ်လို့ ပြောပါတယ်။ အခုလို စိတ်ဆန္ဒပြင်းပြတဲ့ အဖွဲ့တွေနှင့် အလုပ်လုပ်ရတာကို နှစ်သက်ပါတယ်လို့ တဖွဖွပြောနေပြီး သူ့ကြည့်ရတာ မဂွဇင်းလောကကို စိတ်ကုန်ပုံတော့မရသေးပါဘူး။ နောက်ဆုံး ဆောင်းပါးမှာ Vista အကြောင်း နှိပ်ကွပ်သွားပါတယ်။ [ READ MORE ]