Posts Tagged ‘ ideas ’

Study Abroad

  • April 26th, 2008
  • Posted in Uncategorized

ပျင်းဖို့အလွန်ကောင်းသည်။ နွေရာသီ ဒီအချိန်ဆိုလျှင် ရန်ကုန်က ကလေးများ အနားယူနေကြလောက်ပြီ။ တချို့လည်း ကိုရင်ဝတ်၊ ကျူရှင်တက်ဖြင့် အလုပ်ရှုပ်နေကြပေဦးမည်။ ကျွန်တော့်ညီ ဒီနှစ်ဆယ်တန်းဖြေပြီးသဖြင့် မေးလာသော မေးခွန်းများကို ဖြေရင်း ဒီစာကိုရေးဖြစ်ခြင်းဖြစ်ပါသည်။ အခုခေတ်တွင် ပြိုင်ဆိုင်မှုတွေက ပိုများလာကြသည်။ ကျောင်းပြီးတာနှင့် အိုလယ်ဗယ်၊ အေလယ်ဗယ်တွေ အပြိုင်တက်နေတာကို တွေ့ရသည်။ ရှိရှိသမျှ standardized tests တွေကို ဖြေမယ်ဆိုပြီး ကြုံးဝါးထားသော လူများလည်း မနည်းပေ။ ထိုအထဲမှာမှ ပြဿနာတစ်ချို့ကို ကျွန်တော်ပြောချင်နေတာ အခုပိုဆိုးလာသဖြင့် ကြုံတုံး ဆရာလုပ်ခွင့်ပြုပါရန် ပဏာမ ခွင့်တောင်းပါသည်။ ကျေးဇူးပြုပြီး ဒီအချက်များကို နားထောင်ကာ ၃မိနစ်မျှ စဉ်းစားပေးစေလိုပါသည်။ ၁။ ကျောင်းသားတိုင်းသည် နိုင်ငံရပ်ခြားကို သွားချင်ကြသူမဟုတ်၊ သူများသွားတိုင်း လိုက်မသွားစေလိုပါ။ ဒီအချက်အရမ်းအရေးကြီးပါသည်။ ဒါဟာ ဖက်ရှင်တစ်ခုမဟုတ်ပါ။ ကလေးကစားစရာမဟုတ်ပါ။ [ READ MORE ]

Positioning Afresh

  • March 26th, 2008
  • Posted in General

တစ်ရက်မှ သုံးနာရီလောက်ပဲ အိပ်ရလို့ စာမရေးနိုင်ခဲ့တာ ကြာခဲ့ပါပြီ။ တနေ့တနေ့ အက်ဆေးတွေထိုင်ရေးလိုက်၊ အလုပ်သွားလိုက်၊ တခြားပရောဂျက်တွေ မပြတ်သေးလို့ လက်စသတ်လိုက်နှင့် ချာလပတ်ရမ်းသွားလို့ဗျာ။ တနေ့က လာမေးတဲ့ မေးခွန်းတစ်ချို့နှင့် ပတ်သက်ပြီး ဖြေခဲ့တာလေးတွေ ပြန်ရှယ်ချင်လို့ပါ။ ကျွန်တော့်ကို ဘယ်အလုပ်မျိုးလုပ်ချင်သလဲတဲ့။ လောလောဆယ်တော့ ကျွန်တော် software engineer အနေနှင့် ကျောင်းမတက်ခင် ယာယီလုပ်နေတယ်ဗျ။ တနေ့တနေ့ .net, c#, sharepoint, workflows, ajax, webservices, server components, css layouts ဘာညာတွေ ပေါ့ဗျာ။ ဟုတ်ပါတယ်။ ကြားရတာနှင့် အိပ်ငိုက်ဖို့ ကောင်းလာတယ်ဟုတ်။ ခင်ဗျားတို့တော့ မသိဘူး ကျွန်တော်ကတော့ သုံးနှစ်ပြီးသွားတဲ့ကာလမှာ ကိုယ်လုပ်ချင်တာကို သေချာသိလာရလို့လားမသိဘူး၊ ပျင်းလာတယ်ဗျ။ တနေ့တနေ့ အလုပ်မှာ Stored Procs [ READ MORE ]

Google's Social Graph API – Social Social Social!

  • February 3rd, 2008
  • Posted in General

ယနေ့ကာလမှာ လူမှုဆက်သွယ်ရေးကွန်ယက်တွေ (Social Networking Tools) တွေ မှိုပေါက်သလို ပေါလာတာကိုတွေ့ရပါတယ်။ RDF, OWL, XFN, FOAF စတဲ့ စတဲ့ နည်းပညာပိုင်းဆိုင်ရာ သတ်မှတ်ချက်တွေများလာတာက လိုက်လို့တောင်မမှီပါဘူး။ facebook Friendster MySpace တို့ အောင်မြင်လာတာ အင်အားကြီးမားလွန်းတဲ့အတွက် တစ်ချို့က ဒါဟာ ၀ဗ်၃.၀ ပါလို့တောင် ပြောကြပါတယ်။ အဲ့ဒီအချိန်မှာ တစ်ခုသောအရာလည်း တိုးပွားလာပါတယ်။ အဲ့ဒါဘာလည်းဆိုတော့ ခင်ဗျားတို့ ကျွန်တော်တို့ရဲ့ Data တွေ ပါပဲ။ အခုဆိုရင် လူတစ်ယောက်မှာ ဆယ်ခု အခုနှစ်ဆယ်မက အဲ့လို နက်ဝက်ခ်တွေကို ဂျွိုင်းထားတဲ့အတွက် ချိတ်ဆက်ထားတဲ့ သူငယ်ချင်းတွေ၊ ကိုယ်စိတ်ဝင်စားတဲ့ ဘာသာရပ်တွေ၊ ရုပ်ဝတ္ထုတွေအကြောင်းလည်း အွန်လိုင်းပေါ်ရောက်ကုန်ပါပြီ။ အဲ့ဒါကြောင့်လည်း အခု အဲ့ဒါတွေကို စုပြီး စီးပွားရေး [ READ MORE ]

Languages & Skillsets for Future – Your Choice?

  • November 9th, 2007
  • Posted in Uncategorized

စီးပွားရေး မဂ္ဂဇင်းတစ်ခုရဲ့ ဆောင်းပါးမှာဖြစ်ပါတယ်။ မေးတဲ့လူက အခုလို မေးပါတယ်။ မေးသူ – ကျွန်တော် အခု စီးပွားရေးလုပ်ဖို့ ဘာသာစကားနှင့် ပတ်သက်ပြီး သင်ယူရာမှာ ဆုံးဖြတ်ရခက်နေတယ်။ လောလောဆယ်တော့ ပေါ်တူဂီစကားကို လျာထားတယ်ဗျ။ နောက်တခြားဘယ်ဟာတွေ ကောင်းသေးလဲ ဖြေကြားပေးစေချင်ပါတယ်။ နောက်ပြီး နောင်တစ်ချိန်မှာ ဘယ်အရာတွေ တိုးတက်လာပြီး ဘယ်နည်းပညာတွေ ခေတ်စားလာမလဲဆိုတာလည်း အရိပ်အမြွက်ရှင်းပြပေးစေချင်ပါတယ်။ ဖြေကြားသူ - အခုလို မေးမြန်းတဲ့အတွက် ၀မ်းသာပါတယ်။ ကနဦးအနေနှင့် ပေါ်တူဂီဘာသာသင်ယူမယ်ဆိုတာကို ကြိုဆိုပါတယ်။ ဒါဟာ တောင်အမေရိကနှင့် အာဖရိက နိုင်ငံတစ်ချို့မှာ အတော်အသုံးဝင်ပါတယ်။ အဲ့ဒီဈေးကွက်တွေမှာ စီးပွားရေးလုပ်မယ်စိတ်ကူးရှိရင်တော့ ပေါ်တူဂီစကားဟာ အတိုင်းထက်အလွန်ပါပဲဗျ။ နောက်ပြီး စပိန်ဘာသာစကားကိုလည်း မမေ့စေချင်ပါဘူး။ လက်တင်အမေရိက၊ မြောက်အမေရိက စတဲ့ဒေသတွေမှာ စပိန်ဟာလည်း လူပြောအများဆုံးထဲက ၁ခုပါ။ ဥရောပမှာလည်း [ READ MORE ]