Posts Tagged ‘ nargis ’

Nargis News, Facts – Sources

  • May 9th, 2008
  • Posted in Uncategorized

နာဂစ် ဆိုးရွားချက်က အသောမသတ်နိုင်အောင်ပါပဲ။ ကျွန်တော်တို့ အားလုံး ဘယ်လိုမှစိတ်မအေးနိုင်ဘဲ နေ့စဉ်ရက်ဆက်ပူပင်နေရပါတယ်။ သတင်းမီဒီယာတွေ အင်မတန်ပြန့်နှံ့နေပြီး ဖတ်စရာသတင်းလေးတွေရှိတာကိုတော့ ကျေးဇူးတင်ရမှာပါ။ ကွန်ပျူတာသမားမဟုတ်သော၊ သတင်းတွေရှုပ်လွန်းလို့ ဘယ်ကဖတ်ရမှန်းမသိ စိတ်ညစ်နေသော အကိုတို့အမတို့ အများဆုံး သတင်းတွေရနိုင်တဲ့နေရာတွေ ပြောရမယ်ဆိုရင် – 1# Twitter – သင့်အကောင့်၁ခုကို အခုချက်ခြင်း ဖရီးသွားယူလိုက်ပါတော့။ ပြီးရင်၊ ဂျီတော့ခ်ထဲမှာဖြစ်ဖြစ် Twitter bot ထည့်ပြီး “Track burma”,”Track Myanmar”,”Track Nargis” လုပ်ထားလိုက်ပါ။ မြန်မာသတင်း၊ နာဂစ်သတင်း၊ အကုန်တွေ့ရမှာပါ။ မိနစ်ပိုင်းအမျှ ချက်ခြင်း အပ်တူဒိတ်ဖြစ်နေပါတယ်။ 2# Google News – ပြောစရာမလိုပါဘူး၊ သူလည်း အပ်ပဒိတ်ဖြစ်ပါတယ်။ Twitter မလုပ်ချင်သေးရင်၊ အဲ့ဒီမှာ သွားကြည့်နိုင်ပါတယ်။ 3# Channel [ READ MORE ]

Nargis devastated Yangon – Damn!

  • May 3rd, 2008
  • Posted in Uncategorized

update: May 4 ’08 ဖုန်းလိုင်းတွေ တစ်ချို့များ ပြန်ကောင်းနေလေရော့။ သူငယ်ချင်းတစ်ယောက်က ခေါ်ကြည့်တော့ အဆင်ပြေနေတာကို တွေ့ရတယ်တဲ့။ 22, some 24x, 38, 70, 52, some 68x, အိုကေတယ်လို့ ပြောတာပဲ။ ကျွန်တော့် ဟန်းဖုန်းနှင့် ၂၄ အိမ်ဖုန်းတော့ အဆင်မပြေသေးပါဘူး။ 29 တွေလည်း မရပါဘူး။ တစ်ချို့ပြောတော့ ခဏခဏခေါ်ရင် ၀င်သွားတယ်ဆိုပဲ။ IDD 018 နှင့်သာ စမ်းကြည့်ကြပေရော့ဗျို့။ ဟိုကနေဆက်ရင် ၁မိနစ် ၃၅၀၀ ဆိုပဲ။ ဖရား ဖရား။death toll ကတော့ ၃၅၁ ဖြစ်သွားပြီတဲ့။ ဆိုးရွား။ နာဂစ်ကြီး ဆော်သွားတာ အင်မတန်ပြင်းထန်လွန်းပါတယ်။ ကျွန်တော်အိမ်ကို မနေ့ည ၁၀နာရီလောက် ဖုန်းဆက်ပြီး သတိပေးတော့ [ READ MORE ]