Posts Tagged ‘ reading ’

Skimming iPhone SDK

  • April 27th, 2008
  • Posted in Uncategorized

သတင်းအထွေအထူးမရှိသော ကာလဖြစ်၍ ကျွန်တော်တနေ့တနေ့ အိုင်ဖုန်း SDK ပဲ ထိုင်ဖတ်နေပါတယ်။ ပန်းသီးရဲ့ desktop အတန်းအစား operating system ၁ခုလုံးကို မိုဘိုင်းထဲထည့်ပေးလိုက်နိုင်တာ အင်ဂျင်နီယာတွေကို ချီူးကျူးပါတယ်။ လွယ်တယ်မပြောပါနှင့် Windows Mobile 6 ဘယ်လိုအခြေအနေရှိတယ်ဆိုတာ ကျွန်တော်တို့အားလုံးအသိပဲ မဟုတ်ပလား။ =D အဲ့ဒီ iPhone OS ကို ထုံးစံအတိုင်း အလွှာတွေ အများကြီးနှင့်တည်ဆောက်ထားပါတယ်။ များတယ်လို့ပြောပေမယ့် တကယ်တမ်း အဓိကပိုင်းခြားကြည့်လိုက်ရင် လေးခုပဲရှိပါတယ်။ အောက်ဆုံးက Core OS ကြီးပါ။ Thread, Kernal, IO, File System, BSD Sockets တွေကိုထိန်းတဲ့နေရာပေါ့ဗျာ။ သူ့အပေါ်မှာ Core Services တွေရှိပါတယ်။ SQLite, XML, DNS Hosts [ READ MORE ]

Reading Rebooted, Blogging Sleep

  • January 24th, 2007
  • Posted in Uncategorized

ပေါက်ကရတွေ ရေးပါဦးမယ်၊ သည်းခံတော်မူကြပါ။ ကျွန်တော်စာမရေးနိုင်ပါ။ မအားဘူးလို့ ပြောရင် လူသောက်ညင်ကတ်ပါ့မယ်။ သို့သော် တကယ် မအားပါ။ ပြီးခဲ့တဲ့ ၃ လလုံးလုံး ဘာမှန်းမသိတဲ့ ကိစ္စတွေ၊ ဘယ်ကလာမှန်းမသိတဲ့ ပြဿနာတွေနှင့် လုံးနေရပါ၏။ ရေးမယ်ရေးမယ်နှင့် စုထားတဲ့ စာတွေ ၊ အိုင်ဒီယာတွေ အကုန်ပျောက်၊ နောက်ဆုံး သိပ်ခက်ခက်ရေးစရာမလိုတဲ့ နည်းပညာဆိုင်ရာ အသစ်အဆန်းသတင်းလေးတွေပဲ ရေးဖြစ်နေတယ်။ သူငယ်ချင်းတွေက ပြောတယ်။ အရင်တုံးက ဝေဖြိုး ဘလော့ခ် ပဲပြန်ရေးပါတဲ့။ မင်း အိုင်တီ စကားလုံးတွေနှင့် လူတွေကို မဖိပါနှင့်တဲ့။ အဟင့် မတတ်နိုင်သေးဘူး အရပ်တို့ရေ။ စာလုပ်နေတဲ့အချိန်ဆိုတော့ စာနှင့် ပတ်သက်တာကို ပဲ လေ့လာတွေ့ ရှိထားတော့လည်းဗျာ။ ဒါပဲရေးမိနေတာပေါ့။ ပြန်ပြီးရေးပါဦးမယ် တခြားကိစ္စတွေ ကိုလည်း။ ။ ။ [ READ MORE ]