Posts Tagged ‘ iphone ’

9th Sep Special Event and Me

  • September 8th, 2008
  • Posted in Uncategorized

ပန်းသီးကုမ္မဏီ၏ မနက်ဖြန်တွင်ကျင်းပမည်ဖြစ်သော အထူးရှယ် … Music Event ကို ပရိသတ်အများကစောင့်မျှော်နေကြသည်။ အိုင်ပေါ့ အသစ်တွေ ထွက်မည်ဟု ကောလဟလ ထွက်ရုံမက တစ်ချို့ဆိုက်များတွင် ဓါတ်ပုံတွေတောင် ပြန့်နေပါပြီ ။ အိုင်ဖုန်း သတင်းတွေ ထွက်မည် ( ဥပမာ – Firmware 2.1 ) ဟုလည်း ကြားနေရပြီး လူတိုင်းက ဘာလဲဘာလဲ ဖြစ်နေကြ၏။ iTunes 8 အကြောင်းလည်း သတင်းလှန့်ထားတာတွေ့ရသည်။ ဘယ်လိုပဲပြောပြော ကျွန်တော်ကတော့ တစ်လုံးမှ ၀ယ်ဖြစ်ဦးမည် မဟုတ်။ အသစ်ထွက်မည့် ကွန်ပျူတာကို စောင့်မျှော်နေပြီး ရသမျှ ပိုက်ဆံ ကုတ်ကပ်စုနေမိ၏။ မက်ခ်သတင်းကို စောင့်မျှော်နေတဲ့ သူများအတွက်တော့ မနက်ဖြန်ဟာ စိတ်လှုပ်ရှားစရာမကောင်းပါ။ အောက်တိုဘာလထိ စောင့်ရန်အကြံပေးထားသည်များကို အွန်လိုင်းပေါ်တွင်တွေ့ရပါသည်။ ကျွန်တော်တို့တတွေ [ READ MORE ]

Macless Syndrome

  • August 28th, 2008
  • Posted in Uncategorized

ကျွန်တော့်ကို မက်ခ် သတင်းတွေ၊ ဆောင်းပါးတွေ မရေးလို့ … စောင့်နေကြတဲ့ ( perhaps ) .. စာဖတ်သူတွေ အတွက် သတင်းဆိုး၁ခုရှိပါတယ်။ အဲ့ဒါကတော့ ကျွန်တော့်မှာ မက်ခ်ကင်းတော့်ခ်ျ ကွန်ပျူတာမရှိတော့တာ ၃လ ပြည့်ပါတော့မယ်။ အဲ့လို ကွန်ပျူတာမဲ့ဘ၀ရောက်သွားရတဲ့ အကြောင်းအရင်းကိုတော့ ဖွင့်ဟမပြောလိုတော့ပါဘူး။ သေချာတာကတော့ ကျွန်တော်အခု ပီစီ ၁လုံး ယာယီသုံးနေတယ်ဆိုတာပါပဲ။ Brand ကတော့ ကွန်းပက်ခ်ပါ။ HP ရဲ့ လက်အောက်ခံဆိုပါစို့။ အခုလို စက်တင်ဘာကာလ .. ပန်းသီး ကွန်ပျူတာတွေ ဈေးချတဲ့အချိန်မှာ ဘာလို့ ကျွန်တော် … မက်ဘွတ်ခ်ပရို.. ၁လုံး ပြန်မ၀ယ်ဖြစ်လိုက်လဲဆိုတဲ့ မေးခွန်းကို ဖြေကြားမျှဝေချင်ပါတယ်။ =x - 1 – တစ်ခုက .. [ READ MORE ]

WWDC 08 – Flips & Flops

  • June 10th, 2008
  • Posted in Uncategorized

အိပ်ရေးပျက်ခံကာ ကြည့်လိုက်ရသော WWDC မှာ အရင်နှစ်တွေလောက် မဟော့သော်လည်း သူ့ဂုဏ်နှင့်သူ စိတ်လှုပ်ရှားမှုတွေတော့ ပေးသွားပါသည်။ - Snow Leopard OSX 10.6 ၁နှစ်အတွင်းမှာ ထွက်ပါမယ် (Server Version also) လို့ထပ်မံကတိပေးသွားပါတယ်။ Stability, Performance တွေပိုကောင်းလာမယ်လို့ ပြုံးပြုံးကြီးပြောသွားပါသည်။ ပြဿနာက ဘာ Features အသစ်မှမပါတဲ့ ထို operating system ကို ၀ယ်မဲ့လူအတော်ရှားမှာပါ။ လူတိုင်းက OS အသစ်ဆိုရင် တစ်နည်းတစ်ဖုံပြောင်းသွားမှ ကျေနပ်ကြပါတယ်။ ဒါပေမဲ့လည်း တစ်ဖက်မှာ ၀င်းဒိုး 7 အခြေအနေက ယိုင်နဲ့နဲ့ဖြစ်နေတာ မိုက်ခရိုဆော့ဖ်ကိုယ်တိုင်က လူတွေကို “၀င်းဒိုး 7 ကို မစောင့်ပါနဲ့၊ ဗစ်စ်တာကိုသာ အားပေးကြပါလို့” အော်နေရတဲ့ အထိပါပဲ။ ပန်းသီး [ READ MORE ]

Skimming iPhone SDK

  • April 27th, 2008
  • Posted in Uncategorized

သတင်းအထွေအထူးမရှိသော ကာလဖြစ်၍ ကျွန်တော်တနေ့တနေ့ အိုင်ဖုန်း SDK ပဲ ထိုင်ဖတ်နေပါတယ်။ ပန်းသီးရဲ့ desktop အတန်းအစား operating system ၁ခုလုံးကို မိုဘိုင်းထဲထည့်ပေးလိုက်နိုင်တာ အင်ဂျင်နီယာတွေကို ချီူးကျူးပါတယ်။ လွယ်တယ်မပြောပါနှင့် Windows Mobile 6 ဘယ်လိုအခြေအနေရှိတယ်ဆိုတာ ကျွန်တော်တို့အားလုံးအသိပဲ မဟုတ်ပလား။ =D အဲ့ဒီ iPhone OS ကို ထုံးစံအတိုင်း အလွှာတွေ အများကြီးနှင့်တည်ဆောက်ထားပါတယ်။ များတယ်လို့ပြောပေမယ့် တကယ်တမ်း အဓိကပိုင်းခြားကြည့်လိုက်ရင် လေးခုပဲရှိပါတယ်။ အောက်ဆုံးက Core OS ကြီးပါ။ Thread, Kernal, IO, File System, BSD Sockets တွေကိုထိန်းတဲ့နေရာပေါ့ဗျာ။ သူ့အပေါ်မှာ Core Services တွေရှိပါတယ်။ SQLite, XML, DNS Hosts [ READ MORE ]

iPhone SDK => Mobile Ogre?

  • March 8th, 2008
  • Posted in General

အိုင်ဖုန်း SDK အကြောင်းကို လူတိုင်း ပြောနေကြပါပြီ။ မနေ့က ထွက်တာပါ။ ကျွန်တော် အိုင်ပေါ့တပ်ချပ် တစ်လုံးဝယ်မလို့ဟာတောင် ဒီသတင်းကို စောင့်နေလို့ မ၀ယ်ဖြစ်လိုက်ရဘူး။ အောက်မှာ သတင်းအကျဥ်းကိုဖတ်ရှုပါ။ -1 ဆော့ဖ်ဝဲ ရေးဖို့အင်မတန် လွယ်ပါတယ်။ Debugger, Simulator တွေ အပြည့်အစုံနှင့် သက်တောင့်သက်သာလုပ်ပေးထားပါတယ်။ အားလုံးကို ဖရီးဒေါင်းလုပ်လုပ်လို့ရပါတယ်။ -2 ဆော့ဖ်ဝဲ ရေးပြီးရင် သင့်ဆော့ဖ်ဝဲကို တစ်ကမ္ဘာလုံးဖြန့်ချီဖို့ လည်း အရမ်းလွယ်ပါတယ်။ developer account သာရှိမယ်ဆိုရင် ပရိုဂရမ်ရေး၊ testing လုပ်၊ package လုပ်ပြီးရင် iTunes App Store ကို သာပေးလိုက်ပါ။ သူတို့က သင့်ကိုယ်စား ဖြန့်ဖြူးပေးပါလိမ့်မယ်။ -3 ဆော့ဖ်ဝဲ တွေက ထွက်တဲ့ဟာက ထွက်နေပါပြီ။ EA [ READ MORE ]

Bye 2007 + Products and Services I like

  • December 30th, 2007
  • Posted in General

New Year မတိုင်ခင် ပို့စ်တစ်ခုတော့ တင်သင့်တယ် ထင်လို့တင်လိုက်ပါတယ်။ ၂၀၀၇ ခုနှစ်ဟာ နည်းပညာပိုင်းဆိုင်ရာ အသစ်အဆန်းတွေ ထွက်ခဲ့ပြီး လှုပ်လှုပ်ရှားရှားဖြစ်ခဲ့တဲ့နှစ်လို့ ဆိုရပါမယ်။ အခုဆို ဘလော့ခ်ဆိုက်ကြီး တော်တော်များများမှာလည်း ၂၀၀၇ အတွက် သူတို့ အကောင်းဆုံးလို့ ထင်တဲ့ နည်းပညာဆိုင်ရာ ဆော့ဖ်ဝဲ၊ ၀ဗ်၊ ဟာ့ဒ်ဝဲတွေကို ရွေးချယ်ကောက်နှုတ်ထားတာတွေ ရှိပါတယ်။ ကျွန်တော်ကတော့ ၂၀၀၇ခုနှစ်ရဲ့ ကျွန်တော်အကြိုက်ဆုံး အသုံးဖြစ်ဆုံး အအောင်မြင်ဆုံး Products and Services တွေကို အခုလို ရွေးချယ်တင်ပြလိုက်ပါတယ်။ - အွန်လိုင်းအကြောင်းပြောမယ်ဆိုတော့ အကောင်းဆုံး Browser ကစရပါမယ်။ ဒီနေရာမှာ ကျွန်တော်မပြောလဲ Firefox ဆိုတာသိမှာပါ။ ဒါပေမယ့် နှစ်ကုန်ခါနီးမှာ ယိုယွင်းလာတဲ့ သူ့ရဲ့ Build တွေဟာ ကောင်းတဲ့အချက်တော့ မဟုတ်ပါဘူး။ [ READ MORE ]

iPhone/Touch – Why Mod?

  • December 3rd, 2007
  • Posted in Uncategorized

စင်္ကာပူမှာ လာမည့်လအနည်းငယ်အတွင်းမှာ ထွက်မယ်လို့ပြောသံကြားတော့ သူငယ်ချင်းတွေက လာမေးကြတယ်။ Third-Party Apps တွေ ဘယ်မှာရမလဲတဲ့။ ကျွန်တော်ကတော့ မ၀ယ်နိုင်သေးလို့ ကိုယ်တိုင်တော့ မစမ်းရသေးဘူး။ ဒါပေမယ့် အွန်လိုင်းမှာ တွေ့တွေ့နေတဲ့ လင့်ခ်တစ်ချို့တော့ အောက်မှာရေးပေးလိုက်တယ်။ သတိထားပါ။ ဒါဟာ ခင်ဗျားတို့ လုပ်ပိုင်ခွင့်ဆိုတာမှန်ပေမယ့် မတော်တဆ ပျက်သွားရင် ပန်းသီးက ပြင်ပေးမှာ မဟုတ်ပါဘူး။ နောက်ပြီး ကျွန်တော်လည်း သိပ်တော့အားမပေးပါဘူး။ ပျော်ဖို့ကောင်းတာမှန်ပေမယ့် ပြောလို့ရတာမဟုတ်ဘူး။ Updates အသစ်တွေက ပိုပိုကောင်းလာနေပါပြီ။ စိတ်တိုင်းမကျသေးဘဲ ကလိချင်သေးတယ် ဆိုရင်တော့လည်း သဘောပေါ့ဗျာ။ ကျွန်တော်ကတော့ ဖေဖော်ဝါရီမှာ တရားဝင်ထုတ်မယ့် SDK ကို စောင့်နေပါတယ်။ ဟောဒီလင့်ခ်မှာ ဟက်ခ်ဖို့ ဖိုင်တွေပေးထားပြီး၊ ဒီလင့်ခ်မှာတော့ အိုင်ဖုန်းဆော့ဖ်ဝဲတွေ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။ နောက်ဟောဒီမှာတော့ အိုင်ပေါ့တပ်ခ်ျနှင့် ပတ်သက်တာတွေရှိပြီး၊ ဒီမှာတော့ [ READ MORE ]

Individualism | Collectivism | Me

  • November 27th, 2007
  • Posted in Uncategorized

ကျွန်တော် ဟိုတလောက အလုပ်က သူဌေးနှင့် စကားပြောဖြစ်တုံးဆွေးနွေးမိတာလေး ၁ခုပါ။ မြန်မာပြည်က ကျောင်းပိတ်ရက် အလည်သွားပြီး ပြန်လာခါစပေါ့။ အလုပ်က နားထားပေမယ့် လမ်းကြုံတုံး သူတို့မင်္ဂလာဆောင်လည်း မတက်လိုက်ရတာနှင့် (ကိုယ့်ကိုမဖိတ်တာနှင့်) သွားနှုတ်ဆက်တယ် ဆိုပါတော့။ ဘာညာသရကာ နေကြာကွာစိ ကွမ်းတညက်ခန့်အကြာ ပေါက်ကရတွေလျှောက်ပြောပြီးတော့ နောက်ဘာစိတ်ကူးမိတယ် မသိပါဘူးဗျာ၊ ကျွန်တော် ရုပ်ရှင်ဒီဗွီဒီတွေဘက် ရောက်သွားတယ်။ ကုမ္ဗဏီက ဗီဒီယို Retail လုပ်ငန်းဆိုတော့ ခွေတွေကတော့ အပုံလိုက်ပေါ့ဗျာ။ အဲ့ဒီမှာ ကျွန်တော်က သွားပြောမိတယ်။ ကျွန်တော် မြန်မာပြည်ပြန်သွားတာဗျာ ခွေတွေ အများကြီးဝယ်လာတယ်။ ကူးခွေတွေပေါ့ အရမ်းဈေးပေါတယ်ဗျာ။ စင်္ကာပူမှာ ဒါမျိုးမရဘူးပေါ့။ ဘာညာနှင့်။ အဲ့ဒီမှာ ဇာတ်လမ်းက စတာပဲ။ သူဌေးကပြောတယ်။ ဒေါသထွက်တဲ့ မျက်နှာနဲ့ဗျ။ သူ အဲ့ဒါမျိုးတွေဘယ်တော့မှ မ၀ယ်ပါဘူးတဲ့။ ဆက်ပြောပါတယ်၊ [ READ MORE ]