Posts Tagged ‘ kindle ’

iMac refreshed | Boring Yahoo deal | Kindle Kindle

  • April 28th, 2008
  • Posted in Uncategorized

အများခန့်မှန်းထားတဲ့အတိုင်း ဒီနေ့မနက် ပန်းသီးစတိုးခဏဒေါင်းသွားပြီးတဲ့ သကာလမှာ iMac အသစ်တွေ ထွက်လာပါပြီ။ ပျင်းစရာကောင်းမှာဆိုးလို့ ကျွန်တော်ဒီမှာ system ကို အသေးစိတ် မရေးတော့ဘူး၊ ဂရပ်ဖစ်ကဒ်တွေ၊ မမ်မိုရီတွေ၊ ဟာ့ဒစ်စ်ဆိုက်တွေ မတော်မတရားတိုးမြှင့်လိုက်တာကို တွေ့ရပါတယ်။ နောက် ၄လလောက်တော့ ထပ်ပြီး Refresh မဖြစ်လောက်တော့ဘူးလို့ ကျွန်တော်ထင်တယ်။ Design ပိုင်းလည်း ၆လ ၈လ အတွင်းမှာ ထွက်ဖို့မမြင်ဘူးဗျ။ ဒါပေမယ့် မက်ခ်ဘွတ်၊ မက်ခ်ဘွတ်ပရိုအသစ်တွေတော့ ဒီဇိုင်းပိုင်းချိန်းဦးမယ်လို့ ကောလဟာလကြားပါတယ်။ နောက်ဆုံး အိုင်ဖုန်း 3G ကတော့ ဇွန်လ ၉ရက် WWDC Keynote မှာ ကြေငြာမယ်လို့ ပြောနေကြတာ မျက်စိတောင်နောက်စရာပဲ။ ဟိုတလောက ၀ယ်လိုက်တဲ့လူများတော့ အဟဲအဟဲ။ တရီးဂျီရတော့ဝူး။ နောက် ရာဟူးကိစ္စက တော့ နားကိုညီးနေတော့တာပဲ။ [ READ MORE ]

Boring Boring Week

  • November 19th, 2007
  • Posted in Uncategorized

ဘလော့ခ်လည်း မရေးနိုင်ပါဘူးဗျာ။ အလုပ်များတာက တစ်ချက်ရယ်။ ဘာ ထူးထူးခြားခြား နည်းပညာ သတင်းရယ်မှ မရှိဘဲ။ ပြီးခဲ့တဲ့ အပတ်က ဂူဂယ်က သူ့ Android ကြီးကို ကြော်ငြာသွားပြီး ပြီးသွားတယ်။ အမေရိကန်မှာ စတော့ခ်မားကတ်လည်း ဂယက်ရိုက်နေတာမို့ ပန်းသီး၊ အင်တဲလ်၊ ဂူဂယ် ဈေးတွေအကုန်ထိုးကျပြီး ခပ်လေးလေးကြီးဖြစ်သွားတဲ့ သီတင်း၁ပတ်ပဲလို့ ဆိုရမယ်။ ပိုဆိုးတာက International Week ဆိုတော့ ဘောလုံးပွဲတွေလည်း နားထားတယ်ဗျာ။ တနေ့တနေ့ အင်္ဂလန်အသင်း ဘယ်ပုံဘယ်နည်း မာလကမလဲ ဆိုတာကိုဘဲ နည်းအမျိုးမျိုးနှင့် ဆွေးနွေးနေကြတယ်။ အစ္စရေးက ရုရှားကို သမလိုက်လို့ ပျော်သွားတဲ့ မက္ကလာရင် မျက်နှာကြီးလည်း သတင်းစာထဲမှာ ထောင့်စုံအောင်ပါလာတယ်ဗျ။ ဒီမနက်မှာတော့ အမေဇုန်ရဲ့ Kindle က တစ်ချက်တော့ ထလှုပ်လှုပ်ရှားရှားဖြစ်လိုက်သေးတယ်။ ကျွန်တော်ကတော့ [ READ MORE ]