Posts Tagged ‘ itunes ’

Podcasts, making u smile.

  • March 8th, 2008
  • Posted in Uncategorized

တနေ့တနေ့ သူများဘလော့ခ်တွေ ဖတ်ပြီး စာရေးလို့ရရင် ကောင်းမှာပဲဆိုပြီး ကြုံးဝါးနေရတယ်ဗျာ။ မိုးလင်းမိုးချုပ် အလုပ်ရှုပ်နေတဲ့ဘ၀ကြီးက တခါတလေပျင်းဖို့ကောင်းလာပြန်ရော။ …. ဒီရက်ပိုင်းမှာ ပန်းသီး နှင့် ပတ်သက်ပြီး ကိစ္စတော်တော်များများ အသစ်အသစ်တွေ ထွက်လာပါတယ်။ ကျွန်တော် အကြိုက်ဆုံး သတင်းက မက်ခ်ဘွတ်ပရိုအသစ်ပါပဲ။touch interface ပါလို့ အိုင်ဖုန်းလို ကစားလို့ရတယ်ဆိုပါတယ်။ မိုဘိုင်းကွန်ပျူတာတွေအတွက် နောက်ဆုံးထွက်တဲ့ nVidia ရဲ့ ဂရပ်ဖစ်ချစ်ပ် သုံးထားတဲ့အတွက် ဂိမ်းအတွက်လည်း မပူရပါဘူးတဲ့။ ပိုက်ဆံ ပိုက်ဆံ .. စုသာစု။ နောက်တစ်ခုက ကျွန်တော် အိုင်ပေါ့ nano လေး ၁လုံးဝယ်လိုက်လို့ အလုပ်တွေရှုပ်နေတယ်။ ကျွန်တော့် ညီအတွက် ၀ယ်ပေးတာ၊ အဟီး သူမလာခင် ကြားထဲက ခဏယူသုံးနေတာ။ =P အဲ့ဒီမှာ movies တွေ [ READ MORE ]

Individualism | Collectivism | Me

  • November 27th, 2007
  • Posted in Uncategorized

ကျွန်တော် ဟိုတလောက အလုပ်က သူဌေးနှင့် စကားပြောဖြစ်တုံးဆွေးနွေးမိတာလေး ၁ခုပါ။ မြန်မာပြည်က ကျောင်းပိတ်ရက် အလည်သွားပြီး ပြန်လာခါစပေါ့။ အလုပ်က နားထားပေမယ့် လမ်းကြုံတုံး သူတို့မင်္ဂလာဆောင်လည်း မတက်လိုက်ရတာနှင့် (ကိုယ့်ကိုမဖိတ်တာနှင့်) သွားနှုတ်ဆက်တယ် ဆိုပါတော့။ ဘာညာသရကာ နေကြာကွာစိ ကွမ်းတညက်ခန့်အကြာ ပေါက်ကရတွေလျှောက်ပြောပြီးတော့ နောက်ဘာစိတ်ကူးမိတယ် မသိပါဘူးဗျာ၊ ကျွန်တော် ရုပ်ရှင်ဒီဗွီဒီတွေဘက် ရောက်သွားတယ်။ ကုမ္ဗဏီက ဗီဒီယို Retail လုပ်ငန်းဆိုတော့ ခွေတွေကတော့ အပုံလိုက်ပေါ့ဗျာ။ အဲ့ဒီမှာ ကျွန်တော်က သွားပြောမိတယ်။ ကျွန်တော် မြန်မာပြည်ပြန်သွားတာဗျာ ခွေတွေ အများကြီးဝယ်လာတယ်။ ကူးခွေတွေပေါ့ အရမ်းဈေးပေါတယ်ဗျာ။ စင်္ကာပူမှာ ဒါမျိုးမရဘူးပေါ့။ ဘာညာနှင့်။ အဲ့ဒီမှာ ဇာတ်လမ်းက စတာပဲ။ သူဌေးကပြောတယ်။ ဒေါသထွက်တဲ့ မျက်နှာနဲ့ဗျ။ သူ အဲ့ဒါမျိုးတွေဘယ်တော့မှ မ၀ယ်ပါဘူးတဲ့။ ဆက်ပြောပါတယ်၊ [ READ MORE ]