Posts Tagged ‘ personal ’

9th Sep Special Event and Me

  • September 8th, 2008
  • Posted in Uncategorized

ပန်းသီးကုမ္မဏီ၏ မနက်ဖြန်တွင်ကျင်းပမည်ဖြစ်သော အထူးရှယ် … Music Event ကို ပရိသတ်အများကစောင့်မျှော်နေကြသည်။ အိုင်ပေါ့ အသစ်တွေ ထွက်မည်ဟု ကောလဟလ ထွက်ရုံမက တစ်ချို့ဆိုက်များတွင် ဓါတ်ပုံတွေတောင် ပြန့်နေပါပြီ ။ အိုင်ဖုန်း သတင်းတွေ ထွက်မည် ( ဥပမာ – Firmware 2.1 ) ဟုလည်း ကြားနေရပြီး လူတိုင်းက ဘာလဲဘာလဲ ဖြစ်နေကြ၏။ iTunes 8 အကြောင်းလည်း သတင်းလှန့်ထားတာတွေ့ရသည်။ ဘယ်လိုပဲပြောပြော ကျွန်တော်ကတော့ တစ်လုံးမှ ၀ယ်ဖြစ်ဦးမည် မဟုတ်။ အသစ်ထွက်မည့် ကွန်ပျူတာကို စောင့်မျှော်နေပြီး ရသမျှ ပိုက်ဆံ ကုတ်ကပ်စုနေမိ၏။ မက်ခ်သတင်းကို စောင့်မျှော်နေတဲ့ သူများအတွက်တော့ မနက်ဖြန်ဟာ စိတ်လှုပ်ရှားစရာမကောင်းပါ။ အောက်တိုဘာလထိ စောင့်ရန်အကြံပေးထားသည်များကို အွန်လိုင်းပေါ်တွင်တွေ့ရပါသည်။ ကျွန်တော်တို့တတွေ [ READ MORE ]

Macless Syndrome

  • August 28th, 2008
  • Posted in Uncategorized

ကျွန်တော့်ကို မက်ခ် သတင်းတွေ၊ ဆောင်းပါးတွေ မရေးလို့ … စောင့်နေကြတဲ့ ( perhaps ) .. စာဖတ်သူတွေ အတွက် သတင်းဆိုး၁ခုရှိပါတယ်။ အဲ့ဒါကတော့ ကျွန်တော့်မှာ မက်ခ်ကင်းတော့်ခ်ျ ကွန်ပျူတာမရှိတော့တာ ၃လ ပြည့်ပါတော့မယ်။ အဲ့လို ကွန်ပျူတာမဲ့ဘ၀ရောက်သွားရတဲ့ အကြောင်းအရင်းကိုတော့ ဖွင့်ဟမပြောလိုတော့ပါဘူး။ သေချာတာကတော့ ကျွန်တော်အခု ပီစီ ၁လုံး ယာယီသုံးနေတယ်ဆိုတာပါပဲ။ Brand ကတော့ ကွန်းပက်ခ်ပါ။ HP ရဲ့ လက်အောက်ခံဆိုပါစို့။ အခုလို စက်တင်ဘာကာလ .. ပန်းသီး ကွန်ပျူတာတွေ ဈေးချတဲ့အချိန်မှာ ဘာလို့ ကျွန်တော် … မက်ဘွတ်ခ်ပရို.. ၁လုံး ပြန်မ၀ယ်ဖြစ်လိုက်လဲဆိုတဲ့ မေးခွန်းကို ဖြေကြားမျှဝေချင်ပါတယ်။ =x - 1 – တစ်ခုက .. [ READ MORE ]

Skimming iPhone SDK

  • April 27th, 2008
  • Posted in Uncategorized

သတင်းအထွေအထူးမရှိသော ကာလဖြစ်၍ ကျွန်တော်တနေ့တနေ့ အိုင်ဖုန်း SDK ပဲ ထိုင်ဖတ်နေပါတယ်။ ပန်းသီးရဲ့ desktop အတန်းအစား operating system ၁ခုလုံးကို မိုဘိုင်းထဲထည့်ပေးလိုက်နိုင်တာ အင်ဂျင်နီယာတွေကို ချီူးကျူးပါတယ်။ လွယ်တယ်မပြောပါနှင့် Windows Mobile 6 ဘယ်လိုအခြေအနေရှိတယ်ဆိုတာ ကျွန်တော်တို့အားလုံးအသိပဲ မဟုတ်ပလား။ =D အဲ့ဒီ iPhone OS ကို ထုံးစံအတိုင်း အလွှာတွေ အများကြီးနှင့်တည်ဆောက်ထားပါတယ်။ များတယ်လို့ပြောပေမယ့် တကယ်တမ်း အဓိကပိုင်းခြားကြည့်လိုက်ရင် လေးခုပဲရှိပါတယ်။ အောက်ဆုံးက Core OS ကြီးပါ။ Thread, Kernal, IO, File System, BSD Sockets တွေကိုထိန်းတဲ့နေရာပေါ့ဗျာ။ သူ့အပေါ်မှာ Core Services တွေရှိပါတယ်။ SQLite, XML, DNS Hosts [ READ MORE ]

Bootcamp 2.1 Problems – Bad Bad!

  • April 27th, 2008
  • Posted in Uncategorized

အသစ်ထွက်တဲ့ Bootcamp 2.1 ကို အင်စတောလုပ်ရာမှာ လူတော်တော်များများ အခက်တွေ့နေတာကိုတွေ့ရပါတယ်။ ဟောဒီ ပန်းသီး thread ကို ဥပမာကြည့်ပါ။ ကျွန်တော်လည်း ဘယ်လိုမှ သွင်းမရဘူးဖြစ်နေပါတယ်။ ယေဘုယျအားဖြင့် Error ၂ မျိုးတက်ကောင်းတက်နိုင်ပါတယ်။ ၁ခုက Preparing Install ပြီးရင် ပျောက်သွားတာပါ။ နောက်၁ခုက Cannot apply transformations ဆိုပြီး ဒရိုင်ဘာတွေ အပ်ပဒိတ်လုပ်မရတဲ့အခြေအနေပါ။ အဲ့တာ အွန်လိုင်းမှာအတော်ရှာပြီး ကြိုးစားကြည့်တော့ အောက်မှာပြထားတဲ့ နည်းလမ်းအဖုံဖုံကိုတွေ့ရပါတယ်။ ကိုယ်နှင့် အဆင်ပြေမဲ့နည်းကို စမ်းကြည့်ကြပါ။ သင့်မှာလည်း အလားတူ ပြဿနာရှိခဲ့မယ်ဆိုရင်ပေါ့။ ၁။ <a href="http://www.macfixit.com/article.php?story=20080425103744985″ target=”_blank”>MacFixIt ကပေးတဲ့ နည်း၂။ Language Pack ကို အင်္ဂလိပ်ထားပြီး သွင်းကြည့်ပါတဲ့။ ၃။ Windows [ READ MORE ]

Traditionally Launch Apps using Win+R

  • April 26th, 2008
  • Posted in Uncategorized

Application တွေ၊ ပရိုဂရမ်တွေ၊ ဖိုင်တွေကို အရင်တုံးက ဖွင့်ဖို့အရမ်းခက်တယ်မဟုတ်လား။ =D Start Menu ကို နှိပ်၊ တစ်ခုချင်းရှာ ဘာညာကွာစိနှင့် အလုပ်သိပ်ရှုပ်လို့ ကျွန်တော်တို့တွေ Launcher ဆိုတာတွေကို သုံးခဲ့ကြတယ်လေ။ Launchy, Quicksilver စတဲ့ ပရိုဂရမ် launcher တွေဟာ အရမ်းအဆင့်မြင့်လာကြပါတယ်။ နောက်ဆုံးအခုဟော့နေတဲ့ Enso ဆိုရင် ဘယ်လောက်တောင်ကောင်းသလဲ။ သင်ဂူဂယ်မြေပုံရှာမလား၊ alarm ပေးမလား၊ scientific တွက်ချက်မှုတွေလုပ်မလား၊ စသည်စသည်နှင့် အရမ်းအသုံးဝင်ကြတယ်။ ဒါပေမယ့် အကုန်လုံးက မမ်မိုရီတုတ်တာတော့ အမှန်ပဲ။ ဒါကြောင့် …. ကျွန်တော်ကတော့ နည်းဟောင်းကြီးဖြစ်တဲ့ StartMenu -> Run ကိုပဲကြိုက်တယ်။ Win + R နှိပ်လိုက်ရင် box လေးပေါ်လာ သင်ဖွင့်ချင်တဲ့ [ READ MORE ]

Study Abroad

  • April 26th, 2008
  • Posted in Uncategorized

ပျင်းဖို့အလွန်ကောင်းသည်။ နွေရာသီ ဒီအချိန်ဆိုလျှင် ရန်ကုန်က ကလေးများ အနားယူနေကြလောက်ပြီ။ တချို့လည်း ကိုရင်ဝတ်၊ ကျူရှင်တက်ဖြင့် အလုပ်ရှုပ်နေကြပေဦးမည်။ ကျွန်တော့်ညီ ဒီနှစ်ဆယ်တန်းဖြေပြီးသဖြင့် မေးလာသော မေးခွန်းများကို ဖြေရင်း ဒီစာကိုရေးဖြစ်ခြင်းဖြစ်ပါသည်။ အခုခေတ်တွင် ပြိုင်ဆိုင်မှုတွေက ပိုများလာကြသည်။ ကျောင်းပြီးတာနှင့် အိုလယ်ဗယ်၊ အေလယ်ဗယ်တွေ အပြိုင်တက်နေတာကို တွေ့ရသည်။ ရှိရှိသမျှ standardized tests တွေကို ဖြေမယ်ဆိုပြီး ကြုံးဝါးထားသော လူများလည်း မနည်းပေ။ ထိုအထဲမှာမှ ပြဿနာတစ်ချို့ကို ကျွန်တော်ပြောချင်နေတာ အခုပိုဆိုးလာသဖြင့် ကြုံတုံး ဆရာလုပ်ခွင့်ပြုပါရန် ပဏာမ ခွင့်တောင်းပါသည်။ ကျေးဇူးပြုပြီး ဒီအချက်များကို နားထောင်ကာ ၃မိနစ်မျှ စဉ်းစားပေးစေလိုပါသည်။ ၁။ ကျောင်းသားတိုင်းသည် နိုင်ငံရပ်ခြားကို သွားချင်ကြသူမဟုတ်၊ သူများသွားတိုင်း လိုက်မသွားစေလိုပါ။ ဒီအချက်အရမ်းအရေးကြီးပါသည်။ ဒါဟာ ဖက်ရှင်တစ်ခုမဟုတ်ပါ။ ကလေးကစားစရာမဟုတ်ပါ။ [ READ MORE ]

Bye 2008 Thingyan

  • April 16th, 2008
  • Posted in Uncategorized

သိကြားမင်းရေ ပြန်ပါတော၊့ ၁၂နာရီတွင် ကောင်းကောင်းမွန်မွန် check out လုပ်သွားပါ ဟုပြောရမလိုပင်။ ကျွန်တော့်အသက် ၂၀ပြည့်တွင် အကြတ်နေ့ ၂ခါထပ်သော အတာပွဲကို ၃ခါ(၈၊၁၂၊၁၆) သာကြုံခဲ့ရသည်။ အခုတော့ စင်္ကာပူပိတောက်နံ့နှင့်သာ ရောယှက်နေရပြီ။ ကျွန်တော့်ဘ၀တွင် အကြိမ်ပေါင်းများစွာ သင်္ကြန်ကို ကောင်းကောင်းမွန်မွန် ဇာတ်မသိမ်းနိုင်ခဲ့ဟု ပြောလျှင် ယုံမှာမဟုတ်။ ၈နှစ်သားက ရေပူဖောင်းတွေ ပုံးအပြည့် ဆော့ခဲ့ဖူးသည်။ တွေ့သမျှ ခွေးပါမကျန်လိုက်ပေါက်သဖြင့် အလွန် သောက်မြင်ကပ်စရာကောင်းသော ကလေး၁ယောက်ဟု ပတ်ဝန်းကျင်ကတော့ သမုတ်ကြသည်။ ကြမ္မာတစ်ပတ်လည် စတမ်းဆိုသလို နောက်ဆုံးအတက်နေ့တွင် ဘာမဟုတ်သော ကြောင်တစ်ကောင်ကို ရေပူဖောင်းဖြင့် လိုက်ပေါက်ရာမှ ဆိုက်ကားအတိုက်ခံခဲ့ရလေသည်။ နောက်နှစ်တွေမှစပြီး ရေပူဖောင်းမသုံးရတော့ ဆိုသဖြင့် ကျွန်တော့်မှာ နှမြောတသသ စုတ်တသပ်သပ်ဖြင့်။ ကျွန်တော် ၁၀နှစ်သားက ဖြစ်သည်။ အဲ့တုံးက မိုင်လိုပုံးဟု [ READ MORE ]

Diminishing moments (For kids)

  • March 28th, 2008
  • Posted in General

(ပြက္ခဒိန်၏ လ၁လ၊ ’97 , ’98 လား မမှတ်မိတော့သောကာလ) ကျွန်တော်တို့ လမ်းပေါ်မှာ ဘောလုံးကန်နေ၏။ လမ်းအသစ်ကြီးခင်းပြီးသွားသဖြင့် အားရပါးရ ကန်နေခဲ့ကြချိန်ဖြစ်သည်။ …. ပီပီ .. ဘူဘူ .. ” xxx လမ်းအတွင်းနေထိုင်ကြသူများ အားလုံးခင်ဗျား.. ဒီလမ်းသစ်ကြီးတွင် ကလေးသူငယ်များ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် အရှိန်တားခုံးများ Install လာလုပ်ပါမည်တဲ့။ ” .. ဒင်းတို့ကမှ တကယ့်အန္တရာယ်ဟု အားလုံးတပြိုင်တည်း ရေရွတ်ခဲ့ကြပါသည်။ ရူပဗေဒ အခြေခံကို အပြည့်အ၀အသုံးချကာ ခုံးတွေ့တိုင်း ကျော်ကျော်ပြီးကန်ဖြစ်ခဲ့ကြသည်။ လာမတားနှင့် မရလေဘူး..။ (မကြာခင်ကာလ ၁ခု) ဂျင်ပေါက်ကြသည်။ အ၀ိုင်းဂျင်ကော အပြင်ဂျင်ကော စို့ ဆိုလား စုပ်ဆိုလား မသိဘူး။ တစ်ကောင်က တိုင်ပေးလိုက်သည်။ ခွပ်ခွပ်ခွပ် နှင့် သူများဂျင်လေး [ READ MORE ]

Positioning Afresh

  • March 26th, 2008
  • Posted in General

တစ်ရက်မှ သုံးနာရီလောက်ပဲ အိပ်ရလို့ စာမရေးနိုင်ခဲ့တာ ကြာခဲ့ပါပြီ။ တနေ့တနေ့ အက်ဆေးတွေထိုင်ရေးလိုက်၊ အလုပ်သွားလိုက်၊ တခြားပရောဂျက်တွေ မပြတ်သေးလို့ လက်စသတ်လိုက်နှင့် ချာလပတ်ရမ်းသွားလို့ဗျာ။ တနေ့က လာမေးတဲ့ မေးခွန်းတစ်ချို့နှင့် ပတ်သက်ပြီး ဖြေခဲ့တာလေးတွေ ပြန်ရှယ်ချင်လို့ပါ။ ကျွန်တော့်ကို ဘယ်အလုပ်မျိုးလုပ်ချင်သလဲတဲ့။ လောလောဆယ်တော့ ကျွန်တော် software engineer အနေနှင့် ကျောင်းမတက်ခင် ယာယီလုပ်နေတယ်ဗျ။ တနေ့တနေ့ .net, c#, sharepoint, workflows, ajax, webservices, server components, css layouts ဘာညာတွေ ပေါ့ဗျာ။ ဟုတ်ပါတယ်။ ကြားရတာနှင့် အိပ်ငိုက်ဖို့ ကောင်းလာတယ်ဟုတ်။ ခင်ဗျားတို့တော့ မသိဘူး ကျွန်တော်ကတော့ သုံးနှစ်ပြီးသွားတဲ့ကာလမှာ ကိုယ်လုပ်ချင်တာကို သေချာသိလာရလို့လားမသိဘူး၊ ပျင်းလာတယ်ဗျ။ တနေ့တနေ့ အလုပ်မှာ Stored Procs [ READ MORE ]

Dell & Ubuntu – Ms sues Hoo – I'm stuck!

  • February 23rd, 2008
  • Posted in Uncategorized

အလုပ်လုပ်နေတော့ စာရေးရတာ အင်မတန်ခက်ခဲသွားပါတယ်။ တနေ့တနေ့ ခေါင်းတစ်ကုတ်ကုတ်နှင့်ဆိုတော့ အိမ်ပြန်ရောက်ရင် ဆံပင်တွေလည်းကုန်၊ လူလည်းနုံနှင့် သတင်းလေးဖတ်ပြီးအိပ်ရတော့တာပဲ။ သတင်းဖတ်နိုင်သေးတာတောင် ဒါတော်တော်ဇွဲနှင့် လုပ်လိုက်ရတာလို့ခေါ်မယ်။ မဖတ်တော့လည်း မသိ၊ မသိတော့ သူများပြုသမျှ မခံရလေအောင် နည်းနည်းတော့ လုပ်ထားရတာပေါ့။ ကျွန်တော် မနေ့က တွေ့လိုက်တယ်။ ကနေဒါနှင့် အမေရိကားမှာ ဒဲလ်က အူဘန်းတူးတွေ နှင့်စတင်ရောင်းချတော့မယ်ဆိုပဲ။ ဘယ်လိုလာမလဲတော့ မသိဘူး။ ကျွန်တော်တော့ဖြင့် Ubuntu မသုံးတာ ကြာလှပြီ။ တနေ့တနေ့ အဲ့ဒီ မိုက်ခရိုဆော့ဖ်ရဲ့ အမျိုးမျိုးသော tools တွေ၊ T-SQL တွေ၊ C#တွေ၊ Silverlight, Atlas တွေနှင့် လုံးပါးပါးနေလိုက်တာ၊ အင်း ပိုက်ဆံလေးရတော့လည်း ခဏတော့ အောင့်အီးပြီး ရေးနေတယ်ဗျာ။ ၅လပါပဲ။ ပြီးရင်တော့ Portfolio ကောင်းကောင်းလေးရ၊ [ READ MORE ]