Posts Tagged ‘ Myanmar ’

iPhone SDK => Mobile Ogre?

  • March 8th, 2008
  • Posted in General

အိုင်ဖုန်း SDK အကြောင်းကို လူတိုင်း ပြောနေကြပါပြီ။ မနေ့က ထွက်တာပါ။ ကျွန်တော် အိုင်ပေါ့တပ်ချပ် တစ်လုံးဝယ်မလို့ဟာတောင် ဒီသတင်းကို စောင့်နေလို့ မ၀ယ်ဖြစ်လိုက်ရဘူး။ အောက်မှာ သတင်းအကျဥ်းကိုဖတ်ရှုပါ။ -1 ဆော့ဖ်ဝဲ ရေးဖို့အင်မတန် လွယ်ပါတယ်။ Debugger, Simulator တွေ အပြည့်အစုံနှင့် သက်တောင့်သက်သာလုပ်ပေးထားပါတယ်။ အားလုံးကို ဖရီးဒေါင်းလုပ်လုပ်လို့ရပါတယ်။ -2 ဆော့ဖ်ဝဲ ရေးပြီးရင် သင့်ဆော့ဖ်ဝဲကို တစ်ကမ္ဘာလုံးဖြန့်ချီဖို့ လည်း အရမ်းလွယ်ပါတယ်။ developer account သာရှိမယ်ဆိုရင် ပရိုဂရမ်ရေး၊ testing လုပ်၊ package လုပ်ပြီးရင် iTunes App Store ကို သာပေးလိုက်ပါ။ သူတို့က သင့်ကိုယ်စား ဖြန့်ဖြူးပေးပါလိမ့်မယ်။ -3 ဆော့ဖ်ဝဲ တွေက ထွက်တဲ့ဟာက ထွက်နေပါပြီ။ EA [ READ MORE ]

Individualism | Collectivism | Me

  • November 27th, 2007
  • Posted in Uncategorized

ကျွန်တော် ဟိုတလောက အလုပ်က သူဌေးနှင့် စကားပြောဖြစ်တုံးဆွေးနွေးမိတာလေး ၁ခုပါ။ မြန်မာပြည်က ကျောင်းပိတ်ရက် အလည်သွားပြီး ပြန်လာခါစပေါ့။ အလုပ်က နားထားပေမယ့် လမ်းကြုံတုံး သူတို့မင်္ဂလာဆောင်လည်း မတက်လိုက်ရတာနှင့် (ကိုယ့်ကိုမဖိတ်တာနှင့်) သွားနှုတ်ဆက်တယ် ဆိုပါတော့။ ဘာညာသရကာ နေကြာကွာစိ ကွမ်းတညက်ခန့်အကြာ ပေါက်ကရတွေလျှောက်ပြောပြီးတော့ နောက်ဘာစိတ်ကူးမိတယ် မသိပါဘူးဗျာ၊ ကျွန်တော် ရုပ်ရှင်ဒီဗွီဒီတွေဘက် ရောက်သွားတယ်။ ကုမ္ဗဏီက ဗီဒီယို Retail လုပ်ငန်းဆိုတော့ ခွေတွေကတော့ အပုံလိုက်ပေါ့ဗျာ။ အဲ့ဒီမှာ ကျွန်တော်က သွားပြောမိတယ်။ ကျွန်တော် မြန်မာပြည်ပြန်သွားတာဗျာ ခွေတွေ အများကြီးဝယ်လာတယ်။ ကူးခွေတွေပေါ့ အရမ်းဈေးပေါတယ်ဗျာ။ စင်္ကာပူမှာ ဒါမျိုးမရဘူးပေါ့။ ဘာညာနှင့်။ အဲ့ဒီမှာ ဇာတ်လမ်းက စတာပဲ။ သူဌေးကပြောတယ်။ ဒေါသထွက်တဲ့ မျက်နှာနဲ့ဗျ။ သူ အဲ့ဒါမျိုးတွေဘယ်တော့မှ မ၀ယ်ပါဘူးတဲ့။ ဆက်ပြောပါတယ်၊ [ READ MORE ]

WiMax : Bright Future?

  • November 8th, 2007
  • Posted in Uncategorized

ဆောင်းပါးတစ်ခုဖတ်ပြီး ဟိုတလောက ရန်ကုန်ပြန်တုံးကတွေ့လိုက်တဲ့ WiMax ကြော်ငြာကို သတိရလို့ပါ။ အဲ့ဒီတုံးက ကျွန်တော် ပြန်ပြောပြတော့ သန့်ဇင်ဦးက ယုံတောင်မယုံဘူး။ ဟုတ်ပါ့မလားတဲ့။ ထွက်တာသိပ်မကြာသေးတော့ အခြေခိုင်ပါ့မလားဆိုပြီး။ ဒါနှင့် ကျွန်တော်သူ့ကို သေချာရှင်းပြလိုက်ပါတယ်။ ဒီလိုဒီလိုပဲလို့။ ဘာပဲပြောပြော ကျွန်တော်ကတော့ ဒါဟာ ကောင်းတဲ့ နည်းပညာတစ်ခုဆိုတာကိုတော့ လက်ခံပါတယ်။ သဘောကျလို့ အောက်မှာ သိသလောက်လည်း မျှဝေလိုက်ပါသည်။ ကျွန်တော်တို့ WiMax (Worldwide Interoperability Microwave Access) အကြောင်းပြောရင် Intel ကို ကျေးဇူးတင်ရမှာပါ။ ဒီကနေ့ Wi-Fi လို့ခေါ်တဲ့ ကွန်ယက်ချစ်ပ်စ်တွေကို အင်းတဲလ်က သူ့ရဲ့ ကွန်ပျူတာ ပရိုဆက်ဆာတွေထဲမှာ ထည့်ပြီး အကောင်အထည်စဖော်ကာ ၀ိုင်ယာလက်စ် လောကကို စပြီးတည်ထောင်ခဲ့ပါတယ်။ ဒါက ကနဦး ပဲရှိပါသေးတယ်။ ၂၀၀၂ [ READ MORE ]

Zawgyi Myanmar Keyboard for Mac OS X

  • October 13th, 2007
  • Posted in General

Zawgyi Keyboard for Mac OS X ရပါပြီ။ ကျွန်တော် အချိန်အတော်လေး နောက်ကျနေခဲ့တာကို နားလည်စောင့်ဆိုင်းပေးခဲ့ကြတဲ့ သူငယ်ချင်းတွေကို အထူးပဲ ကျေးဇူးတင်ရှိပါကြောင်း ဦးစွာ ပထမ ပြောကြားလိုပါတယ်။ ကျွန်တော် စမ်းသပ်သမျှ အ၀၀ကို ကူညီပေးခဲ့ကြတဲ့ သူငယ်ချင်းတွေလည်း နားငြီးလို့နေပါပြီ။ ဒီဗားရှင်းကိုတော့ Beta Version လို့ ပဲ သတ်မှတ်ကြစေလိုပါတယ်။ အမှားပါက ခွင့်လွှတ်ရန် စကားချီးခံထားပါကြောင်း။ ဇော်ဂျီ လက်ကွက် – Mac OS X Installation Manual ကျွန်တော့် ကီးဘုတ်/လက်ကွက် သွင်းဖို့အတွက် ပုံစံ နှစ်မျိုးလုပ်ထားပါတယ်။ Installation Package (.mpkg) ဖိုင် ၁မျိုး နှင့် DMG (disk image) ဖိုင် [ READ MORE ]