Posts Tagged ‘ news ’

Macbooks – Finally they are out!

  • October 18th, 2008
  • Posted in Uncategorized

စောင့်ခဲ့ရတာ ၇လ ၈လလောက်ရှိတော့မယ်။ အခုမှပဲ မက်ဘွတ်ခ် အသစ်တွေထွက်တော့တယ်။ ကျွန်တော့်မှာတော့ … အဲ့ဒီကောင်တွေ ထွက်မလားထွက်မလား စောင့်ရင်း ရှိတဲ့ .. ပိုက်ဆံလေး ကုန်သွားတယ်။ ကြားထဲမှာ ၀ယ်လိုက်တဲ့ Compaq တစ်လုံးနှင့် သောင်တင်ပြီး ကျန်ခဲ့တာပဲ အဖတ်တင်တယ်။ အသစ်ထွက်တဲ့ .. မက်ဘွတ်ခ်တွေ အကြောင်းကို ကျွန်တော် detail မရေးတော့ပါဘူး။ ( နောက်ပိုင်း ဘယ်သတင်းမှ အသေးစိတ်မရေးတာ အကောင်းဆုံးပဲ၊ ကျွန်တော့်ရဲ့ ပေါက်ကရဘာသာပြန်ကို ဖတ်မဲ့အစား ဘိလပ်လိုရေးထားတဲ့ သတင်း အော်ရီဂျင်နယ်ကိုသာ အားပေးသင့်ပါတယ်။ ) ပိုပါး .. ပိုမြန်၊ ဂရပ်ဖစ် မဟားဒယား ပိုကောင်းလာပြီး၊ Benchmark တွေအရ အကောင်းဆုံး ဂိမ်းကစားနိုင်တဲ့ Laptop လို့တောင် ပြောနေတာကို [ READ MORE ]

9th Sep Special Event and Me

  • September 8th, 2008
  • Posted in Uncategorized

ပန်းသီးကုမ္မဏီ၏ မနက်ဖြန်တွင်ကျင်းပမည်ဖြစ်သော အထူးရှယ် … Music Event ကို ပရိသတ်အများကစောင့်မျှော်နေကြသည်။ အိုင်ပေါ့ အသစ်တွေ ထွက်မည်ဟု ကောလဟလ ထွက်ရုံမက တစ်ချို့ဆိုက်များတွင် ဓါတ်ပုံတွေတောင် ပြန့်နေပါပြီ ။ အိုင်ဖုန်း သတင်းတွေ ထွက်မည် ( ဥပမာ – Firmware 2.1 ) ဟုလည်း ကြားနေရပြီး လူတိုင်းက ဘာလဲဘာလဲ ဖြစ်နေကြ၏။ iTunes 8 အကြောင်းလည်း သတင်းလှန့်ထားတာတွေ့ရသည်။ ဘယ်လိုပဲပြောပြော ကျွန်တော်ကတော့ တစ်လုံးမှ ၀ယ်ဖြစ်ဦးမည် မဟုတ်။ အသစ်ထွက်မည့် ကွန်ပျူတာကို စောင့်မျှော်နေပြီး ရသမျှ ပိုက်ဆံ ကုတ်ကပ်စုနေမိ၏။ မက်ခ်သတင်းကို စောင့်မျှော်နေတဲ့ သူများအတွက်တော့ မနက်ဖြန်ဟာ စိတ်လှုပ်ရှားစရာမကောင်းပါ။ အောက်တိုဘာလထိ စောင့်ရန်အကြံပေးထားသည်များကို အွန်လိုင်းပေါ်တွင်တွေ့ရပါသည်။ ကျွန်တော်တို့တတွေ [ READ MORE ]

Macless Syndrome

  • August 28th, 2008
  • Posted in Uncategorized

ကျွန်တော့်ကို မက်ခ် သတင်းတွေ၊ ဆောင်းပါးတွေ မရေးလို့ … စောင့်နေကြတဲ့ ( perhaps ) .. စာဖတ်သူတွေ အတွက် သတင်းဆိုး၁ခုရှိပါတယ်။ အဲ့ဒါကတော့ ကျွန်တော့်မှာ မက်ခ်ကင်းတော့်ခ်ျ ကွန်ပျူတာမရှိတော့တာ ၃လ ပြည့်ပါတော့မယ်။ အဲ့လို ကွန်ပျူတာမဲ့ဘ၀ရောက်သွားရတဲ့ အကြောင်းအရင်းကိုတော့ ဖွင့်ဟမပြောလိုတော့ပါဘူး။ သေချာတာကတော့ ကျွန်တော်အခု ပီစီ ၁လုံး ယာယီသုံးနေတယ်ဆိုတာပါပဲ။ Brand ကတော့ ကွန်းပက်ခ်ပါ။ HP ရဲ့ လက်အောက်ခံဆိုပါစို့။ အခုလို စက်တင်ဘာကာလ .. ပန်းသီး ကွန်ပျူတာတွေ ဈေးချတဲ့အချိန်မှာ ဘာလို့ ကျွန်တော် … မက်ဘွတ်ခ်ပရို.. ၁လုံး ပြန်မ၀ယ်ဖြစ်လိုက်လဲဆိုတဲ့ မေးခွန်းကို ဖြေကြားမျှဝေချင်ပါတယ်။ =x - 1 – တစ်ခုက .. [ READ MORE ]

WWDC 08 – Flips & Flops

  • June 10th, 2008
  • Posted in Uncategorized

အိပ်ရေးပျက်ခံကာ ကြည့်လိုက်ရသော WWDC မှာ အရင်နှစ်တွေလောက် မဟော့သော်လည်း သူ့ဂုဏ်နှင့်သူ စိတ်လှုပ်ရှားမှုတွေတော့ ပေးသွားပါသည်။ - Snow Leopard OSX 10.6 ၁နှစ်အတွင်းမှာ ထွက်ပါမယ် (Server Version also) လို့ထပ်မံကတိပေးသွားပါတယ်။ Stability, Performance တွေပိုကောင်းလာမယ်လို့ ပြုံးပြုံးကြီးပြောသွားပါသည်။ ပြဿနာက ဘာ Features အသစ်မှမပါတဲ့ ထို operating system ကို ၀ယ်မဲ့လူအတော်ရှားမှာပါ။ လူတိုင်းက OS အသစ်ဆိုရင် တစ်နည်းတစ်ဖုံပြောင်းသွားမှ ကျေနပ်ကြပါတယ်။ ဒါပေမဲ့လည်း တစ်ဖက်မှာ ၀င်းဒိုး 7 အခြေအနေက ယိုင်နဲ့နဲ့ဖြစ်နေတာ မိုက်ခရိုဆော့ဖ်ကိုယ်တိုင်က လူတွေကို “၀င်းဒိုး 7 ကို မစောင့်ပါနဲ့၊ ဗစ်စ်တာကိုသာ အားပေးကြပါလို့” အော်နေရတဲ့ အထိပါပဲ။ ပန်းသီး [ READ MORE ]

Nargis News, Facts – Sources

  • May 9th, 2008
  • Posted in Uncategorized

နာဂစ် ဆိုးရွားချက်က အသောမသတ်နိုင်အောင်ပါပဲ။ ကျွန်တော်တို့ အားလုံး ဘယ်လိုမှစိတ်မအေးနိုင်ဘဲ နေ့စဉ်ရက်ဆက်ပူပင်နေရပါတယ်။ သတင်းမီဒီယာတွေ အင်မတန်ပြန့်နှံ့နေပြီး ဖတ်စရာသတင်းလေးတွေရှိတာကိုတော့ ကျေးဇူးတင်ရမှာပါ။ ကွန်ပျူတာသမားမဟုတ်သော၊ သတင်းတွေရှုပ်လွန်းလို့ ဘယ်ကဖတ်ရမှန်းမသိ စိတ်ညစ်နေသော အကိုတို့အမတို့ အများဆုံး သတင်းတွေရနိုင်တဲ့နေရာတွေ ပြောရမယ်ဆိုရင် – 1# Twitter – သင့်အကောင့်၁ခုကို အခုချက်ခြင်း ဖရီးသွားယူလိုက်ပါတော့။ ပြီးရင်၊ ဂျီတော့ခ်ထဲမှာဖြစ်ဖြစ် Twitter bot ထည့်ပြီး “Track burma”,”Track Myanmar”,”Track Nargis” လုပ်ထားလိုက်ပါ။ မြန်မာသတင်း၊ နာဂစ်သတင်း၊ အကုန်တွေ့ရမှာပါ။ မိနစ်ပိုင်းအမျှ ချက်ခြင်း အပ်တူဒိတ်ဖြစ်နေပါတယ်။ 2# Google News – ပြောစရာမလိုပါဘူး၊ သူလည်း အပ်ပဒိတ်ဖြစ်ပါတယ်။ Twitter မလုပ်ချင်သေးရင်၊ အဲ့ဒီမှာ သွားကြည့်နိုင်ပါတယ်။ 3# Channel [ READ MORE ]

iMac refreshed | Boring Yahoo deal | Kindle Kindle

  • April 28th, 2008
  • Posted in Uncategorized

အများခန့်မှန်းထားတဲ့အတိုင်း ဒီနေ့မနက် ပန်းသီးစတိုးခဏဒေါင်းသွားပြီးတဲ့ သကာလမှာ iMac အသစ်တွေ ထွက်လာပါပြီ။ ပျင်းစရာကောင်းမှာဆိုးလို့ ကျွန်တော်ဒီမှာ system ကို အသေးစိတ် မရေးတော့ဘူး၊ ဂရပ်ဖစ်ကဒ်တွေ၊ မမ်မိုရီတွေ၊ ဟာ့ဒစ်စ်ဆိုက်တွေ မတော်မတရားတိုးမြှင့်လိုက်တာကို တွေ့ရပါတယ်။ နောက် ၄လလောက်တော့ ထပ်ပြီး Refresh မဖြစ်လောက်တော့ဘူးလို့ ကျွန်တော်ထင်တယ်။ Design ပိုင်းလည်း ၆လ ၈လ အတွင်းမှာ ထွက်ဖို့မမြင်ဘူးဗျ။ ဒါပေမယ့် မက်ခ်ဘွတ်၊ မက်ခ်ဘွတ်ပရိုအသစ်တွေတော့ ဒီဇိုင်းပိုင်းချိန်းဦးမယ်လို့ ကောလဟာလကြားပါတယ်။ နောက်ဆုံး အိုင်ဖုန်း 3G ကတော့ ဇွန်လ ၉ရက် WWDC Keynote မှာ ကြေငြာမယ်လို့ ပြောနေကြတာ မျက်စိတောင်နောက်စရာပဲ။ ဟိုတလောက ၀ယ်လိုက်တဲ့လူများတော့ အဟဲအဟဲ။ တရီးဂျီရတော့ဝူး။ နောက် ရာဟူးကိစ္စက တော့ နားကိုညီးနေတော့တာပဲ။ [ READ MORE ]

Leaks Leaks Leaks (MS Stuff)

  • April 9th, 2008
  • Posted in Uncategorized

အင်္ဂလိပ်လို ခေါင်းစဉ်တပ်လိုက်ရင် ကျွန်တော့်ကို လာရစ်နေမဆိုးလို့။ (အဟီး) မိုက်ခရိုဆော့ဖ်ရဲ့ အင်မတန်ကောင်းတဲ့ ပရိုဂရမ်တွေ စလုံးကိုလာတော့မယ်လို့ အတွင်းထဲက မိတင်၁ခုကနေ ကြားသိထားရပါတယ်။ Channel 8 ကို သိကြလားမသိဘူး။ ကျောင်းသားတွေအတွက် လုပ်ပေးထားတဲ့ ဘီလ်ဂိတ်ရဲ့ပေါ်တယ် လေ။ တခြားချန်နယ်တွေလည်း ရှိပါတယ်။ ဒါပေမယ့် ဒီနေရာမှာ ကျောင်းသားတွေ အတွက် အဓိကကျတာက ချန်နယ် ၈ ပါ။ အဲ့ဒီမှာ ပရိုဂရမ်တော်တော်များများရှိပါတယ်။ အကောင်းဆုံးက dreamspark ပါ။ တခြားတိုင်းပြည်တွေ တော်တော်များများမှာ အခု VS08 နှင့်၊ သူနှင့် ပတ်သက်တဲ့ ဆာဗာတွေ development tools တွေကို အလကားပေးတဲ့ အစီအစဉ်ပေါ့။ စလုံးမှာ မလာသေးလို့ ကျွန်တော်တောင် တစ်ခါ ရီကွက်စ်ထ် လုပ်သေးတယ်။ အခု [ READ MORE ]

Happy Birthday Apple!

  • April 1st, 2008
  • Posted in Uncategorized

(this is not April fool, seriously!) ၃၂ ကြာခဲ့ပြီဖြစ်တဲ့ ဒီပန်းသီးကုမ္ဗဏီဟာ သူ့တစ်သက်မှာ ခဏခဏကျရှုံးခဲ့ရပါတယ်။ ကျွန်တော်တို့ မြင်နေရတဲ့ User Interface ဆိုတာကို Xerox ဆီက နည်းယူပြီး မထုတ်လုပ်မဖြန့်ခဲ့ရင် မည်းမည်းစကရင်သာ မြင်ရတဲ့ QDOS, DOS, Altair စတာတွေနှင့် အချိန်အကြာကြီး လုံးပန်းနေခဲ့ရနိုင်ပါတယ်။ ကနဦးကောင်းခဲ့သော်လည်း ပန်းသီးဟာ IBM ကို အာဟာရတိုက်ကျွေးမဲ့ ၀င်းဒိုးဟု နောင်တစ်ချိန်ဖြစ်လာမဲ့ GUI, OS architecture တွေကို မိုက်ခရိုဆော့ဖ်ဆီ ရောင်းစားခဲ့တဲ့အချိန်ကစပြီး ရွဲသွားလိုက်တာ ၂၀၀၀မှာ စတိဗ်ဂျော့ပြန်မလာခင်အထိပေါ့။ အခုဆိုရင်တော့ အိုင်ပေါ့၊အိုင်ဖုန်း၊ အင်တာနက်၊ ရုပ်ရှင်၊ ဂီတ၊ ကွန်ပျူတာ၊ ဆေးဝါးသိပ္ဗံ၊ အာကသသိပ္ဗံ၊ အားကစား၊ မော်တော်ကား စတဲ့နေရာတွေ [ READ MORE ]