Posts Tagged ‘ General ’

Finally … Over ! MS Cup!

ပြိုင်ပွဲနေ့သို့ … ဒီလိုနှင့် နောက်ဆုံး၁ရက်ပဲကျန်တယ်။ မနက်ဖြန်ဆိုပဲ ပရီဆန်တေးရှင်းရောက်ပြီ။ အဆင်သင့် မဖြစ်သေးဘူး။ ၃ ခါလောက် Revamp လုပ်လိုက်ရတဲ့ Prototype ကို ၀ရုန်းသုန်းကားလုပ်ရတာဆိုတော့ … ကြားထဲ Ms Blend က ၀င်နှောက်လိုက်သေးတယ်။ နောက်ဆုံး Integration ပိုင်းမှာလည်း ကျွန်တော်တို့ ခေါင်းဆောင်ကြီးက လုပ်တာ အဆင်မပြေဖြစ်နေတယ်။ ထားတော့၊ ဆရာ ပရီဆန်တေးရှင်းပဲလုပ်၊ ကျွန်တော်တို့ အင်တီဂရေးရှင်းဆက်လုပ်လိုက်မယ်ဆိုပြီး။ အဲ့ စကားမစပ် စိတ်ဝင်စားဖို့ကောင်းတာ ၁ခုကြုံတယ်။ ဆရာမက ကျွန်တော်တို့ကို သကြားလုံး ၁မျိုးကျွေးတဲ့အကြောင်းပါ။ က ကြီးကလာတာတဲ့။ ဂျင်ဆင်းကနေ Extract ထားတာဆိုပဲ။ ကျွန်တော်တို့က အိပ်ငိုက်လို့ ကော်ဖီသောက်ဖို့စဉ်းစားနေတဲ့အချိန်မှာ။ ဗိုက်ဆာဆာနှင့် အဲ့ဒါစားလိုက်တယ်။ ဟိုက်ရှားပါး။ ထူပူသွားပြီး လူက ချက်ခြင်းလန်းသွားတယ်။ [ READ MORE ]

မိုက်ခရိုစုပ်ဖ်ပွဲအကြောင်း – အပိုင်း ၂

ထိုပရီဆန်တေးရှင်း အပြီးမှာ ကျွန်တော်နှင့် သန့်ဇင် ၂ကောင်သား အနားရပြီဆိုပြီး ပျော်နေသပေါ့။ စနေ တနင်္ဂနွေ ၂ရက်ကို အားရပါးရ ဖြုန်းပလိုက်တယ်။ ဆရာမကိုလည်း လှမ်းအကြောင်းကြားတယ်။ ကျွန်တော်တို့ နှုတ်ထွက်ပြီလို့။ ဆရာမလည်း ဘာမှ မပြောနိုင်ဘူး။ ဘာရမလဲ။ ဒါကျုပ်တို့ အခွင့်အရေးပဲဟာ။ တနင်္လာနေ့ မနက်- ကျောင်း ဒါရိုက်တာဆီက ဖုန်းလာတယ်။ ငါးမိနစ်အတွင်း ကျွန်တော်တို့ရဲ့ နာမည်ကျော် တောင်ကုန်းထိပ်က ရဲတိုက်ကြီးရဲ့ မိတင် ခန်းမကိုလာခဲ့ပါတဲ့။ ပြေးတယ်။ ဟိုရောက်တော့ မင်းတို့ဘာလို့ ဆက်မပြိုင်တာလဲတဲ့။ ဘာ လက်နက်ကိရိယာတွေလိုတုံးတဲ့။ အဲ့ဒီ မိုက်ခရိုဆော့ဖ် ပြိုင်ပွဲကြီးက သိပ်ကိုအရေးပါတယ်ဆိုပဲ။ ကျောင်းရဲ့ နာမည်ဂုဏ်သိက္ခာကို သိပ်စကားပြောတယ်တဲ့။ မင်းတို့ဘာလိုလဲ။ လူလိုလား။ ဒီဇိုင်နာလိုလား။ ပိုက်ဆံလိုလား။ အလုပ်မလုပ်နှင့်တော့။ ထောက်ပံ့ကြေးရအောင် သူ ကျောင်းအုပ်ဆီက [ READ MORE ]

ကျွန်တော်နှင့် မိုက်ခရိုဆော့ဖ် သီတင်း၅ပတ်

ကျွန်တော့် အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတွေတော့သိပါတယ်။ ပြီးခဲ့တဲ့ ၅ပတ်လုံးလုံး ခံစားလိုက်ရတဲ့ ဝေဒနာတွေ။ ရီပေါ့လုပ်ပြီး တင်ပြပါရစေ။ သန့်ဇင်အကြောင်းလည်းပါပါ၏။ ဧပြီလ လဆန်းပိုင်း၁ရက် -ဆရာမ လင်း ( မြန်မာမှုပြုလိုက်၏ ) ဆီက ဖုန်းလာ၏။ ကျောင်းမှ အသင်းတစ်သင်းသည် ထိုထိုနာမည်ကြီးခွန်အားကြီးလှသည်ဆိုသော မိုက်ခရိုဆော့ဖ်အမည်ရှိ ဘီလူးကြီး၏ နှစ်စဉ်ကျင်းပမြဲရှိတဲ့ ဦးနှောက်စုပ်ပွဲကြီး တွင်ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်ဟူ၏။ ထို Imagine Cup ဟု ဘိလပ်လိုသမုတ်ကြသည့်ပြိုင်ပွဲမှာ ဘီလူးကြီး၏ အာဏာစက်လွှမ်းမိုးခြင်းအထူးတလှည်ခံရသည့် စင်္ကာပူရတိုင်းသားတို့မှာ အနန့်ဆုံး အရွဆုံး ၀င်ရောက်ယှဉ်ပြိုင်နေလေသည်ဆိုတည်း။ သို့သော်အကြောင်းအမျိုးမျိုးကြောင့် အဆိုပါ SP Team မှာ လမ်းတစ်ဝက်တွင်လူနှစ်ယောက်ပျောက်ဆုံးသွားသဖြင့် ကျွန်တော်နှင့် သန့်ဇင် နှစ်ယောက်ကို ဓါးခုတ်ရာလက်ဝင်ခိုင်းလေသည်။ ပြိုင်ပွဲမှာလည်းအရှိန်ကကောင်း၊ အတွေ့အကြုံလေးလည်းလိုချင်၊ အဲ့ဒီအသင်းကလည်း အဖွဲ့ပေါင်းထောင်ချီနေတဲ့ထဲမှ နောက်ဆုံး ၁၆သင်းကို ယိုင်ကာနဲ့ကာ [ READ MORE ]

Coolz Apps for Mac Users – 1

  • April 27th, 2007
  • Posted in General

Mac users များ အတွက် တစ်ပြားမှမကုန်တဲ့ Cool App များ – အပိုင်း ၁ ဟုတ်ပါတယ်။ နာမည်နှင့်လိုက်အောင် တစ်ပြားမှ မကုန်တဲ့ ဆော့ဖ်ဝဲများဖြစ်ပါတယ်။ Mac Addict ဇန်န၀ါရီလထုတ် မဂ္ဂဇင်းမှ မှီငြမ်းထားကြောင်းပါ။ ပထမဆုံး ဖော်ပြချင်တဲ့ ဆော့ဖ်ဝဲ ဂရုပ်က Productivity ဂရုပ် ဖြစ်ပါတယ်။ ကျွန်တော်တို့ ရဲ့ Mac ဟာ နေ့စဉ်လုပ်ဆောင်နေတဲ့ ကိစ္စ၀ိစ္စတွေကို မြန်မြန်ဆန်ဆန်နှင့် ခရီးတွင်အောင် လုပ်ဖို့လိုပါတယ်။ အချိန်သက်သက်သာသာနှင့် အလုပ်တွေပြီးပြတ်အောင် ကူညီပေးဖို့ အောက်က ကျွန်တော်တို့ရဲ့ ဆော့ဖ်ဝဲတွေက အသင့်ရှိနေပါတယ်။ ၁။ QuickSilver – ဂူဂယ် ဒက်စ်တော့ပ် ကို သုံးဖူးတဲ့ ၀င်းဒိုး သမားများလည်းသိမှာပါ။ သင့်ကွန်ပြူတာ ၁လုံးလုံးမှာရှိနေတဲ့ [ READ MORE ]

Hamachi – OS X installation

  • March 11th, 2007
  • Posted in General

ထွက်တာ ကြာနေပြီသော်လည်း ကျွန်တော် မနေ့ကမှ Hamachi ကို အင်စတောလုပ်ကြည့်ပါတယ်။ Pkg မရှိ၊ GUI လည်း မရှိပါဝူး။ Client X interface လည်းမရှိပါဘူး။ ဂိမ်းသာကစားချင်ပြီး Command တွေရိုက်ရမှာ ပျင်းတဲ့ ကျွန်တော်တို့ အကိုတွေ၊ အမတွေအတွက် ကျွန်တော်လုပ်ခဲ့တဲ့ လုပ်နည်း အဆင့်ဆင့်ကို အောက်မှာ ရေးပေးထားပါတယ်။ သူ့ရဲ့ Hamachi Readme မှာဖတ်ရင် ရပေမယ့် နည်းနည်းရှုပ်နေသေးတယ်လို့ ထင်လို့ပါ။ OSX Gamers တွေ အသုံးဝင်မယ်လို့ ယူဆလျက်.. ၁) Tar.gz ကို ဒေါင်းလုပ်လုပ်၊ ဖြန့်ချပြီးရင် ဖိုလ်ဒါ၁ခုရလာပါလိမ့်မယ်။ အဲ့ဒီဖိုလ်ဒါထဲမှာ ဖိုင်သေးသေးလေးတွေ အများကြီးတွေ့ပါလိမ့်မယ်။ အဲ့ဒါကို ဒီအတိုင်းထားပါ။ ၂) အင်စတောလုပ်ဖို့ရာ ကျွန်တော်တို့ Terminal [ READ MORE ]